ဒိုပါမင်း ထောင်ချောက်
- eternalhealthmd
- Jul 1
- 5 min read
ဒိုပါမင်း (Dopamine) ၏ ထောင်ချောက် - အမှားများနောက်ကွယ်က "လောဘမော်လီကျူး" နှင့် ဘဝမျှခြေညှိနည်း
(English version is below)
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အမှားတစ်ခုကို ခဏခဏ ကျော့ပြီး လုပ်မိနေတတ်ကြပါတယ်။ "ဒီတစ်ခါတော့ ဖုန်းအကြာကြီး မပွတ်တော့ဘူး" လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီး မိနစ်ပိုင်းအတွင်းမှာပဲ TikTok သို့မဟုတ် Facebook ရဲ့ အဆုံးမရှိတဲ့ ဗီဒီယိုတွေထဲ ပြန်နစ်မြောသွားပြီး မနက် ၃နာရီထိုးသွားတာမျိုး၊ "နောက်တစ်ခါဆို လောင်းကစား/ဂိမ်း မဆော့တော့ဘူး" လို့ ကျိန်ဆိုပြီးမှ လက်က ပြန်နှိပ်မိနေတာမျိုးတွေပေါ့။
ဘာဖြစ်လို့ လူတွေဟာ ကိုယ်တိုင်လည်း နောင်တရရက်နဲ့ အမှားတွေကို သံသရာလည်ပြီး ကျော့နေကြတာလဲ။
Daniel Z. Lieberman ရဲ့ The Molecule of More စာအုပ်ထဲမှာ ဒီမေးခွန်းအတွက် အလွန်ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးထားပါတယ်။ အဲဒါကတော့ "ဒိုပါမင်း (Dopamine) ဆိုတာ အကျိုးအကြောင်း အမှားအမှန်ကို ခွဲခြားပေးတဲ့ အသိစိတ် (Conscience) အဖြစ် ဦးနှောက်ထဲမှာ တည်ဆောက်ထားတာ မဟုတ်လို့ပါ" ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒိုပါမင်းက "အနာဂတ်မှာ ပိုရဖို့" ကိုပဲ ကြည့်ပြီး ဇွတ်တိုးခိုင်းတဲ့ဓာတ် ဖြစ်ပါတယ်။

၁။ ဒိုပါမင်းနှင့် လိင်မှုကိစ္စအမှားများ (The Dopaminergic Trap in Sex & Romance)
စာအုပ်ထဲမှာ ဒိုပါမင်းကြောင့် လူတွေ အကျဆုံးဖြစ်ရတဲ့ အမှားတွေထဲက တစ်ခုကို ထောက်ပြထားပါတယ်။ အဲဒါကတော့ Sex နှင့် အချစ်ရေးရာ ပြဿနာများ ပဲ ဖြစ်ပါတယ်။
အများစုက Sex ကိစ္စမှာ ပျော်ရွှင်ရတာဟာ ဒိုပါမင်းကြောင့်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒိုပါမင်းဟာ "ဆန္ဒရှိနေချိန် (Wanting)"၊ "လိုက်လံရှာဖွေနေချိန် (Hunting)" နှင့် "အသစ်အဆန်း (Novelty) ကို မက်မောနေချိန်" မှာသာ အမြင့်ဆုံး ထွက်တာဖြစ်ပါတယ်။
ဒီသဘာဝကြောင့်ပဲ လူတွေဟာ အောက်ပါအမှားတွေကို ကျော့ပြီး လုပ်မိကြတာ ဖြစ်ပါတယ်-
အိမ်ထောင်ရေး ဖောက်ပြန်မှု (Infidelity): ဘေးနားမှာ ကိုယ့်ကို တကယ်ချစ်တဲ့ အိမ်ထောင်ဖက် ရှိနေရက်နဲ့ "အသစ်အဆန်း" ရဲ့ ဆွဲဆောင်မှု (Dopamine Spike) နောက်ကို မဆင်ခြင်နိုင်ဘဲ လိုက်သွားမိတတ်ကြပါတယ်။ ဒိုပါမင်းက လက်ရှိရနေတဲ့ အချစ်ထက် "မရသေးတဲ့ အသစ်" ကို ပိုမက်မောအောင် ဦးနှောက်ကို မျက်စိကွယ်စေလို့ ဖြစ်ပါတယ်။
Pornography Addiction (အပြာကားစွဲလမ်းခြင်း): အပြာဗီဒီယိုတွေဟာ ဒိုပါမင်းကို အတိုင်းအဆမရှိ ထွက်စေပါတယ်။ Click တစ်ချက်နှိပ်လိုက်တိုင်း "နောက်ထပ် တစ်ကား၊ နောက်ထပ် အမျိုးအစားအသစ်" ဆိုပြီး ဦးနှောက်ကို Dopamine high ဖြစ်အောင် အတင်းတွန်းပို့ပါတယ်။ အကျိုးဆက်အနေနဲ့ လက်တွေ့ဘဝက ရိုးရှင်းတဲ့ လိင်မှုဆက်ဆံရေးတွေအပေါ် စိတ်မဝင်စားတော့ဘဲ အမှားသံသရာထဲ ပိတ်မိသွားတတ်ပါတယ်။
ဒိုပါမင်းမှာ ကိုယ်ကျင့်တရားမရှိပါဘူး။ သူက "နောက်ထပ်... အသစ်... ပိုဆန်းတာ" ကိုပဲ အမြဲတောင်းဆိုနေတဲ့အတွက် သူ့နောက်ချည်းပဲ လိုက်ရင် ဘဝနဲ့ အိမ်ထောင်ရေးတွေ ပျက်စီးတဲ့အထိ အမှားကြီးတွေ ကြုံရတတ်ပါတယ်။
၂။ Here-and-Now (H&N) Neurotransmitters - စစ်မှန်သော ပျော်ရွှင်မှု မျှခြေ
ဒါဆို ကျွန်တော်တို့ နေ့တိုင်း ဒိုပါမင်းနောက်ပဲ ကောက်ကောက်ပါအောင် လိုက်နေရတော့မှာလား? မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်ထဲမှာ ဒိုပါမင်းရဲ့ လောဘလှိုင်းတွေကို တားဆီးပေးမယ့် Here-and-Now (H&N) Neurotransmitters လို့ခေါ်တဲ့ "ပစ္စုပ္ပန် အေးချမ်းမှုဓာတ်များ" အစုအဖွဲ့ ရှိပါတယ်။ ၎င်းတို့ကတော့-
Serotonin (ကျေနပ်မှုဓာတ်): ကိုယ့်မှာ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပြီး စိတ်အေးချမ်းမှုကို ပေးပါတယ်။
Oxytocin (သံယောဇဉ်ဓာတ်): ရေရှည်လက်တွဲဖော်၊ မိသားစုတွေနဲ့ နက်ရှိုင်းစွာ ဆက်နွှယ်မှုကို ပေးပါတယ်။ Sex မှာလည်း ဒိုပါမင်းက "ခဏတာ စိတ်လှုပ်ရှားမှု" ကို ပေးရင် Oxytocin က "ရေရှည် နွေးထွေးမှုနဲ့ သစ္စာတရား" ကို ပေးတာ ဖြစ်ပါတယ်။
Endorphins (နာကျင်မှုပျောက်ဓာတ်): ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကို သက်သာစေပြီး ငြိမ်းချမ်းမှုကို ပေးပါတယ်။
ဒိုပါမင်း (Dopamine) က အဝေးကအရာ၊ မရသေးတဲ့အရာ (Upward & Beyond) ကို ကြည့်ပြီး လောဘတက်စေတဲ့အခါ၊ H&N ဓာတ်များ ကတော့ ကိုယ့်လက်ထဲမှာ ရှိပြီးသားအရာ (Downhere & Now) ကို တန်ဖိုးထား မြတ်နိုးတတ်စေပါတယ်။ ဒီနှစ်ခု မျှခြေ (Balance) ပျက်ပြီး ဒိုပါမင်းချည်းပဲ သောင်းကျန်းနေရင် လူဟာ ဘယ်လောက်ရရ မတင်းတိမ်နိုင်တဲ့ Burnout ဘဝကို ရောက်သွားရပါတယ်။
၃။ ဒိုပါမင်းကို ဖြတ်ပြီး ဘယ်လို နေထိုင်မလဲ (The Way Out)
ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပြုချင်တာကတော့ ကျွန်တော်တို့ဟာ Dopamine-driven world (ဒိုပါမင်းက ကြိုးဆွဲတဲ့ ကမ္ဘာ) ထဲမှာ ရှင်သန်နေရတဲ့အတွက် H&N ဓာတ်တွေ ထွက်လာအောင် တမင်သက်သက် "ဦးနှောက်ကို မျှခြေပြန်ညှိပေးဖို့ (Reset လုပ်ဖို့)" လိုအပ်ပါတယ်။
၁။ "Wanting" နဲ့ "Liking" ကို ခွဲခြားပါ အရာတစ်ခုခု (ဥပမာ- ပစ္စည်းအသစ်ဝယ်တာ၊ အစားအသောက် စားတာ၊ Sex ကိစ္စ) ကို လုပ်ချင်စိတ် ပြင်းပြလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ "ငါ ဒါကို တကယ်ကြိုက်လို့လား (Liking)၊ ဒါမှမဟုတ် ဒိုပါမင်းက ဇွတ်လိုချင်အောင် တွန်းပို့နေတာလား (Wanting)?" ဆိုတာကို သတိကပ်ပါ။ sex ကိစ္စငတ်မွတ်မှူကြောင့် သေသွားတဲ့လူ မရှိပါဘူး။ သတိရှိခြင်းကတင် ဒိုပါမင်းရဲ့ ဂျောက်ထဲကနေ လွတ်မြောက်ဖို့ ပထမဆုံးခြေလှမ်းပါ။
၂။ Digital Detox နှင့် ရိုးရှင်းသော အလေ့အထများ
တစ်နေ့တာမှာ ဖုန်းလုံးဝမကိုင်တဲ့ အချိန်အပိုင်းအခြားတစ်ခု (ဥပမာ- ထမင်းစားချိန်၊ အိပ်ခါနီး ၁ နာရီ) ပြတ်ပြတ်သားသား သတ်မှတ်ထားပါ။
ကော်ဖီသောက်ရင် ဖုန်းပွတ်မယ့်အစား ကော်ဖီရဲ့ အနံ့နဲ့ အရသာကိုပဲ အာရုံစိုက်ပါ။ (ဒါဟာ H&N ဓာတ်တွေကို နှိုးဆွပေးတာ ဖြစ်ပါတယ်)။
၃။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ H&N ကို အသုံးချပါ စိတ်ကူးယဉ် အချစ်ဦးကာလမှာ ဒိုပါမင်းက ဦးဆောင်ပေမယ့် ရေရှည်အိမ်ထောင်ရေးမှာတော့ Oxytocin နဲ့ Serotonin ကသာ အဓိက ဖြစ်ပါတယ်။ လင်မယားအချင်းချင်း ဖုန်းပွတ်ရင်း အချိန်ကုန်မယ့်အစား မျက်လုံးချင်းဆုံ စကားပြောပါ၊ ဖက်ထားပါ၊ လက်ချင်းတွဲပါ။ ရိုးရှင်းပြီး နက်ရှိုင်းတဲ့ အရေပြားချင်း ထိတွေ့မှု (Physical Touch) က Oxytocin ကို ထွက်စေပြီး ဒိုပါမင်းကြောင့်ဖြစ်တဲ့ "အသစ်အဆန်း လိုက်ရှာချင်စိတ် အမှားများ" ကို အလိုအလျောက် သွေးအေးသွားစေပါတယ်။
Takeaway Message
တိုးတက်အောင်မြင်ဖို့၊ ရည်မှန်းချက်တွေဆီ ရောက်ဖို့အတွက် ဒိုပါမင်းရဲ့ မောင်းနှင်အားက လိုအပ်တာမှန်ပေမယ့်၊ သူ့မှာ ကိုယ်ကျင့်တရားနဲ့ အသိစိတ် မပါတဲ့အတွက် သူ့နောက်ကိုပဲ မျက်စိမှိတ် လိုက်နေမယ်ဆိုရင်တော့ အမှားသံသရာထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။
အနာဂတ်အတွက် "မျှော်လင့်ချက် (Dopamine)" တွေနောက် ပြေးလွှားနေရင်း မိမိရဲ့ "လက်ရှိပစ္စုပ္ပန် (Here-and-Now)" က မိသားစု၊ အချစ်ရေးနဲ့ စိတ်ငြိမ်းချမ်းမှုတွေကိုလည်း မပျောက်ပျက်အောင် မျှခြေလေးညှိပြီး နေထိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။
The Dopamine Trap: The "Molecule of More" Behind Our Repeated Mistakes and How to Balance Your Life
We often find ourselves trapped in a vicious cycle of repeating the exact same mistakes in our daily lives. We promise ourselves, "I won't scroll through my phone for too long this time," only to find ourselves deeply immersed in the endless video feeds of TikTok or Facebook minutes later, suddenly realizing it is 3:00 AM. Or we swear, "I will never gamble or play that game again," yet our hands automatically reach out to click it anyway.
Why do people keep repeating these mistakes, trapped in a loop of behavior, despite their own intense regret?
In his book The Molecule of More, Daniel Z. Lieberman provides a remarkably clear answer to this question: "Dopamine is not constructed in the brain to function as a good conscience that distinguishes right from wrong." Dopamine is a chemical designed solely to look toward "getting more in the future" and ruthlessly drives us forward.

1. The Dopaminergic Trap in Sex & Romance
The book highlights one of the most common pitfalls where dopamine causes people to stumble: Sex and romantic relationships.
Most people assume that the pleasure experienced during sex is driven entirely by dopamine. In reality, dopamine peaks only during "the moments of anticipation and desire (Wanting)," "the thrill of the chase (Hunting)," and "the craving for novelty."
This very nature causes individuals to repeatedly make the following mistakes:
Infidelity: Even when individuals have a genuinely loving partner right beside them, they often fail to resist the allure of "novelty" (a Dopamine Spike) and stray. This happens because dopamine blinds the brain, making the "unobtained new target" far more alluring than the love already possessed.
Pornography Addiction: Adult videos trigger an unrestricted, massive surge of dopamine. With every single click, it coaxes the brain with the promise of "just one more video, just one more new category," forcefully driving it into a dopamine high. Consequently, individuals lose interest in the simpler, real-world intimate relationships, becoming hopelessly trapped in a cycle of addiction.
Dopamine possesses no morality. It constantly demands "more... newer... more novel," and blindly following its whims can utterly destroy lives and marriages.
2. Here-and-Now (H&N) Neurotransmitters: The True Equilibrium of Happiness
Does this mean we are destined to blindly follow dopamine's commands every single day? Absolutely not. Our brains possess a counterbalancing collective of neurotransmitters known as Here-and-Now (H&N) Neurotransmitters—the molecules of present-moment peace—to halt the greedy waves of dopamine. They are:
Serotonin (The Molecule of Satisfaction): It provides a sense of mental peace, allowing us to feel content and fulfilled with what we currently have.
Oxytocin (The Molecule of Attachment): It facilitates deep emotional connections with long-term partners and family members. While dopamine provides the "fleeting thrill" in sex, oxytocin delivers "long-term warmth and fidelity."
Endorphins (The Natural Pain Reliever): They alleviate physical and emotional exhaustion, ushering in tranquility.
While Dopamine fixates on things that are distant or unearned (Upward & Beyond) to fuel our cravings, H&N neurotransmitters allow us to value and cherish what is already in our hands (Down here & Now). When the equilibrium between these two forces breaks and dopamine dominates unchecked, a person enters a state of perpetual insatiability and inevitable burnout.
3. Breaking the Dopamine Debt: The Way Out
Operating within a dopamine-driven world means we must deliberately "reset our brains" to stimulate H&N neurotransmitters and restore balance.
I. Differentiate Between "Wanting" and "Liking"
Whenever you experience an intense urge to act (e.g., buying a new gadget, binge-eating, or pursuing sexual gratification), pause and ask yourself: "Do I actually like this (Liking), or is dopamine merely forcing me to crave it (Wanting)?" Keep in mind that no human being has ever died from a temporary deprivation of sexual gratification. Merely practicing this awareness is the crucial first step toward escaping the dopamine trap.
II. Digital Detox and Simple Grounding Habits
Establish strict, non-negotiable windows during the day where you do not touch your phone (e.g., during meals or one hour before sleep).
When drinking coffee, instead of scrolling through your phone, focus entirely on the aroma and taste of the beverage. This intentionally stimulates your H&N neurotransmitters.
III. Leverage H&N in Romance and Marriage
While dopamine dominates the initial, idealistic infatuation phase, long-term marriages rely primarily on Oxytocin and Serotonin. Instead of wasting time scrolling through phones next to each other, look into each other's eyes and talk, embrace, or hold hands. Simple, deep physical touch triggers oxytocin, naturally cooling down the dopamine-driven, error-prone urge to constantly seek novelty elsewhere.
Takeaway Message
While the driving force of dopamine is undeniably necessary for achieving success and reaching our goals, it operates entirely without a conscience or moral compass. Blindly following it ensures that we remain perpetual victims of our own repeated mistakes.
As we race toward the future fueled by "anticipation and hope (Dopamine)," we must actively safeguard our "present moment (Here-and-Now)." Protect your family, your relationships, and your inner peace by maintaining this essential neural equilibrium.
Comments