top of page

🧬 Apoprotein B (ApoB) = The "Prosecutor" of Your Arterial Disease

  • eternalhealthmd
  • 1 day ago
  • 2 min read

🧬 Apoprotein B (ApoB) = သွေးကြောဆိုင်ရာ ရောဂါများ၏ "တရားလို" (Prosecutor)


Gloved hand holding a rack of test tubes in a blurred laboratory, with clear and yellow samples
LAB TUBE TESTS

ကျန်းမာရေးနှင့် သက်ရှည်ကျန်းမာမှု (Longevity) ဆိုင်ရာ သုတေသနပြုချက်များအရ ApoB သည် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်ခြေနှင့် သေဆုံးနိုင်ခြေ အန္တရာယ်ကို သာမန် မကောင်းသည့် ကိုလက်စထရော (LDL Cholesterol) ထက် ပိုမို တိကျစွာ ခန့်မှန်းပေးနိုင်ကြောင်း လေ့လာမှု စစ်တမ်းတွေ့က ဆိုပါတယ်။


📊 ApoB ဆိုတာ ဘာလဲ?


  • ApoB ဆိုသည်မှာ ကျနော်တို့ ခန္ဓာကိုယ်ထဲတွင်ရှိသော အန္တရာယ်ရှိသည့် ကိုလက်စထရော အမှုန်အမွှားများ (LDL, VLDL, IDL နှင့် Lp(a)) ၏ ဗဟိုပရိုတင်း (Core protein) ကို ခေါ်တာဖြစ်ပါတယ်။


  • ApoB မော်လီကျူး (၁) ခု = ခန္ဓာကိုယ် အတွက် အန္တရာယ်ရှိသော အမှုန် (၁) ခု ဖြစ်ပါတယ်။


  • ထို့ကြောင့် သင့်၏ ApoB ပမာဏ (Count) ကို တိုင်းတာခြင်းဖြင့် သွေးကြောထဲတွင် လှည့်ပတ်နေသော အန္တရာယ်ရှိ အမှုန် အရေအတွက် မည်မျှရှိသည်ကို အတိအကျ သိရှိနိုင်ပါတယ်။


  • သာမန် LDL-C စစ်ဆေးမှုက ကိုလက်စထရော ပမာဏ (Amount) ကိုသာ တိုင်းတာနိုင်ပြီး ApoB ကမူ သွေးကြောများကို ပျက်စီးစေသည့် အမှုန် အရေအတွက် (Particle count) ကို တိုက်ရိုက် တိုင်းတာပေးခြင်း ဖြစ်ပါတယ်။

Gloved healthcare worker fastens a colorful ID bracelet on a child's wrist in a bright clinic.
Blood draw procedure

📉 ApoB နှင့် အသက်ရှည်ကျန်းမာမှု (Longevity)


💡 ဘာကြောင့် ApoB ဟာ LDL-C ထက် ပိုမို တိကျတာလဲ။


  • LDL-C စစ်ဆေးမှုသည် သာမန် စစ်ဆေးမှုများတွင် လွတ်သွားတတ်သည့် သွေးကြောနံရံများဆီသို့ လွယ်ကူစွာ တိုးဝင်နိုင်သော အမှုန်သေးသေးလေးများ (Small, dense particles) ကို မဖမ်းမိနိုင်ပါ။


  • ApoB ကမူ သွေးကြောကျဉ်းစေတတ်သည့် အန္တရာယ်ရှိ အမှုန်အမွှား (Atherogenic particles) အားလုံးကို ခြွင်းချက်မရှိ တိုင်းတာပေးနိုင်ပါတယ်။


  • ApoB ပမာဏ 1 mg/dL တိုးလာတိုင်း နှလုံးနှင့် သွေးကြောဆိုင်ရာ အန္တရာယ် ၁% နီးပါး မြင့်တက်လာတယ်လို့ သုသေသနတွေ့ က ဆိုပါတယ်။


🎯 ApoB ထားရှိရမည့် ပမာဏများ


ApoB ပမာဏ

အန္တရာယ်အဆင့် (Risk Category)

< 40 mg/dL

အလွန်နည်း (အသက်ရှည်ကျန်းမာမှုအတွက် အကောင်းဆုံး ပစ်မှတ်)

< 60 mg/dL

နည်း (လူကြီးအများစုအတွက် အသင့်တော်ဆုံး)

< 80–90 mg/dL

အလယ်အလတ် (သာမန် လူထု ပျမ်းမျှ)

> 100 mg/dL

မြင့် (အမြန်ဆုံး ထိန်းချုပ်ရန် လိုအပ်)

🔬 သိပ္ပံနည်းကျ အထောက်အထားများ


  • Mendelian Randomization လေ့လာမှုများအရ ဗီဇအရ ApoB သွေးထဲတွင် နည်းသူများသည် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ ၅၀% မှ ၈၀% အထိ လျော့နည်းကြောင်း တွေ့ရှိရပါတယ်။


  • Framingham Heart Study နှင့် UK Biobank ကဲ့သို့သော အဓိက လေ့လာမှုကြီးများတွင် ApoB သည် အသက်ရှည်ကျန်းမာမှုကို ခန့်မှန်းပေးနိုင်သည့် အားအကောင်းဆုံး ညွှန်းကိန်းများထဲမှ တစ်ခုဖြစ်ကြောင်း ခိုင်မာစွာ ဖော်ပြထားပါတယ်။


  • ✅ အသက် ၁၀၀ အထက် အသက်ရှည်ကျန်းမာစွာ နေထိုင်သူများ (Centenarians) တွင် ApoB ပမာဏ သဘာဝအတိုင်း နိမ့်ကျနေသည်ကို တွေ့ရှိရသည်။


🥗 ApoB ပမာဏကို မည်သို့ လျှော့ချမလဲ။


နည်းလမ်း / မဟာဗျူဟာ

ApoB အပေါ် သက်ရောက်မှု

💊 Statins ဆေးများ

ApoB ကို ၃၀% မှ ၅၀% အထိ လျှော့ချပေးနိုင်

💊 Ezetimibe ဆေး

အူလမ်းကြောင်းမှ ကိုလက်စထရော စုပ်ယူမှုကို တားဆီးပေး

💊 PCSK9 Inhibitors

ApoB ကို ၄၀% မှ ၆၀% အထိ လျှော့ချပေးနိုင်

🥑 စားသောက်ဆိုင်ရာ အလေ့အထ

ပြည့်ဝဆီ (Saturated fat) လျှော့ပါ၊ အမျှင်ဓာတ် (Fiber) တစ်နေ့ ၃၀ ဂရမ်နှင့်အထက် စားသုံးပါ

🏃 လေ့ကျင့်ခန်း

VO₂ Max ကို တိုးတက်စေပြီး ApoB ကို အသင့်အတင့် လျှော့ချပေးနိုင်

⚖️ ဝိတ်လျှော့ခြင်း

ခန္ဓာကိုယ်အလေးချိန် ၅% မှ ၁၀% လျှော့ချခြင်းဖြင့် ApoB ကို ၁၀% မှ ၂၀% အထိ ကျဆင်းစေနိုင်

⚔️ VO₂ Max + ApoB = အသက်ရှည်ကျန်းမာခြင်း ဆီသို့


  • 🔥 VO₂ Max → နှလုံးမှ အောက်ဆီဂျင်ကို မည်မျှ ထိရောက်စွာ ပို့ဆောင်ပေးနိုင်သည် (နှလုံးနှင့် သွေးကြော ကြံ့ခိုင်မှု) ကို တိုင်းတာခြင်းဖြစ်သည်။


  • 🛡️ ApoB → သွေးကြောများ မည်မျှ သန့်ရှင်းရှင်းလင်းရှင်း ရှိသည် (သွေးကြော ကျန်းမာရေး)ကို တိုင်းတာခြင်းဖြစ်သည်။

💪 VO₂ Max နှင့် ApoB နှစ်ခုစလုံးကို စနစ်တကျ မြှင့်တင်ထိန်းသိမ်းသူများသည် ဂရုမစိုက်သူများထက် အသက် ၁၅ နှစ်မှ နှစ် ၂၀ အထိ ပိုမိုရှည်လျားစွာ ကျန်းမာစွာ နေထိုင်နိုင်ကြောင်း လေ့လာမှု အချက်အလက်များက အခိုင်အမာ ဖော်ပြနေပါတယ်။
Two women jog side by side on a park path beside a fenced field, with green grass and trees in the background.
women running outdoors

🎯 Key Takeaway Message


  1. နှစ်စဉ် ApoB စစ်ဆေးပါ (LDL-C တစ်ခုတည်းတင် မဟုတ်ဘဲ ApoB ကိုပါ သီးသန့် တောင်းဆိုစစ်ဆေးပါ)။


  2. ✅ ဆေးဝါးနှင့် စနစ်တကျ ထိန်းသိမ်းမှုများမှတစ်ဆင့် ApoB ကို 60 mg/dL အောက် (ဖြစ်နိုင်ပါက 40 mg/dL အောက်) သို့ လျှော့ချပါ


  3. HIIT လေ့ကျင့်ခန်းနှင့် အစားအသောက် ထိန်းချုပ်မှု တို့ကို ပေါင်းစပ်၍ VO₂ Max နှင့် ApoB တို့ကို တစ်ပြိုင်နက်တည်း အကောင်းဆုံးအဆင့်ရောက်အောင် လေ့ကျင့်ထိန်းသိမ်းပါ။


ဆက်လက်ပြီးတော့ ဇီဝကမ္မပျက်ပြားခြင်း(Metabolic Dysfunction) ဆောင်းပါကြီးကို ဆက် လက် ဖတ်ရှုဖို့ အကြံပြုပါရစေ ခင်ဗျ.....


ကျနော် တို့ရဲ့ medical disclaimer ကို ဒီလင့် ကနေ ဝင် ရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျ.....

Comments


bottom of page