Ultra-Processed Food တွေကို ဘာကြောင့် စွဲလန်းသလို ဖြစ်လာတာလဲ? Child and dog eating pasta ဦးနှောက်၊ အစာချေစနစ်၊ Food Environment နဲ့ Eating Behaviour ကို ဆရာဝန်တစ်ဦးရဲ့ရှုထောင့်ကနေ ကြည့်ခြင်း “ဗိုက်မဆာဘူး… ဒါပေမယ့် Chips တော့ စားချင်တယ်” ဆေးခန်းမှာ လူနာတွေက တစ်ခါတလေ ဒီလိုပြောတတ်ကြပါတယ်— “ဆရာ/ဆရာမ၊ ဗိုက်မဆာပါဘူး။ ဒါပေမယ့် အချိုတစ်ခုခုတော့ အမြဲစားချင်နေတယ်။” “Chips ဖွင့်လိုက်ရင် တစ်ထုပ်လုံးကုန်သွားတတ်တယ်။” “ညဘက်ဆို Chocolate မစားရင် မနေနိုင်ဘူး။” ဒီအတွေ့အကြုံကို “willpower မရှိလ