top of page

Time-Efficient Gym Guide for Busy Professionals: A Doctor's Prescription for Longevity

eternalhealthmd
Aug 12
3 min read

Busy Professionals များအတွက် အချိန်တိုအတွင်း အသက်ရှည်ကျန်းမာစေမည့် သိပ္ပံနည်းကျ Gym ကစားနည်းလမ်းညွှန်



ခေတ်သစ် လူနေမှုဘဝမှာ အလုပ်တာဝန်တွေ၊ မိသားစုတာဝန်တွေနဲ့ မအားလပ်ကြတဲ့အတွက် Gym ကို တစ်ပတ်မှာ ၅ ရက် သို့မဟုတ် ၆ ရက် အပြည့်သွားဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့နဲ့ ကြွက်သားဖွံ့ဖြိုးဖို့အတွက် Gym ကို နေ့တိုင်း သွားနေစရာ မလိုပါဘူး။


Empty modern gym with rows of dumbbells and benches under dark industrial lighting, mirrored walls, and a sleek black interior
gym

စနစ်ကျတဲ့ လေ့ကျင့်ခန်း အစီအစဉ် (Workout Split) ရှိရင် တစ်ပတ်မှာ ၃ ရက်ကနေ ၄ ရက်ပဲ Gym သွားရုံနဲ့ အချိန်ကုန် သက်သာပြီး ထိရောက်တဲ့ ရလဒ်ကို ရရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ အချိန်မအားသူတွေကြား အရမ်းရေပန်းစားပြီး သိပ္ပံနည်းကျ ထိရောက်မှုရှိတဲ့ Push-Pull-Legs (PPL) Split အကြောင်းနဲ့ အသက်ကြီးလာသည့်တိုင်အောင် သန်စွမ်းကျန်းမာနေစေမည့် အလေးမခြင်း၏ အကျိုးကျေးဇူးများကို မျှဝေပေးသွားပါမယ်။


ကျနော်ကိုယ်တိုင်လည်း အလုပ်တဖက်နဲ့ မို့ တပတ်ကို ၃ရက် ၄ရက်ပဲ ကစားဖြစ်ပါတယ်။


၁။ ဘာကြောင့် အလေးမလေ့ကျင့်ခန်း (Strength Training) ကို မဖြစ်မနေ ပြုလုပ်သင့်သလဲ။


Older man in blue boxing gloves punches a heavy bag in a gym, focused and determined.
Boxing practice session

အသက်အရွယ် ရလာတာနဲ့အမျှ လူတော်တော်များများမှာ ကြုံတွေ့ရလေ့ရှိတဲ့ ခါးကုန်းလာတာ၊ ဗိုက်ရွှဲလာတာနဲ့ လမ်းလျှောက်ရင်း ဟန်ချက်မထိန်းနိုင်ဘဲ ချောလဲတာတွေဟာ သဘာဝတရားရဲ့ ရှောင်လွှဲမရတဲ့ ရလဒ်တစ်ခု မဟုတ်ပါဘူး။ ဒါတွေရဲ့ ပင်မတရားခံဟာ အသက်ကြီးလာလို့ ကြွက်သားထု ထိခိုက်ဆုံးရှုံးလာခြင်း (Sarcopenia) ကြောင့် ဖြစ်ပါတယ်။


အသက် ၃၀ ကျော်လာပါက ခန္ဓာကိုယ်ရဲ့ ကြွက်သားထုဟာ (၁) ဆယ်စုနှစ်တိုင်းမှာ ၃% မှ ၈% အထိ ဖြည်းဖြည်းချင်း လျော့နည်းလာတတ်ပါတယ်။ ကြွက်သားထု နည်းပါးသွားတဲ့အခါ ခါးကို မတ်မတ်မထိန်းပေးနိုင်တော့ဘဲ ခါးကုန်းလာခြင်း၊ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) နှေးကွေးသွားပြီး ဗိုက်ပူလာခြင်းများနှင့် ချောလဲ အရိုးကျိုးသည့် အန္တရာယ်များ ကြုံတွေ့ရလေ့ရှိပါတယ်။


ဒါကို တားဆီးဖို့အတွက် ခန္ဓာကိုယ်ကို ကြွက်သားသစ်များ ပြန်လည်တည်ဆောက်ရန် Muscle Growth Stimulus (ကြွက်သားဖွံ့ဖြိုးမှု ဆွပေးသည့် အချက်) ပေးဖို့ လိုအပ်ပါတယ်။ ထို Stimulus ကို အထိရောက်ဆုံး ပေးနိုင်သည့် နည်းလမ်းမှာ "အလေးမ လေ့ကျင့်ခန်း ပြုလုပ်ခြင်း (Weight Training)" ပဲ ဖြစ်ပါတယ်။


ဒါအပြင် (Strength Training) တကြိမ်ပြုလုပ်ရုံဖြင့် ခန္ဓာကိုယ်ရဲ့ အင်ဆူလင် တုံ့ပြန်မှု (Insulin sensitivity) ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ၄၈ နာရီအထိ လျှော့ချပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ချိန်မှာ ကြွက်သားတွေကျုံ့ဆန့်မှုကြောင့် သွေးထဲက သကြားဓာတ်ကို ဆွဲယူအသုံးပြုသလို၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတွေ ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကြောင့်လည်း သွေးတွင်းသကြားဓာတ် လောင်ကျွမ်းမှုဟာ ၁ ရက်ကနေ ၂ ရက်အထိ ဆက်လက်မြင့်မားနေပါတယ်။


Exercise is Non-Negotiable! လေ့ကျင့်ခန်း လုပ်စဉ် ခန္ဓာကိုယ်အတွင်းရှိ ပျက်စီးနေသော ဆဲလ်အဟောင်းများကို ဖယ်ရှားပေးသည့် Autophagy စနစ်  ကြွတက်လာပြီး ဆဲလ်များ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါသည်။ ထို့ကြောင့် အသက်ရှည်ရှည်နှင့် မသေခင် ကျန်းမာစွာ နေထိုင်နိုင်ရေး (Healthspan) အတွက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် စျေးဆစ်၍ မရသော၊ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ (Non-Negotiable) ဖြစ်ပါသည်။

၂။ Push-Pull-Legs (PPL) Split ဆိုတာ ဘာလဲ။


Woman deadlifts a barbell in a black-and-white gym, focused, with blurred people and medicine balls in the background.
deadlift session

PPL Split ဆိုတာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို သူတို့ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်အလိုက် အုပ်စု ၃ စု ခွဲခြားပြီး လေ့ကျင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။


  • Push Day (တွန်းသည့်ရက်): ရင်ဘတ် (Chest)၊ ပခုံး (Shoulders) နှင့် လက်မောင်းအနောက် (Triceps) ကြွက်သားများ။

  • Pull Day (ဆွဲသည့်ရက်): ကျောပြင် (Back)၊ လက်မောင်းအရှေ့ (Biceps) နှင့် ပခုံးအနောက် (Rear Delts) ကြွက်သားများ။

  • Leg Day (ခြေထောက်ရက်): ပေါင်ရှေ့ (Quads)၊ ပေါင်နောက် (Hamstrings)၊ တင်ပါး (Glutes) နှင့် သင်းခွေကြွက်သား (Calves) များ။


၃။ ၁ ပတ်လျှင် ၃ ရက် သို့မဟုတ် ၄ ရက် ကစားနည်း ဇယား


Option A: ၁ ပတ်လျှင် ၃ ရက် ကစားမည်ဆိုပါက (3-Day PPL)


အလုပ် အရမ်းအားလပ်ချိန် နည်းသူများအတွက် အသင့်တော်ဆုံးဖြစ်ပြီး ကြွက်သားများ ပြန်လည် အနားရချိန် (Recovery) အပြည့်အဝ ရရှိစေပါတယ်။


  • တနင်္လာ: Push Day

  • အင်္ဂါ: Rest Day (အနားယူရန်)

  • ဗုဒ္ဓဟူး: Pull Day

  • ကြာသပတေး: Rest Day (အနားယူရန်)

  • သောကြာ: Leg Day

  • စနေ / တနင်္ဂနွေ: Rest Day (သို့မဟုတ် ပေါ့ပေါ့ပါးပါး လမ်းလျှောက်/အကြောလျှော့ရန်)


Option B: ၁ ပတ်လျှင် ၄ ရက် ကစားမည်ဆိုပါက (4-Day Rotating PPL)


တစ်ပတ်မှာ ၄ ရက် အားသူများအတွက် လှည့်ပတ်ဆော့ကစားသည့် စနစ်ဖြစ်ပါတယ်။

  • တနင်္လာ: Push Day

  • အင်္ဂါ: Pull Day

  • ဗုဒ္ဓဟူး: Rest Day

  • ကြာသပတေး: Leg Day

  • သောကြာ: Push Day (နောက်တစ်ပတ်တွင် Pull Day မှ ပြန်စပါ)

  • စနေ / တနင်္ဂနွေ: Rest Day


၄။ ပုံမှန် လေ့ကျင့်ခန်း နမူနာများ (Workout Routine)


၁။ Push Day (တွန်းသည့်ရက်)


  • Incline Dumbbell Press – 3 Sets x 10-12 Reps

  • Flat Barbell or Dumbbell Bench Press – 3 Sets x 8-10 Reps

  • Seated Dumbbell Shoulder Press – 3 Sets x 10 Reps

  • Dumbbell Lateral Raises – 4 Sets x 12-15 Reps

  • Triceps Rope Pushdown – 3 Sets x 12 Reps


၂။ Pull Day (ဆွဲသည့်ရက်)


  • Lat Pulldown (or Pull-ups) – 4 Sets x 10-12 Reps

  • Seated Cable Row (or Barbell Row) – 3 Sets x 10 Reps

  • Single-Arm Dumbbell Row – 3 Sets x 10 Reps

  • Face Pulls – 3 Sets x 15 Reps

  • Dumbbell Bicep Curls – 3 Sets x 12 Reps


၃။ Leg Day (ခြေထောက်ရက်)


  • Barbell Squat (or Goblet Squat) – 3 Sets x 8-10 Reps

  • Leg Press – 3 Sets x 12 Reps

  • Romanian Deadlift (Dumbbell) – 3 Sets x 10 Reps

  • Leg Extensions / Seated Leg Curls – 3 Sets x 12-15 Reps

  • Standing Calf Raises – 3 Sets x 15 Reps


၅။ အလုပ်မအားသူများအတွက် မရှိမဖြစ် သတိပြုရန် အချက်များ


Gym infographic of man bench pressing, with panels on strength training benefits and text: Consistency Beats Intensity
Consistency beats intensity inforgraphic photo

၁။ စိစစ်ထားသော Exercise များကိုပဲ မားမားမတ်မတ် ဆော့ပါ: တစ်ခေါက် Gym သွားရင် Exercise ၄ မျိုးမှ ၆ မျိုးထက် ပိုဆော့စရာ မလိုပါဘူး။ ကြွက်သားအုပ်စု အဓိက ထိစေမယ့် Compound Movement များကို ဦးစားပေးပါ။


၂။ ကစားချိန်ကို ၄၅ မိနစ်မှ ၁ နာရီအတွင်း အပြီးသတ်ပါ: Set တစ်ခုနှင့် တစ်ခုကြား နားချိန်ကို ၁ မိနစ်ခွဲမှ ၂ မိနစ်အထိ စနစ်တကျ ထိန်းထားပါ။ ဖုန်းကြည့်တာမျိုး လျှော့ပြီး အာရုံစူးစိုက်ပါ။


၃။ အနားယူချိန် (Recovery) ကို အလေးထားပါ: ကြွက်သားဆိုတာ Gym ထဲမှာ ကြီးထွားတာ မဟုတ်ဘဲ အနားယူချိန်နဲ့ အိပ်စက်ချိန်မှာမှ ပြန်လည် တည်ဆောက်တာ ဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ဖို့နဲ့ ပရိုတင်းဓာတ် လုံလောက်စွာ စားသုံးဖို့ လိုအပ်ပါတယ်။


"ကြွက်သားထု အနည်းငယ် (၀.၈ ကီလိုဂရမ် ကနေ ၁.၅ ကီလိုဂရမ်ခန့်) တက်လာရုံနဲ့တင် အင်ဆူလင် တုံ့ပြန်မှုအားကို ပိုကောင်းစေပြီး အင်ဆူလင် ခံနိုင်ရည်ရှိမှု(Insulin Resistance)ကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။"

ကြွက်သား ၀.၈ ကီလိုဂရမ် တက်ရုံနဲ့တင် ဘာကြောင့် ဒီလောက်အကျိုးသက်ရောက်မှု ကြီးမားရတာလဲ (Why 0.8 kg of Muscle Has Such a Massive Impact)


  • ဂလူးကို့စ်လမ်းကြောင်းများ ပိုမိုပွင့်လာခြင်း (Upregulated Glucose Pathways): ဒီကြွက်သားထုရဖို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးထဲကသကြားဓာတ်ကို ဆဲလ်ထဲဆွဲသွင်းပေးတဲ့ GLUT4 ဆိုတဲ့ တံခါးပေါက်လေးတွေ ခန္ဓာကိုယ်မှာ ပိုများလာပါတယ်။ ဒါကြောင့် အင်ဆူလင်မလိုဘဲ သကြားဓာတ်ကို တိုက်ရိုက်ဖယ်ရှားပေးနိုင်ပါတယ်။


  • ကြွက်သားအရည်အသွေး ပိုကောင်းလာခြင်း (Better Muscle Quality): အလေးမလေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားဆဲလ်ဟောင်းတွေထဲမှာ ပိတ်မိနေတဲ့ အဆီစက်လေးတွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ရှိပြီးသားကြွက်သားတွေပါ အင်ဆူလင်ကို ပြန်လည်တုံ့ပြန်မှု ကောင်းလာစေပါတယ်။


  • ကြွက်သားနှင့် ခန္ဓာကိုယ်အချိုး စည်းမျဉ်း (The "Skeletal Muscle Index" Rule): ဆေးဘက်ဆိုင်ရာ သုတေသနတွေအရ ခန္ဓာကိုယ်အလေးချိန်နဲ့ ယှဉ်ရင် ကြွက်သားထုအချိုးအစား ၁၀ ရာခိုင်နှုန်း တိုးလာတိုင်း အင်ဆူလင်ခံနိုင်ရည်ရှိမှု(Insulin Resistance) ဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ အဆီကျပြီး ကြွက်သား ၀.၈ ကီလိုဂရမ် တက်လာတဲ့အခါ ခန္ဓာကိုယ်အချိုးအစား သိသိသာသာ ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။


Consistency over intensity


Gym သွားခြင်းရဲ့ သော့ချက်ဟာ "နေ့စဉ် မနားတမ်း သွားခြင်း" မဟုတ်ဘဲ "ရေရှည် စနစ်တကျ မှန်မှန်သွားခြင်း (Consistency)" သာ ဖြစ်ပါတယ်။ အသက်ကြီးလာသည့်အခါ တခြားသူ၏ အကူအညီမလိုဘဲ မတ်မတ်ရပ်ရပ်၊ ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ရန်အတွက် ယနေ့မှစ၍ မိမိ၏ အလုပ်အားလပ်ချိန်နှင့် ကိုက်ညီမည့် Push-Pull-Legs Split နည်းလမ်းကို စနစ်တကျ စတင်ဆော့ကစားသွားကြရန် တိုက်တွန်းချင်ပါတယ်။


ဆက်လက်ပြီးတော့ weight lifting and cardio benefits အကြောင်း ဆက်လက် ဖတ်ရှုဖို့ အကြံ ပြုပါရစေ ခင်ဗျ ( Lift Heavy, Breathe Easy: Why You Should Balance Weight Training with Cardio)

Comments


bottom of page