Benefits of Choline & Betaine over brain function
- myomyintag94
- 3 days ago
- 4 min read
အသက်ကြီးလာရင် ဦးနှောက်စွမ်းရည် မကျစေဖို့ ကြက်ဥနဲ့ ဟင်းနုနွယ်က ကူညီပေးနိုင်သလား။ (The Power of Choline & Betaine)
(English version is below)
ကျွန်ုပ်တို့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်ကြံ့ခိုင်မှုတင်မကဘဲ ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း (Cognitive Function) ကိုပါ ကျန်းမာနေအောင် ထိန်းသိမ်းဖို့က အလွန်အရေးကြီးပါတယ် ။ အထူးသဖြင့် ကိုယ်အလေးချိန်လွန်ကဲခြင်း သို့မဟုတ် ဆီးချို၊ သွေးတိုး သည့် လက္ခဏာစုများ (Metabolic Syndrome) ရှိနေသူတွေမှာ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့တဲ့မှု ပိုဖြစ်နိုင်ခြေ ရှိနေပါတယ် ။
ဒါဆိုရင် အစားအသောက်ကတစ်ဆင့် ဦးနှောက်ရဲ့ trajectories တွေကို အကောင်းဘက် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်ဘူးလား?
မကြာသေးမီက The American Journal of Clinical Nutrition (2026) ဂျာနယ်တွင် ဖော်ပြခဲ့သည့် စိတ်ဝင်စားဖွယ် သုတေသနအသစ်တစ်ခုအရ ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါတဲ့ အာဟာရဓာတ် (၂) မျိုးဖြစ်တဲ့ ခိုလင်း (Choline) နဲ့ ဘီတိန်း (Betaine) ဟာ အသက်ကြီးသူတွေရဲ့ ဦးနှောက်စွမ်းရည် ကျဆင်းမှုကို အချိန်တိုအတွင်း(Modest short-term) မှာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိလာရပါတယ် ။
ဤသုတေသနရဲ့ အဓိကတွေ့ရှိချက်တွေနဲ့ သင့်ရဲ့နေ့စဉ် စားသောက်မှုပုံစံကို ဘယ်လိုမြှင့်တင်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

သုတေသနကို ဘယ်လိုပြုလုပ်ခဲ့တာလဲ?
ဤလေ့လာမှုသည် စပိန်နိုင်ငံရှိ အဝလွန်ခြင်း သို့မဟုတ် Metabolic Syndrome ရှိပြီး အသက် ၅၅ နှစ်မှ ၇၅ နှစ်အတွင်းရှိ အသက်ကြီးသူပေါင်း ၆,၆၁၀ ဦး ကို (၂) နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့သည့် Prospective Cohort သုတေသနကြီးတစ်ခု ဖြစ်ပါတယ် ။
၎င်းတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို အသေးစိတ်မေးမြန်းပြီး၊ တစ်ပြိုင်နက်တည်းမှာပဲ ကမ္ဘာ့စံနှုန်းမီ အာရုံကြောစိတ်ပညာဆိုင်ရာ စစ်ဆေးမှု (၈) မျိုးကို အသုံးပြုကာ ၎င်းတို့ရဲ့ ဦးနှောက်စွမ်းရည် (မှတ်ဉာဏ်၊ အာရုံစိုက်မှု၊ ဘာသာစကား စွမ်းရည်) တွေကို baseline နဲ့ ၂ နှစ်ပြည့်မှာ နှိုင်းယှဉ်ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
အဓိက အံ့ဩဖွယ် တွေ့ရှိချက်များ
၁။ ခိုလင်း (Choline) ပုံမှန်စားသုံးသူ- "အာရုံစိုက်မှု(Attention)နဲ့ ဘာသာစကား(Language )" စွမ်းရည် မြင့်တက်လာခြင်း
အာရုံစိုက်မှု (Attention) မကျအောင် ထိန်းပေးခြင်း: ခိုလင်း (Choline) ကို ပိုမိုစားသုံးတဲ့ အသက်ကြီးသူတွေဟာ ၂ နှစ်တာ ကာလအတွင်းမှာ အာရုံစိုက်နိုင်စွမ်း (Attention) ကျဆင်းမှု မရှိတာကို သိသိသာသာတွေ့ရပါတယ် ။
ဘာသာစကား (Language) စွမ်းရည် မြင့်မားလာခြင်း: ခိုလင်း အများဆုံး စားသုံးသည့် အုပ်စု (Highest tertile) သည် ခိုလင်း အနည်းဆုံး စားသုံးသည့် အုပ်စုနှင့် နှိုင်းယှဉ်ပါက ၂ နှစ်အတွင်း ဘာသာစကား အသုံးအနှုန်းဆိုင်ရာ စွမ်းရည်တွေမှာ ပိုမိုတိုးတက် ကောင်းမွန်လာကြောင်း ပြသခဲ့ပါတယ် ။
၂။ ဘီတိန်း (Betaine) ပုံမှန်စားသုံးသူ- "စီမံခန့်ခွဲမှုနဲ့ စကားပြောစွမ်းရည်"
စီမံခန့်ခွဲမှုစွမ်းရည် (Executive Function): ဘီတိန်း ပုံမှန်စားသုံးသူတွေ့ဟာ ဦးနှောက်ရဲ့ စီမံခန့်ခွဲမှု၊ ပြဿနာဖြေရှင်းမှုစွမ်းရည် (Executive function) တွေ့အပေါ် မှာ ကောင်းမွန်လာတာကို တွေ့ ရှိရပါတယ် ။
ဘာသာစကား(Langauge)နှင့် မှတ်ဉာဏ်စွမ်းရည်(Memory Skills): ဘီတိန်း အများဆုံးစားသုံးသူတွေဟာ ၂ နှစ်အတွင်း ဘာသာစကား (Language) စွမ်းရည်မှာ ပိုမိုထင်ရှားတဲ့ တိုးတက်မှုတွေကို ရရှိခဲ့ကြပါတယ် ။
ဒီအာဟာရဓာတ်တွေကို ဘယ်ကနေ ရနိုင်မလဲ?
သုတေသနအရ ဦးနှောက်စွမ်းရည်ကို ကာကွယ်ပေးတဲ့ ဤအာဟာရဓာတ်တွေကို သဘာဝအစားအစာတွေကနေ အလွယ်တကူ ရရှိနိုင်ပါတယ်-
ခိုလင်း (Choline) ကြွယ်ဝသော အစားအစာများ: ကြက်ဥ/ဘဲဥ (အထူးသဖြင့် အနှစ်)၊ ကြက်သား၊ ငါး၊ အမဲသားနှင့် နို့ထွက်ပစ္စည်းများ ။
ဘီတိန်း (Betaine) ကြွယ်ဝသော အစားအစာများ: အခွံမချွတ်ရသေးသော အစေ့အဆံများ(Whole grains)၊ ဟင်းနုနွယ် (Spinach)၊ မုန်လာဥအနီ (Beets) နှင့် ကမာ/ခရု ကဲ့သို့သော ပင်လယ်စာများ။
မှတ်သားဖွယ်ရာ
အသက်ကြီးလာလို့ ဦးနှောက်စွမ်းရည်တွေ လျော့ကျမလာစေဖို့အတွက် ဆေးဝါးတွေ သုံးစွဲစရာမလိုဘဲ မိမိရဲ့ နေ့စဉ် စားသောက်မှုပုံစံ (Diet) ကို ပြောင်းလဲပေးရုံနဲ့တင် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲမှု(Modest Short-term Improvement )တွေကို ရရှိနိုင်တယ်ဆိုတာ ဤသုတေသနက သက်သေပြနေပါတယ် ။
အကြံပြုချက်- သင့်ရဲ့ မနက်စာမှာ ကြက်ဥတစ်လုံး ထည့်စားတာဖြစ်စေ၊ နေ့လယ်စာ ဒါမှမဟုတ် ညစာ ဟင်းပွဲတွေမှာ ဟင်းနုနွယ်နဲ့ အခွံမချွတ်ရသေးသော အစေ့အဆံများ(Whole grains) တွေကို ပိုမိုထည့်သွင်း စားသုံးတာဖြစ်စေ ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ ဦးနှောက်ကို အသက်ကြီးတဲ့အထိ နုပျိုလန်းဆန်းနေအောင် အာဟာရကျွေးမွေးလိုက်ပါ ။ မိမိက ဝိတ်ချနေသူတစ်ဦး၊ muscles တက်အောင် Gym ကစားနေသူတဦး ၊တနေ့တာလိုအပ်ချက်ရဲ့ Calories ကို ချင့်ချင်စားသုံးနေသူ တဦးဖြစ်ရင်တောင်မှ တနေကို ကြက်ဥ အနှစ်လေးတလုံးလောက်ထည့်စားလိုက်တာက သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို သိသိသာသာ မြင့်တက်လာပြီး လုပ်ငန်းခွင့်မှာ Concentration ကောင်းမွန်စွာနဲ့ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
သင်ကော သင့်ရဲ့ ဦးနှောက်ကျန်းမာရေးအတွက် ဘယ်လိုအစားအစာတွေကို ပုံမှန်စားသုံးလေ့ ရှိပါသလဲ? ကြက်ဥနဲ့ ဟင်းနုနွယ်ကိုရော ပုံမှန်စားသုံးဖြစ်ရဲ့လား? အောက်က ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦး!
Can Eggs and Spinach Keep Your Brain Sharp as You Age? (The Power of Choline & Betaine)
As we get older, maintaining not just our physical fitness but also our memory and thinking abilities (Cognitive Function) becomes incredibly important. This is especially true for individuals who are overweight or managing Metabolic Syndrome (a cluster of conditions like high blood pressure and high blood sugar), as they face a higher risk of cognitive decline later in life.
But is it possible to shift our brain's aging trajectory in a positive direction simply through what we eat?
According to a fascinating new study published in The American Journal of Clinical Nutrition (2026), two specific dietary nutrients—Choline and Betaine—have been found to offer modest, short-term protection against cognitive decline in older adults.
Let’s dive into the core findings of this research and look at how you can easily upgrade your daily diet.
How Was the Study Conducted?
This research was a large-scale, prospective cohort analysis tracking 6,610 older adults in Spain, aged 55 to 75, who were overweight or managing Metabolic Syndrome.
The participants were followed over a 2-year period. Researchers meticulously recorded their daily dietary intake and simultaneously used 8 world-standardized neuropsychological tests to evaluate their cognitive abilities (including memory, attention, and language skills) at both baseline and the 2-year mark.
Key Discoveries
1. High Choline Intake: Preserving Attention and Language Skills
Slowing Attention Decline: Older adults with a higher intake of Choline experienced a significantly slower rate of decline in their attention spans over the 2-year period.
Boosting Language Proficiency: Those in the highest tier of Choline intake (the highest tertile) demonstrated superior preservation and improvement in verbal skills and language proficiency compared to those consuming the least Choline.
2. High Betaine Intake: Protecting Executive Function and Speech
Preserving Executive Function: Consuming higher amounts of Betaine showed a clear protective effect on executive functions—the brain's high-level capacity for planning, goal-directed behavior, and problem-solving.
Enhancing Language and Expression: Individuals with the highest Betaine intake achieved more pronounced, positive trajectories in their language and verbal memory scores over the two years.
Where Can You Find These Nutrients?
The study underscores that these brain-protecting nutrients can be easily sourced from whole, natural foods:
Choline-Rich Foods: Eggs (specifically the yolk), chicken, fish, beef, and dairy products.
Betaine-Rich Foods: Whole grains, spinach, beets, and shellfish (like oysters and clams).
The Takeaway
This study serves as powerful evidence that we don't necessarily need pharmaceuticals to protect our aging brains; modifying our daily diet can yield modest, short-term cognitive improvements.
A Simple Dynamic Tip: Consider adding an egg to your breakfast routine, or incorporating more spinach and whole grains into your lunches and dinners. By making these small adjustments, you are actively feeding your brain the exact nutrients it needs to stay sharp, vibrant, and resilient for years to come!
What about you? What kind of foods do you regularly eat to support your brain health? Are eggs and spinach already a staple in your kitchen? Let us know in the comments below!
References:
Vázquez-Lorente, H., et al. (2026). Dietary Choline and Betaine Intake and 2-year Changes in Cognitive Function in Older Adults With Overweight or Obesity and Metabolic Syndrome. The American Journal of Clinical Nutrition, 123.
Comments