top of page

The fourth Horseman- Metabolic Dysfunction

  • eternalhealthmd
  • 1 day ago
  • 6 min read

Metabolic Dysfunction ၏ နောက်ကွယ်မှ တကယ့် အကြောင်းရင်းများနှင့် ကာကွယ်နည်းများ


Black-and-white overhead view of scattered pedestrians crossing a vast paved plaza, with a few chalk marks and manholes.
people walking outdoor

လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်းများစွာက၊ ကျနော်တို့၏ ဘိုးဘေးများဟာ သစ်တောကြီးများ၊ တောင်တန်းကြီးများကို ဖြတ်သန်းကာ တစ်နေ့လျှင် ၅ မိုင်မှ ၁၀ မိုင်အထိ ခြေကျင်ခရီး နှင်ပြီး ဝမ်းရေးအတွက် အမဲလိုက်ကြရပါတယ်။


သူတို့ဟာ ဝမ်းစာသစ်သီးဝလံများနှင့် ခိုလှုံစရာ ဂူများကို အသည်းအသန် ရှာဖွေခဲ့ကြရပြီး၊ အချို့ရက်များတွင် အစားအစာ လုံးဝမရဘဲ အစာငတ်မွတ်သည့် ဘေး (Starvation) နှင့် ရင်ဆိုင်ခဲ့ကြရပါတယ်။


လူသားတို့၏ ခန္ဓာကိုယ်အတွင်း၌ အလွန်ဆန်းကြယ်သော "စွမ်းအင်လောင်စာစက်ရုံ" (Mitochondria) လေးများ ရှိပါတယ်။ ထိုစက်ရုံလေးများသည် အစာရသည့်အခါတွင် ခန္ဓာကိုယ်၌ အဆီအဖြစ် သိုလှောင်ပေးပြီး၊ အစာငတ်သည့်အခါ သိုလှောင်ထားသော အဆီများကို ပြန်လည် မီးရှို့ကာ စွမ်းအင် ထုတ်ပေးပါတယ်။ သို့ဖြစ်၍ ဘိုးဘေးတို့၏ ခန္ဓာကိုယ်သည် အလွန် သက်ဝင်လှုပ်ရှားပြီး ကျန်းမာကြံ့ခိုင်ခဲ့ကြပါတယ်။


Metabolic Dysfunction ဆိုတာ ဘာလဲ


Diabetes testing supplies on a white surface: Contour TS meter, test strips, lancet, insulin pen, and blood drops.
Diabetes testing equitment

ခေတ်ကာလများ ကုန်ဆုံးသွားသောအခါ လူသားတို့သည် မလှုပ်မရှား ဇိမ်ခံနိုင်သော ခေတ်သစ်ကမ္ဘာကြီးကို တည်ဆောက်လိုက်ကြပါတယ်။ အစားအစာရရှိရန် ၅ မိုင် လမ်းလျှောက်စရာ မလိုတော့ဘဲ၊ လက်ညှိုးလေး တစ်ချက်နှိပ်ရုံဖြင့် အချိုဓာတ်နှင့် အဆီဓာတ်များပြည့်နှက်နေသော အစားအစာများ ရောက်ရှိလာပါတယ်။

အစာငတ်မွတ်သည့် အချိန်ဟူ၍ လုံးဝမရှိတော့ဘဲ ၂၄ နာရီပတ်လုံး အစားအစာများ ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် စီးဝင်လာပါတယ်။


ထိုအခါ ခန္ဓာကိုယ်အတွင်းရှိ လောင်စာစက်ရုံလေးများသည် အလုပ်များလွန်း၍ ပင်ပန်းနွမ်းနယ်ကာ မီးခိုးများ အမှိုက်များ ပိတ်ဆို့ပြီး "စွမ်းအင်လောင်စာစက်ရုံ ပျက်စီးခြင်း" (Metabolic Dysfunction) ဟုခေါ်သော အမှောင်ထုကြီး စတင်စိမ့်ဝင် လာခဲ့ပါတော့သည်။


🧬 Metabolic Dysfunction ဆိုတာ ဘာလဲ? (Definition)

Metabolic Dysfunction (ဇီဝကမ္မ ပျက်စီးယိုယွင်းခြင်း) ဆိုသည်မှာ ခန္ဓာကိုယ်၏ ဆဲလ်များ (Cells) အထူးသဖြင့် စွမ်းအင်ထုတ် စက်ရုံများဖြစ်သော Mitochondria များက စားသုံးလိုက်သော အာဟာရဓာတ်များ (Carbohydrates, Fats) ကို အကျိုးရှိရှိ စွမ်းအင်အဖြစ် မပြောင်းလဲနိုင်တော့ဘဲ၊ သွေးတွင်း သကြားဓာတ်နှင့် အဆီဓာတ်များ စည်းစနစ်တကျ မထိန်းချုပ်နိုင်တော့သည့် ဆဲလ်အဆင့် စက်ယန္တရား ယိုယွင်းမှု အခြေအနေကို ခေါ်ဆိုပါသည်။  


ကျနော်တို့ရဲ့ Metabolism ကောင်းမွန်နေချိန်မှာ ဆဲလ်တွေဟာ Glucose နဲ့ Fatty Acids တွေကို လိုအပ်သလို အလွယ်တကူ မီးရှို့ပြီး စွမ်းအင် (ATP) ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့ Processed Food တွေ လွန်ကူစွာ စားသုံးခြင်း၊ လှုပ်ရှားမှု နည်းပါးခြင်းနဲ့ Stress တွေကြောင့် ဆဲလ်တွေဟာ စွမ်းအင်တွေ ပြည့်လျှံလာပြီး Insulin Resistance (အင်ဆူလင် မတုံ့ပြန်နိုင်တော့ခြင်း) ဘက်ကို ဦးတည်သွားပါတယ်။  


Metabolic Dysfunction (ဇီဝကမ္မ ပျက်စီးယိုယွင်းခြင်း) ဟာ ကျနော် အရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ ကင်ဆာရောဂါနှင့် ဦးနှောက်ဇတ်ပျက်ခြင်း ရောဂါတွေ့ကို ကာလကာနောက်ကွယ်က မြောက်ပင့် ပေးနေတဲ့ အဓိကတရားခံကြီးလည်းဖြစ်ပါတယ်။


မိတ်ဆွေ အနေနဲ့ ခေတ်သစ်မြင်းစီးသူရဲ လေးပါးလို့ တင်စားခေါ်ဆိုကြတဲ့ ရောဂါကြီး(၄) မျိုးအကြောင်းကို စိတ်ဝင်စားရင် ဒီ လင့် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျ.....



🏹 Evolutionary Mismatch: ခေတ်သစ် ရောဂါများ၏ အဓိက အကြောင်းရင်း  


Four women in colorful beaded skirts and shawls stand with arms crossed before tree trunks, showing a traditional, proud mood.
African Native Tribe

ကျနော်တို့ရဲ့ DNA နဲ့ Metabolism စနစ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီကတည်းက စတင်ပုံစံခွက်ကျလာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း အနည်းငယ်အတွင်း ခန္ဓာကိုယ်ရဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံက မယုံနိုင်စရာ ကွာခြားသွားခဲ့ပါပြီ။  


  • ဘိုးဘေးများ၏ Lifestyle (Paleolithic Environment):


    • Daily Physical Activity: ငါတို့ရဲ့ ဘိုးဘေး (Hunter-gatherers) တွေဟာ အစားအစာ (Food) နဲ့ ခိုလှုံစရာ (Shelter) ရှာဖွေဖို့အတွက် တစ်နေ့ကို ၅ မိုင်မှ ၁၀ မိုင်အထိ (Miles) မဖြစ်မနေ လမ်းလျှောက်ခဲ့၊ အပြေးအလွှား သွားခဲ့ကြရပြီ Physical activity ဆိုတာ မလုပ်ရင် မဖြစ်တဲ့ ရှင်သန်ရေးစနစ်ဖြစ်ခဲ့ပါတယ်။  


    • Feast & Famine (အစာဝလိုက်၊ ငတ်လိုက် စက်ဝန်း): ရှေးဘိုးဘေးတွေဟာ အချိန်တိုင်း အစာမရခဲ့ပါဘူး။  အစာငတ်မွတ်ခေါင်းပါးသည့် အချိန်များ (Starvation) ကို မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အစာရချိန်မှာ အဆီအဖြစ် သိုလှောင်ပြီး၊ အစာငတ်ချိန်မှာ အဲဒီအဆီကို ပြန်လည်မီးရှို့သုံးစွဲတဲ့ Metabolic Flexibility (ဇီဝရုပ် ပြောင်းလဲနိုင်စွမ်း) အပြည့်ရှိခဲ့ပါတယ်။  


  • ခေတ်သစ် လူသားများ၏ Mismatch (Modern Environment):


    • Sedentary Lifestyle (ထိုင်ရက် လှုပ်ရှားမှုမရှိသော ဘဝ): ဒီနေ့ခေတ်မှာတော့ အစားအစာရဖို့ ၅ မိုင် မပြောနဲ့၊ ကုလားထိုင်ပေါ်က ထဖို့တောင် မလိုတော့ပါဘူး။ ဖုန်းတစ်ချက် နှိပ်ရုံနဲ့ Ultra-processed calorie တွေ အိမ်ရှေ့ ရောက်လာပါတယ်။ 


    • Constant Calorie Overload: အစာငတ်မွတ်သည့် အချိန် (Starvation) ဆိုတာ လုံးဝ မရှိတော့ဘဲ ၂၄ နာရီပတ်လုံး Glucose နဲ့ Carbohydrate တွေ ခန္ဓာကိုယ်ထဲ ဆက်တိုက် စီးဝင်နေပါတယ်။ 


The Root Cause: တစ်နေ့ ၅-၁၀ မိုင် လမ်းလျှောက်ပြီး အစာငတ်ချိန်ကို ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားတဲ့ ကျနော်တို့ရဲ့ "ရှေးဟောင်း DNA" ထဲကို၊ လှုပ်ရှားမှုမရှိဘဲ (Sedentary) ၂၄ နာရီပတ်လုံး Calorie တွေ သွတ်သွင်းလိုက်တဲ့အခါ Mitochondria တွေ Burnout ဖြစ်ပြီး Metabolic Dysfunction စတင်ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ 

⚠️ Hidden Epidemic: Thin Outside, Fat Inside (TOFI)


လူတော်တော်များများက "ငါ ဝမနေဘူး၊ ဝမ်းဗိုက်လည်း မထွက်ဘူး၊ Metabolic Health ကောင်းမှာပါ" လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ အကြီးမားဆုံး အယူအဆအမှားတစ်ခုပါ။  


  • Visceral Fat (ကလီစာအဆီ): လှုပ်ရှားမှု နည်းပါးခြင်း (Sedentary) ကြောင့် အပြင်ပန်း ပိန်နေပေမယ့် အသည်း၊ ပန်ကရိယနဲ့ ကလီစာတွေကြားမှာ အဆီတွေ စုပုံနေတတ်ပါတယ်။  


  • Mitochondrial Burnout: ဆဲလ်ရဲ့ စွမ်းအင်ထုတ် စက်ရုံတွေဖြစ်တဲ့ Mitochondria တွေက Overload ဖြစ်ပြီး အလုပ်မလုပ်နိုင်တော့တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ Systemic Inflammation (စနစ်တကျ ရောင်ရမ်းမှု) တွေ စတင်လာပါတယ်။  


🔍 စစ်ဆေးကြည့်ရှုရမယ့် Biomarkers များ  


Scientist in a lab, wearing gloves and glasses, holds a blood sample tube near a microscope and racks of colorful test vials.
Laboratory blood tests

ကိုယ်တိုင် Metabolic Dysfunction ရှိမရှိ သိနိုင်ဖို့ အောက်ပါ Blood Tests နဲ့ Indicators တွေကို စောင့်ကြည့်ရပါမယ် -

  • Fasting Insulin & Fasting Glucose: (HOMA-IR score ကို တွက်ချက်ကြည့်ပါ။)


  • HbA1c: ၃ လအတွင်း သွေးကြားဓာတ် ထိန်းသိမ်းနိုင်မှု အရည်အသွေး။  


  • Triglyceride to HDL Ratio: Triglyceride မြင့်ပြီး HDL နည်းနေရင် Metabolic Health အချက်ပြမီး နီနေပါပြီ။  


  • Waist-to-Height Ratio: ခါးအရွယ်အစားဟာ အရပ်အမြင့်ရဲ့ ထက်ဝက်ထက် နည်းရပါမယ်။  



🛡️ The Longevity Protocol: Metabolic Health ကို ဘယ်လို ပြန်ဆွဲတင်မလဲ?


Four athletes do box squats in a bright gym, focused and determined, wearing workout gear on wooden plyo boxes.
Group doing exercise together

Metabolic Dysfunction ကို ပြောင်းပြန်လှန် (Reverse) ဖို့အတွက် ရှေးဘိုးဘေးတွေရဲ့ ပုံစံအခြေခံကို ခေတ်သစ် Lifestyle 3.0 နည်းလမ်းတွေနဲ့ ပေါင်းစပ်ကုသရပါမယ် -


  1. Fuel Quality (အာဟာရ ပြုပြင်ခြင်း): Ultra-processed carbs နဲ့ Seed oils တွေကို လျှော့ချပါ။ Whole Foods, Quality Protein နဲ့ Healthy Fats တွေကို ဦးစားပေး စားသုံးပါ။


  2. Zone 2 Cardio (Replicating Ancestral Movement): တစ်နေ့ ၅ မိုင် လမ်းလျှောက်ခဲ့တဲ့ ဘိုးဘေးတွေလိုပဲ နှလုံးခုန်နှုန်း နည်းနည်းဖြင့် ကြာရှည်ပြေးခြင်း/လမ်းလျှောက်ခြင်းက Mitochondria တွေရဲ့ ဆီမီးရှို့နိုင်စွမ်း (Fat Oxidation) ကို တိုးတက်စေပါတယ်။  


  3. Resistance Training (Glucose Sink Build-up): ကြွက်သားထုဟာ သွေးထဲက Glucose တွေကို စုပ်ယူပေးတဲ့ အကြီးမားဆုံး Sponge ဖြစ်တာကြောင့် တစ်ပတ် ၃-၄ ကြိမ် အလေးမပါ။  


  4. Intermittent Fasting / Time-Restricted Feeding: အစာငတ်သည့် အချိန် (Famine) ကို တုပပြီး ခန္ဓာကိုယ်ရဲ့ Autophagy (ဆဲလ်သန့်စင်စနစ်) နဲ့ Insulin Sensitivity ကို ပြန်လည် မြှင့်တင်ပါ။  



ကျနော်တို့ရဲ့ ဆဲလ်တွေကို သကြားနဲ့ Inflammation Signal တွေ ပေးမလား၊ ဒါမှမဟုတ် Metabolic Flexibility နဲ့ Longevity Signal တွေ ပေးမလားဆိုတာ ကျနော်တို့ရဲ့ နေ့စဉ် ရွေးချယ်မှုတွေပေါ်မှာပဲ မူတည်နေပါတယ်။  


"Our DNA was built for movement and resilience, not constant calories and ease. Protect your energy powerhouses—your mitochondria—before the silent disease takes over."

(ကျွန်ုပ်တို့၏ DNA ဟာ မလှုပ်မရှား နေထိုင်ဖို့နဲ့ အဆမတန် ကယ်လိုရီတွေ သွတ်သွင်းဖို့ တည်ဆောက်ထားတာ မဟုတ်ဘဲ လှုပ်ရှားရုန်းကန်ဖို့ရာ တည်ဆောက်ထားတာပါ။ ရောဂါဆိုးတွေ မငြိတွယ်မီ သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်စက်ရုံ (Mitochondria) တွေကို ဒီနေ့ပဲ စတင် စောင့်ရှောက်လိုက်ပါ။)


--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------


 The Modern Mismatch: Why Are Our Bodies Experiencing Metabolic Dysfunction?


Black-and-white overhead view of scattered pedestrians crossing a vast paved plaza, with a few chalk marks and manholes.
people walking outdoor

Millions of years ago, our ancestors traversed vast forests and mountains, walking 5 to 10 miles a day to hunt for survival.


They desperately searched for wild fruits and shelter in caves, and on some days, they faced severe starvation with no food at all.


Inside the human body lie fascinating "energy powerhouses" known as mitochondria. These powerhouses stored excess energy as fat when food was available and burned that stored fat for energy during periods of starvation. As a result, our ancestors' bodies were remarkably active, resilient, and healthy.


As ages passed, humans built a modern world designed for comfort and minimal movement. To get food, there is no longer a need to walk 5 miles; with just a tap of a finger, foods packed with sugar and unhealthy fats are delivered right to our doorstep.

Periods of starvation have completely disappeared, with calories continuously flowing into the body 24/7. Consequently, the powerhouses inside our bodies became overworked and exhausted, getting clogged with smoke and waste. This marked the onset of "energy powerhouse failure"—a silent darkness known as Metabolic Dysfunction.


🧬 What is Metabolic Dysfunction?


Diabetes testing supplies on a white surface: Contour TS meter, test strips, lancet, insulin pen, and blood drops.
Diabetes testing equitment

Metabolic Dysfunction refers to a state of cellular-level machinery breakdown where the body's cells—especially the energy powerhouses, the mitochondria—can no longer efficiently convert consumed nutrients (carbohydrates and fats) into usable energy. As a result, the body loses its ability to properly regulate blood sugar and lipid levels.

When our metabolism is healthy, cells easily burn glucose and fatty acids to produce energy (ATP). However, due to the overconsumption of ultra-processed foods, physical inactivity, and chronic stress, cells become overloaded with energy, leading directly toward Insulin Resistance.


Metabolic Dysfunction is also the primary silent driver behind major chronic conditions I discussed earlier—cardiovascular disease, cancer, and neurodegenerative decline.

(If you are interested in learning more about these major conditions—often dubbed the "Four Horsemen of Chronic Disease"—you can read about them [at this link]).


🏹 Evolutionary Mismatch: The Root Cause of Modern Diseases


Four women in colorful beaded skirts and shawls stand with arms crossed before tree trunks, showing a traditional, proud mood.
African Native Tribe

Our DNA and metabolic systems evolved over millions of years to adapt to a specific environment. Yet, in just a few short decades, our surrounding environment and lifestyle have shifted drastically.


🏛️ The Ancestral Lifestyle (Paleolithic Environment):


  • Daily Physical Activity: Our hunter-gatherer ancestors had to walk or run 5 to 10 miles every single day to secure food and shelter. Physical activity was an indispensable requirement for survival.


  • Feast & Famine Cycle: Ancestors did not have constant access to food; they frequently faced starvation. Because of this, the body developed high Metabolic Flexibility—storing fat during times of abundance and burning that fat during times of scarcity.


🏙️ The Modern Mismatch (Modern Environment):


  • Sedentary Lifestyle: Today, we don't even need to leave our chairs to get a meal, let alone walk 5 miles. Ultra-processed calories arrive at our door with a single click.


  • Constant Calorie Overload: There are no periods of fasting or famine; glucose and carbohydrates flow into the body continuously around the clock.


  • The Root Cause: When we take our "ancient DNA"—which was built to endure 5–10 miles of daily movement and periodic famine—and flood it 24/7 with calories while remaining completely sedentary, our mitochondria experience severe burnout. This is how Metabolic Dysfunction begins.


⚠️ The Hidden Epidemic: Thin Outside, Fat Inside (TOFI)


Many people assume, "I am not overweight and don't have belly fat, so my metabolic health must be fine." However, this is one of the biggest misconceptions.


  • Visceral Fat: Due to a sedentary lifestyle, an individual may appear thin on the outside while dangerous fat accumulates around internal organs like the liver and pancreas.


  • Mitochondrial Burnout: When mitochondria become overloaded and fail to function properly, systemic, low-grade inflammation begins to spread throughout the entire body.


🔍 Key Biomarkers to Monitor


Scientist in a lab, wearing gloves and glasses, holds a blood sample tube near a microscope and racks of colorful test vials.
Laboratory blood tests

To evaluate your own metabolic health and check for Metabolic Dysfunction, monitor the following blood tests and key indicators:


  • Fasting Insulin & Fasting Glucose: (Calculate your HOMA-IR score.)


  • HbA1c: Reflects average blood sugar control over the past 3 months.


  • Triglyceride-to-HDL Ratio: A high triglyceride level paired with low HDL is a major red flag for metabolic health.


  • Waist-to-Height Ratio: Your waist circumference should ideally be less than half of your height.


🛡️ The Longevity Protocol: How to Restore Metabolic Health


Four athletes do box squats in a bright gym, focused and determined, wearing workout gear on wooden plyo boxes.
Group doing exercise together

To reverse Metabolic Dysfunction, we must combine our ancestral blueprint with modern Lifestyle 3.0 interventions:


  1. Fuel Quality: Reduce ultra-processed carbohydrates and seed oils. Prioritize whole foods, high-quality protein, and healthy fats.


  2. Zone 2 Cardio (Replicating Ancestral Movement): Replicate the long daily walks of our ancestors with low-intensity, steady-state exercise to enhance mitochondrial fat oxidation.


  3. Resistance Training (Building a Glucose Sink): Muscle tissue acts as the largest sponge for absorbing glucose from the bloodstream; aim to lift weights 3 to 4 times a week.


  4. Intermittent Fasting / Time-Restricted Feeding: Mimic periods of famine to trigger autophagy (cellular cleanup) and restore insulin sensitivity.


The choice is ours: Will we send our cells signals of sugar and chronic inflammation, or will we send them signals of metabolic flexibility and longevity through our daily habits?

"Our DNA was built for movement and resilience, not constant calories and ease. Protect your energy powerhouses—your mitochondria—before the silent disease takes over."




Comments


bottom of page