"40 Daily Longevity Secrets from Bryan Johnson to Stay Healthy and Rejuvenated"
- myomyintag94
- 1 day ago
- 4 min read
အသက်ရှည်ကျန်းမာပြီး နုပျိုမှုကို ထိန်းသိမ်းဖို့ Bryan Johnson ပေးတဲ့ "နေ့စဉ်နေထိုင်မှု လျှို့ဝှက်ချက် ၄၀"
(English version is below )
အသက်အရွယ်ကို နောက်ပြန်လှည့်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာကျော် Biohacker ကြီး Bryan Johnson ကို သိကြမှာပါ။ သူဟာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အကောင်းဆုံး အခြေအနေ ရောက်အောင် ငွေကြေး သန်းနဲ့ချီ အကုန်အကျခံပြီး သုတေသနပြု နေထိုင်နေသူ ဖြစ်ပါတယ်။
သူ့ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံ (Blueprint) ထဲကမှ ကျွန်တော်တို့ အားလုံး လိုက်နာနိုင်မယ့် အခြေခံ အကျဆုံးနဲ့ အစွမ်းထက်ဆုံး အချက် ၄၀ ကို လူတိုင်း ဖတ်ရလွယ်အောင် ကဏ္ဍအလိုက် ခွဲခြားပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ညဘက် စွမ်းအင် ပြန်ဖြည့်ခြင်း (အိပ်စက်ခြင်း အလေ့အထများ)
"အိပ်စက်ခြင်းဟာ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး ဆေးဝါးဖြစ်ပါတယ်။"
အိပ်ချိန် ပြည့်ဝပါစေ: အိပ်ချိန် အနည်းဆုံး ၈ နာရီကြာ ရှိပါစေ။
ပုံမှန် အချိန်ဇယား: ညစဉ် သန်းခေါင်မတိုင်ခင် တစ်ချိန်တည်းမှာ အိပ်ရာဝင်ပါ။ ခန္ဓာကိုယ်ဟာ နာရီတစ်လုံးလို ဖြစ်လို့ ပုံမှန်အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်။
ပတ်ဝန်းကျင် ဖန်တီးပါ: အေးမြတဲ့ အခန်းထဲမှာ အိပ်စက်ပါ။
Digital Detox: ညအိပ်တဲ့ အချိန်တွင် ဖုန်း Notifications အားလုံးကို ပိတ်ထားပါ။
စိတ်ငြိမ်အောင် လုပ်ပါ: အိပ်ပျော်ဖို့ ခက်ခဲရင် အိပ်ခါနီး စာအုပ်ဖတ်ပါ။ အိပ်ခါနီး ၁ နာရီအလိုမှာ ရေချိုးခြင်း၊ လမ်းလျှောက်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့ စိတ်အေးလက်အေး ရှိစေမည့် အလေ့အထများ ပြုလုပ်ပါ။
စားသောက်မှုပုံစံနဲ့ အစာခြေစနစ် (Nutrition & Diet)
ညစာ စည်းကမ်း: အိပ်ခါနီးတွင် အစာမစားပါနဲ့။ ညစာအတွက် ပေါ့ပေါ့ပါးပါး အစာများကိုသာ စားပါ။
သဘာဝကို အားကိုးပါ: သဘာဝအတိုင်း အစားအစာများ၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့အဆန်၊ ပဲမျိုးစုံနဲ့ ဘယ်ရီသီးများကို စားပါ။
ဒါတွေကို ဝေးဝေးရှောင်:
သကြားထပ်ထည့်ထားသော အစားအစာများ (အရာရာတိုင်းမှာ သကြားပါနေတတ်တာ သတိပြုပါ)။
ဆီကြော်စာများနှင့် စတိုးဆိုင်တွေက (Processed Food) ပစ္စည်းအားလုံး။
စားပြီး အလေ့အထ: ထမင်းစားပြီး လမ်းအနည်းငယ်လျှောက်ပါ သို့မဟုတ် ထိုင်ထလုပ်ပါ။
ရေဓာတ် ဖြည့်တင်းပါ: ရေများများသောက်ဖို့ ကြိုးစားပါ။
Morning Coffee: ကော်ဖီကို မွန်းတည့်မတိုင်ခင်ပဲ သောက်ပါ။
ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် ကြံ့ခိုင်မှု (Exercise & Posture)
Cardio & Strength: နှလုံးခုန်နှုန်း မြန်စေမည့် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ၊ ကြွက်သားထုအတွက် ဝိတ်မပါ။
ညှာတာမှု ရှိပါ: နေ့စဉ် အကြောဆန့်ပါ။ အကြာကြီး ထိုင်နေခြင်းကို ရှောင်ပါ။
နေထိုင်မှု ပုံစံ: အမြဲတမ်း မတ်မတ်ရပ်ပါ။
ပတ်ဝန်းကျင်နှင့် အာရုံခံ အင်္ဂါများ ကာကွယ်ခြင်း (Protection & Hygiene)
စကရင် ကာကွယ်ရေး: အိပ်ခါနီး ၁ နာရီအလို ဖုန်း/ကွန်ပျူတာ စကရင်များ မကြည့်ပါနဲ့။ နေဝင်ပြီးနောက် လင်းထိန်သော မီးရောင်များကို ရှောင်ပါ။
နေရောင်ခြည်နှင့် အရေပြား: နိုးနိုးချင်း နေရောင်ခြည် ခံယူပါ (ခရမ်းလွန်ရောင်ခြည် နည်းချိန်)။ မွန်းတည့်ချိန် နေပူထဲတွင် အရေပြားကို ကာကွယ်ပါ (နေရောင်ခြည် ခရင် လိမ်းခြင်း၊ ထီးဆောင်းခြင်း)။
သန့်ရှင်းရေး အလေ့အထ:
အိမ်တံခါးဝမှာ ဖိနပ်ချွတ်ပါ။
မနက်နဲ့ ညတိုင်း သွားကြားသန့်စင်ခြင်း၊ သွားကြားထိုးခြင်း၊ သွားတိုက်ခြင်းနဲ့ လျှာခြစ်ခြင်းများ ပြုလုပ်ပါ။ သွားဆရာဝန်ဆီ ပုံမှန်သွားပါ။
အကြားအာရုံ ကာကွယ်ပါ: သင့်နားကို ကာကွယ်ပါ၊ လောကကြီးက အရမ်းဆူညံလွန်းပါတယ်။
အဆိပ်အတောက် ရှောင်ရှားခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး (Detox & Safety)
လုံးဝ မလုပ်ရမယ့် အချက်များ: ဘာဆေးလိပ်မှ မသောက်ပါနဲ့။ အရက်ဟာ သင့်အတွက် မကောင်းပါဘူး (ရှောင်ပါ)။
Microplastics ရှောင်ရန်: တတ်နိုင်သမျှ ပလတ်စတစ်ကို ရှောင်ပါ။
လမ်းအန္တရာယ်: ကားမောင်းရင်း ဖုန်းသုံးခြင်းဟာ အန္တရာယ်ရှိပါတယ်။
စိတ်ကျန်းမာရေးနှင့် လူမှုဘဝ (Mental & Social Well-being)
နှေးကွေးခြင်း အနုပညာ: စိတ်ဖိစီးတဲ့အခါ အသက်ရှူပါ၊ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် သင်ယူပါ။
Social Media Limit: လူမှုကွန်ရက် သုံးစွဲမှုကို ကန့်သတ်ပါ။
လူမှုပတ်ဝန်းကျင်: တစ်ပတ်ကို အနည်းဆုံး သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံ စကားပြောပါ။
Stress Less: တတ်နိုင်သမျှ ခရီးဝေး (Stress များစေမည့် ခရီးမျိုး) သွားခြင်းကို ရှောင်ပါ။
ဘယ်လို စတင်မလဲ?
ဒီအချက် ၄၀ လုံးကို တစ်ရက်တည်းနဲ့ တစ်ပြိုင်နက် ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ Bryan Johnson ကိုယ်တိုင်ကလည်း အခုလို အကြံပြုထားပါတယ်။
"အစပိုင်းမှာ ဖြည်းဖြည်းချင်း စတင်ပါ၊ အသစ်အဆန်းတွေကို တဖြည်းဖြည်းချင်း ပေါင်းစပ်လုပ်ဆောင်ပါ။"
မနက်နဲ့ ညနေအတွက် နေ့စဉ် အချိန်ဇယား သတ်သတ်မှတ်မှတ် ထားရှိပြီး တစ်ပတ်ကို တစ်ချက်ချင်းစီ တိုးမြှင့် လိုက်နာသွားရင်း ပိုမိုနုပျို ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
"သင်ကော ဒီအချက်တွေထဲက ဘယ်နှချက်လောက်ကို အခုလက်ရှိ လိုက်နာနေမိလဲ? ကွန်မန့်မှာ ပြောခဲ့ပေးပါဦး"
40 Daily Longevity Secrets from Bryan Johnson to Stay Healthy and Rejuvenated
You’re probably familiar with Bryan Johnson, the world-renowned biohacker who is literally trying to reverse his biological age. He spends millions of dollars on cutting-edge research to optimize his body and mind to peak performance.
From his famous "Blueprint" routine, we have summarized 40 of his most fundamental and powerful daily rules into easy-to-digest categories. Here is how you can upgrade your lifestyle today.
Recharging at Night (Sleep Habits)
"Sleep is the most powerful medication on Earth."
Get Adequate Sleep: Ensure you get at least 8 hours of sleep per night.
Keep a Strict Schedule: Go to bed at the same time every night before midnight. The body is like a clock; it thrives on a predictable routine.
Optimize Your Environment: Sleep in a cool room. Ensure proper ventilation and airflow.
Digital Detox: Turn off all phone notifications during sleep hours.
Wind Down Your Mind: If you find it difficult to fall asleep, read a physical book. Establish a relaxing routine 1 hour before bed (e.g., taking a bath, walking, or listening to calming music).
Diet & Digestive Health (Nutrition)
Dinner Rules: Do not eat right before bedtime. Keep your dinners light and easy to digest.
Rely on Whole Foods: Eat natural, whole foods—especially vegetables, fruits, seeds, nuts, legumes, and berries.
Avoid These Completely:
Added sugars (Be vigilant—sugar is hidden in almost everything!).
Deep-fried foods and highly processed store-bought items.
Post-Meal Habits: Take a short walk or do a few squats after eating.
Stay Hydrated: Make a conscious effort to drink plenty of water.
Morning Coffee: Drink your coffee only before noon.
Movement & Physical Fitness (Exercise & Posture)
Cardio & Strength: Engage in regular exercise that raises your heart rate, and lift weights to maintain muscle mass.
Be Kind to Your Body: Stretch daily. Avoid sitting for prolonged periods.
Mindful Posture: Always stand up straight and tall.
Environmental & Sensory Protection (Hygiene & Care)
Screen Protection: Avoid looking at phone or computer screens 1 hour before bed. Avoid bright lights after sunset.
Sun Exposure & Skin: Get sunlight immediately upon waking (when UV rays are low). Protect your skin during midday sun by applying sunscreen or using an umbrella.
Hygiene Habits:
Take off your shoes at the entrance of your home.
Floss, brush your teeth, and scrape your tongue every morning and night. Visit your dentist regularly.
Protect Your Hearing: Protect your ears; the world is a very noisy place.
Detox & Safety (Avoiding Toxins)
Non-Negotiables: Do not smoke anything at all. Avoid alcohol entirely—it is simply not good for you.
Microplastics Prevention: Avoid plastic as much as possible.
Road Safety: Using your phone while driving is extremely dangerous.
Mental & Social Well-being
The Art of Slowing Down: When stressed, focus on your breathing and learn to calm your body down.
Limit Social Media: Restrict your daily social media consumption.
Social Connections: Meet up with at least one friend per week.
Stress Less: Avoid traveling long distances (especially trips that cause high stress) as much as possible.
How to Get Started?
Don't try to change all 40 habits overnight. Bryan Johnson himself offers this golden rule:
"Start slowly at the beginning. Integrate new habits into your routine gradually."
Set up a consistent morning and evening schedule, introduce one or two changes a week, and watch your body transition into a healthier, more vibrant version of yourself.
"How many of these 40 habits are you already practicing? Let me know in the comments below!"



Comments