top of page

Invest in Your real Asset: Your body is the only real asset you got

eternalhealthmd
Oct 6
1 min read

မိမိ၏ အစစ်မှန်ဆုံး Asset ၌ ရင်းနှီးမြှုပ်နှံပါ (Investing in Your Real Asset)


ကျွန်ုပ်တို၏ ခန္ဓာကိုယ်သည် အလွန်အံ့ဩဖွယ်ကောင်းသော သဘာဝကုသရေးစနစ် (Self-healing Mechanism) တစ်ခုကို မွေးရာပါ ပိုင်ဆိုင်ထားသည်။


Laptop on wooden desk showing article titled Investing in Your Real Asset, with coffee mug, notebook, and potted plant in a cozy room
Invest in your real asset writing post

တချိုသောဖျားနာမှု သိုမဟုတ် ဒဏ်ရာအချိုတွင် ဆေးဝါးများထက် ခန္ဓာကိုယ်၏ စွမ်းအားကသာ လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်တတ်ကြသည်။ဥပမာပြောရလျှင် အရေပြားရှသွားလျှင် သိုမဟုတ် အသေးစားဒဏ်ရာရလျှင် ခန္တာကိုယ်မှ သဘာဝအလျှောက် coagulation systemအလုပ် လုပ်ပြီး အချိန်တန်လျှင်သွေးခဲပြီး အသားမျှင်များ ပြန်လည်ဆက်ကာ self healing ဖြစ်သွားခြင်းမျိုးဖြစ်သည်။ ဖျားနာခြင်း ကိုယ်ပူခြင်း သည်လည်း ရောဂါပိုးများကို သတ်ရန် ခန္ဓာကိုယ်က အပူချိန်မြှင့်တင်ပေးသည့် သဘာဝကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်ပြီး တချိုသောတုပ်ကွေးကဲ့သို ဗိုင်းရပ်စ်ရောဂါအချိုတွင် ဆေးဝါးများထက် ကိုယ်ခံအားစနစ် (Immune System) ကသာ ရောဂါပိုးကို တိုက်ထုတ်ပေးတတ်ကြပါသည်။ ဤအခြေအနေမျိုးတွင်ဆေးဝါးအများစုသည် ရောဂါလက္ခဏာများကို သက်သာစေရန် (Symptom Relief) သိုမဟုတ် ခန္ဓာကိုယ်ကို ကူညီရန်သာ ဖြစ်ပြီး၊ တကယ့်ကုသမှုဖြစ်စဉ်မှာ ခန္ဓာကိုယ်တွင်း၌သာ စတင်ပါသည်။


Vestibular Neuritis နှင့် ကြုံတွေ့ခဲ့ရသော သင်ခန်းစာ


ကျွန်တော်လည်း ဒီအချက်ကို စာအုပ်ထဲကဖတ်ပြီးနားလည်ခဲ့တာမဟုတ်ပါဘူး။ လွန်ခဲ့သောရက်ပိုင်းအတွင်း တုပ်ကွေးမိရာမှတဆင့် Vestibular neuritisလိုခေါ်တဲ့နားအတွင်းအာရံုကြောရောင်ရမ်းခြင်း ဝေဒနာကိုခံစားရပြီးနောက်သိရှိသွားတာဖြစ်ပါတယ် ထိုအခြေအနေအတွင်း ဘာဆေးပဲသောက်သောက်ခနတာလက္ခဏာသက်သာရုံသာရှိခဲ့ပါတယ်။


ဆေးဝါးဆိုတာ ခန္ဓာကိုယ်ရဲ့ ကုသရေးဖြစ်စဉ်မှာ ဘေးကနေ ပံ့ပိုးပေးရုံ သက်သက် (Auxiliary) သာ ဖြစ်ပြီး၊ လုံးဝဥဿုံ ပျောက်ကင်းသွားဖိုအတွက်ကတော့ ခန္ဓာကိုယ်ရဲ့ ပင်ကိုယ် Healing Process စနစ်တစ်ခုလုံး အဆင့်လိုက် ပြန်လည်အလုပ်လုပ်လာအောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးဖိုပဲ လိုအပ်တာကို တွေ့လိုက်ရပါတယ်။ခန္ဓာကိုယ်က ပင်ကိုယ်စွမ်းအားနဲ့ ပြန်လည်ကုစားမှုမလုပ်သေးသမျှ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ဆေးဝါးကို မှီဝဲပါစေ၊ ရောဂါက အမြစ်ပြတ် သက်သာမသွားခဲ့ပါဘူး။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝကုသနိုင်စွမ်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်းဖြစ်ပြီး၊ ကျွန်ုပ်တိုရဲ့ အစစ်မှန်ဆုံး Asset ဖြစ်တဲ့ ဒီခန္ဓာကိုယ်ကို အမြဲတမ်း ဂရုစိုက် စောင့်ရှောက်ရင်း ရင်းနှီးမြှုပ်နှံထားသင့်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။


Smiling woman in a sunhat and white shirt stands in foamy surf with arms out on a bright blue beach.
Happy Girl smiling

ယနေ့ခေတ် လူနေမှုဘဝနှင့် သဘာဝအတိုင်း အနားယူခြင်း


ကျွန်တော်တို့လူသားတွေ့ဟာ ယနေ့ခေတ်လူမှုရေး စီးပွားရေး ပေါင်းသင်းဆက်ဆံရေး ရှုပ်ထွေးပွေ လီလှတဲ့ society ထဲတွင်ကျင်လည်ရင်းအဖြစ်များလာတဲ့စိတ်ဖိစီးမှုလွန်ကဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အိပ်စက်မှုလိုအပ်ခြင်းတိုအတွက် အကောင်းဆုံးဆေးမှာ မိမိခန္ဓာကိုယ်အား အနားယူခြင်းနှင့် သဘာဝအတိုင်း ပြန်လည်အားဖြည့်ခြင်းသာ ဖြစ်သည်။


သိုဖြစ်၍ အောက်ပါအချက်များအား  လိုက်နာခြင်းဖြင့်သင့်ဘဝ၏ရင်းနှီးမြုပ်နှံမှုကိုမိမိခန္ဓာမှစတင်လိုက်ပါ (Investing in Your Real Asset)**


၁။ Processed food ကိုအတတ်နိုင်ဆံုးရှောင်ရှားပြီးNutritious foodကိုရွေးချယ်မှီဝဲစားသောက်ပါ


၂။ Regular physical activityလုပ်ပေးခြင်းဖြင့်ကြွက်သားနှင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အသက်ရလာတာနဲ့အမျှဖြစ်ပေါ်လာတဲ့ muscle lossကိုပါကာကွယ်ပြီးဖြစ်ပါတယ်


၃။ စိတ်ဖိစီးမှုကို ကိုယ်ချစ်ခင်ရသူများ ကိုယ်ဝါသနာပါရာများ လုပ်ပြီးဖြေလျော့ပါ စိတ်ရောကိုယ်ပါအနားယူပါ


၄။ နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ ။ တတ်နိုင်သမျှ screen timeလျော့၍ digital detox လုပ်ရင်းမိမိခန္ဓာအား အိပ်စက်ချိန်ပေးပါ။


Key Takeaway Message


မွေးဖွားစဉ် ပထမဆုံး အသက်ရှူလိုက်သည့် စက္ကန့်မှစ၍ ဘဝ၏ နောက်ဆုံးထွက်သက်အထိ ကျွန်ုပ်တိုနှင့်အတူ မခွဲမခွာ အမြဲတမ်း ရှိနေပေးမည့် တစ်ခုတည်းသော အဖော်မွန်မှာ "ကျွန်ုပ်တို၏ ခန္ဓာကိုယ်" သာ ဖြစ်ပါသည်။စီးပွားဥစ္စာ၊ ရာထူးနှင့် ပတ်ဝန်းကျင်ဟူသည်မှာ အမျိုးမျိုး ပြောင်းလဲသွားနိုင်သော်လည်း၊ ဤခန္ဓာသည်သာလျှင် ဒုက္ခ၊ သုခမှန်သမျှကို အတူတကွ ခံစားပေးပြီး ဘဝခရီးတစ်ခုလုံးကို မညည်းမညူ ထမ်းပိုးပေးထားခြင်းပါ။


သို့သော် ကျွန်ုပ်တို့သည် ထိုသိုသော ခန္ဓာကိုယ်၏ ကျေးဇူးကို မေ့လျော့ကာ မဖြစ်မနေ သုံးစွဲရသည့် စက်ပစ္စည်းတစ်ခုလို လျစ်လျူရှု၊ နှိပ်စက်မိတတ်ကြသည်။ ဖျားနာမှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့် အခါမှသာ စည်းစိမ်ဥစ္စာများထက် ကျန်းမာသည့် ခန္ဓာကိုယ်ကသာ အစစ်မှန်ဆုံး Asset ဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်လာရသည်။ ထိုကြောင့် မိမိခန္ဓာကို ပစ်ပယ်မထားဘဲ ငဲ့ညှာစွာ မေတ္တာထား၍ ရင်းနှီးမြှုပ်နှံပေးရန်"** လိုအပ်ပါသည်။ ခန္ဓာကိုယ်ကို ယုယစောင့်ရှောက်ခြင်းသည် မိမိ၏ ဘဝတစ်ခုလုံးအတွက် အကောင်းဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ပါသည်။

Comments


bottom of page