How to Beat The 4 Horsemen of Chronic Disease
သင့်အသက်ကို နှုတ်ယူမယ့် ခေတ်သစ် မြင်းစီးသူရဲ (၄) ပါးအား အောင်နိုင်တော်မူခြင်း
(English version is below ; please continue scrolling )
ခေတ်သစ်ဆေးပညာ (Medicine 2.0) ကြောင့် လူတွေဟာ အရင်ခေတ်ကထက် ပိုမိုအသက်ရှည်လာကြတာ မှန်ပါတယ်။ ဒါပေမယ့် စာရင်းဇယားတွေအရ အသက် ၅၀ ကျော်လာတဲ့အခါ ကူးစက်ရောဂါတွေကြောင့် သေဆုံးရတာထက်၊ နာတာရှည်ရောဂါကြီး ၄ ခုကြောင့် သေဆုံးရတာက ၈၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။
Medicine 3.0 ရဲ့ ခေတ်သစ်မြင်းစီးသူရဲ (၄) ဦး
(ကျမ်းစာလာ ကမ္ဘာပျက်မြင်းစီးသူရဲများနှင့် ဆေးပညာခေတ်သစ် နာတာရှည်ရောဂါဆိုးများ)
၁။ မြင်းဖြူ (Pestilence) (မမြင်ရသော ရန်သူ၊ ကပ်ရောဂါဆိုး) | Atherosclerotic Cardiovascular Disease (ASCVD) နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ (Heart Attack, Stroke)။ သွေးကြောထဲမှာ အဆီတွေ တိတ်တဆိတ် စုပုံလာပြီး အချိန်မရွေး လူကို ရုတ်တရက် အသက်သေစေနိုင်တဲ့ ကပ်ဆိုးကြီး ဖြစ်လို့ပါ။ |
၂။ မြင်းနီ (War) (အချင်းချင်း တိုက်ခိုက် ဖျက်ဆီးခြင်း) | Cancer (ကင်ဆာရောဂါ) မိမိရဲ့ ကိုယ်ပိုင်ဆဲလ်တွေက ခန္ဓာကိုယ်ကြီးကို ပြန်လည်ပုန်ကန်တိုက်ခိုက်ပြီး ဓားပြတိုက် နယ်မြေချဲ့ထွင်ကာ ဖျက်ဆီးပစ်တာမို့လို့ ခန္ဓာကိုယ်တွင်းက ဖြစ်ပွားတဲ့ "စစ်ပွဲကြီး" နဲ့ တူပါတယ်။ |
၃။ မြင်းနက် (Famine) (ငတ်မွတ်ခေါင်းပါးခြင်း၊ စွမ်းအင်စနစ် ပျက်စီးခြင်း) | Neurodegenerative Disease (ဦးနှောက်ဆဲလ် ယိုယွင်းခြင်း) Alzheimer's, Dementia နဲ့ Parkinson's ရောဂါများ။ ဦးနှောက်ဆဲလ်တွေက စွမ်းအင် (Glucose) ကို ကောင်းကောင်း မရယူနိုင်တော့ဘဲ ငတ်မွတ်ဆာလောင်ကာ ဆဲလ်တွေ သေဆုံးကုန်တဲ့ ဖြစ်စဉ်မို့ ဖြစ်ပါတယ်။ |
၄။ မြင်းမွဲ (Death) (နောက်ကွယ်က အဆိပ်အတောက်၊ သေခြင်းတရား) | Metabolic Dysfunction / Type 2 Diabetes အင်ဆူလင်ကိုခုခံမှု၊ အသည်းအဆီဖုံးမှုနဲ့ အဝလွန်ခြင်း စတဲ့ ဇီဝကမ္မဖြစ်စဉ် ပျက်စီးမှုတွေပါ။ သူက ကျမ်းစာထဲကအတိုင်း ကျန်တဲ့ မြင်းစီးသူရဲ ၃ ကောင် (နှလုံး၊ ကင်ဆာ၊ အယ်လ်ဇိုင်းမား) စလုံး ဖြစ်ပွားအောင် ကန်လန်ကာနောက်ကနေ မြှောက်ပေးနေတဲ့ ပင်မတရားခံကြီး ဖြစ်ပါတယ်။ |
* မှတ်ချက်။ ။ ဤအချက်အလက်များသည် ဒေါက်တာ Peter Attia ၏ 'Outlive: The Science and Art of Longevity' စာအုပ်ပါ Medicine 3.0 သဘောတရားအခြေခံ ရှင်းလင်းချက်များ ဖြစ်ပါသည်။
ဒီရောဂါဆိုးကြီး ၄ ခုကို အိုမင်းရင့်ရော်ခြင်းသိပ္ပံမှာ "The Four Horsemen" (မြင်းစီးသူရဲ ၄ ပါး) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူတို့ကတော့:
၁။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ (Atherosclerotic Disease)
၂။ ကင်ဆာရောဂါ (Cancer)
၃။ ဦးနှောက်နှင့် အာရုံကြော ဇာတ်ပျက်ရောဂါများ (Neurodegenerative Disease)
၄။ ဇီဝကမ္မဖြစ်စဉ် ပျက်စီးခြင်း (Metabolic Dysfunction)
ဒီရန်သူတော် ၄ ပါးကို ဆေးရုံအိပ်ရာပေါ် ရောက်မှ လိုက်ကုတဲ့စနစ်ကတော့ အလုပ်မဖြစ်တော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ Medicine 3.0 ရဲ့ တက်ကြွတဲ့ မဟာဗျူဟာတွေ သုံးပြီး သူတို့ကို ဆယ်စုနှစ်နဲ့ချီ ကြိုတင်နှိမ်နင်းရပါမယ်။ အခု ပထမဆုံး ရန်သူတော်ကြီးအကြောင်းကို စတင်လေ့လာကြည့်ရအောင်ပါ။
၁။ ပထမမြောက် မြင်းစီးသူရဲ - Atherosclerotic Disease (နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ)
ဒါကတော့ ကမ္ဘာပေါ်မှာ လူသတ်အများဆုံး နံပါတ်တစ် တရားခံပါပဲ။ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးတာနဲ့ လေဖြတ်ခြင်း (Stroke) တွေက ဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။

The Mechanism (ဘယ်လို ဒုက္ခပေးလဲ): လူအများစုက သွေးထဲမှာ ကိုလက်စထရော (Cholesterol) များရင် နှလုံးရောဂါဖြစ်တယ်လို့ပဲ အရပ်စကားနဲ့ အလွယ်မှတ်ထားကြပါတယ်။ ဒါပေမယ့် တကယ့် သိပ္ပံနည်းကျ အမှန်တရားက သွေးကြောနံရံတွေထဲကို Sterols (အဆီမော်လီကျူးတွေ) သယ်ဆောင်ပြီး ထိုးဖောက်ဝင်ရောက်စေတဲ့ Apolipoprotein B (ApoB) လို့ခေါ်တဲ့ အမှုန်အမွှားလေးတွေကြောင့် ဖြစ်ပါတယ်။ ဒီ အမှုန်တွေက သွေးကြောနံရံမှာ ရောင်ရမ်းမှုဖြစ်စေပြီး တဖြည်းဖြည်း သွေးကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေတာပါ။
The Medicine 3.0 Blueprint (ဘယ်လို အနိုင်ယူမလဲ): သာမန် Lipid Profile စစ်ဆေးရုံနဲ့ မလုံလောက်ပါဘူး။ အသက် ၃၀ ကျော်တာနဲ့ ကိုယ့်ရဲ့ ApoB Level ကို တိတိကျကျ စစ်ဆေးပြီး အနိမ့်ဆုံးအဆင့်မှာ ရှိနေအောင် ထိန်းထားရပါမယ်။
Zone 2 Training: တစ်ပတ်ကို ၃ ကြိမ်ထက်မနည်း Zone 2 Cardio ပြုလုပ်ခြင်းက သွေးကြောတွေရဲ့ Elasticity (ရုန်းကန်နိုင်စွမ်း) ကို ကောင်းမွန်စေပြီး သွေးဖိအားကို တိုက်ရိုက် ကျဆင်းစေပါတယ်။
Nutritional Biochemistry: ⚠️ သိထားရမယ့် အဆီရန်သူ (၂) မျိုး - Saturated Fats နှင့် Trans Fats
၁။ Saturated fats ဆိုတာ အခန်းအပူချိန်မှာ ခဲသွားတတ်တဲ့ တိရစ္ဆာန်ထွက် အဆီအနှစ်တွေကို အဓိက ဆိုလိုတာပါ။ ဓာတုဗေဒဖွဲ့စည်းပုံအရ Hydrogen atom တွေ ပြည့်နှက်နေလို့ "ပြည့်ဝဆီ" လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီအဆီတွေက ခန္ဓာကိုယ်ထဲမှာ LDL (မကောင်းတဲ့ သွေးတွင်းအဆီ) နဲ့ ApoB Level ကို တိုက်ရိုက် မြင့်တက်စေပါတယ်။သွေးကြောနံရံကို ထိခိုက်စေပြီး ApoB မော်လီကျူးတွေကို မြင့်တက်စေတဲ့ ပင်မတရားခံ အစားအသောက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ပြည့်ဝဆီ (Saturated Fats) စားသုံးမှုကို လျှော့ချပြီး သွေးကြောအတွင်း ရောင်ရမ်းမှုကို လျှော့ချပေးမယ့် အစားအသောက်ပုံစံကို ပြောင်းလဲရပါမယ်။
ပြည့်ဝဆီ စားသုံးခြင်း နှင် ပတ်သက်၍ ငြင်းခုန်မှုတွေ့ အများကြီး ရှိနေပါတယ်။ တချို့ နှလုံးအထူးကု ဆရာဝန်တွေ့ ဟာ ပြည့်ဝဆီကို စားသုံးလျှင် သွေးထဲတွင် LDL ဆိုသော မကောင်းသောသွေးတွင်းအဆီ ကို တက်စေသောကြောင့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်ပွားမှုနှုန်းများစေတယ်လို့ ဆိုကျပါတယ်။ တခြား တဘက်မှတော့ ပြည့်ဝဆီ(Saturated fats)စားသုံးခြင်းဟာ သွေးထဲတွင် HDL(ကောင်းသော သွေးတွင်းအဆီ)ကို တက်စေတယ်လို့ ဆိုပါတယ်။
HDL ဟာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို မဖြစ်ပွားရန်ကာကွယ် ပေးတဲ့ ကောင်းသော အဆီပဲ ဖြစ်ပါတယ်။ အကယ် ၍ မိမိက အသက် ၄၀ ကျော် သွေးတိုးဆီချို ရောဂါရှိခြင်း နှင့် အဝလွန်နေပါက ပြည့်ဝအဆီ ကို ကန့်သတ်၍ စားသုံးခြင်းက ပိုမိုကောင်းမွန်ပါလိမ့်မယ်။ အကယ်က မိမိက ဘာရောဂါ အခံမှမရှိ active lifestyle ရှိ၍ fit ဖြစ်သော လူငယ် ဖြစ်ပါကပြည့်ဝဆီ ကို ကန့်သတ်စားသုံးရန် မလိုအပ်ပါဘူး။
၂။ Trans Fats (သွင်ပြင်ပြောင်းဆီ) - အန္တရာယ်အရှိဆုံး ဓာတုဆီ
Medicine 3.0 Framework အရ Trans fat ဆိုတာ "လူသားတွေ ဖန်တီးခဲ့သမျှ အစားအသောက်တွေထဲမှာ အဆိပ်အတောက် အဖြစ်ဆုံး အဆီ" လို့ သတ်မှတ်ထားပါတယ်။
သဘာဝအဆီ (ဟင်းသီးဟင်းရွက်ဆီ) ကို တာရှည်ခံအောင် Hydrogen အတင်းသွင်းပြီး အခဲဖြစ်အောင် (ဥပမာ - မာဂျရင်) ပြုပြင်ထားတဲ့ ဆီမျိုး ဖြစ်ပါတယ်။ သူက LDL (မကောင်းတဲ့အဆီ) ကို အဆမတန် မြင့်တက်စေရုံတင်မကဘဲ၊ သွေးကြောကို ကာကွယ်ပေးတဲ့ HDL (ကောင်းတဲ့အဆီ) ကိုပါ ထိုးဆင်းသွားစေလို့ နှလုံးရောဂါဖြစ်နိုင်ခြေကို ဒုံးကျည်လို အရှိန်နဲ့ မြင့်တက်စေပါတယ်။
ဘယ်အစားအသောက်တွေမှာ ပါဝင်လဲ:
Margerine (မာဂျရင်): ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီးတွေ ဖုတ်တဲ့အခါ သုံးတဲ့ ဆီခဲများ။
Deep-fried Foods: ဆီကြော်မုန့်များ (ဥပမာ - အကြော်စုံ၊ ဒိုးနတ်၊ ကြက်ကြော်၊ အာလူးကြော်) ကို ဆီဟောင်းတွေနဲ့ ထပ်ခါတလဲလဲ ကြော်ထားတဲ့ အစားအစာများ။
Processed Snacks: တာရှည်ခံအောင် ပြုပြင်ထားတဲ့ အထုပ်အပိုးသုံး မုန့်မျိုးစုံ။
၂။ ဒုတိယမြောက် မြင်းစီးသူရဲ - Cancer (ကင်ဆာရောဂါ)
ကင်ဆာဆိုတာ ကြားလိုက်ရုံနဲ့တင် လူတိုင်း ကျောချမ်းသွားတတ်တဲ့ ရောဂါဆိုးကြီးပါ။
The Mechanism (ဘယ်လို ဒုက္ခပေးလဲ): ကင်ဆာဖြစ်ပွားပုံရဲ့ အဓိကဖြစ်စဉ် (Mechanism) ဟာ ခန္ဓာကိုယ်ထဲက ပုံမှန်ဆဲလ် (Cell) လေးတွေရဲ့ DNA မျိုးရိုးဗီဇ ထိခိုက်ပျက်စီးပြီး ပုံပြောင်းသွားရာကနေ စတင်တာပါ။ သာမန်ဆဲလ်တွေဟာ အိုမင်းပျက်စီးသွားရင် ကိုယ့်ဖာသာ ဓာတ်ကွဲသေဆုံးတဲ့စနစ် (Apoptosis) နဲ့ ပျောက်ကွယ်သွားလေ့ရှိပေမယ့်၊ ကင်ဆာဆဲလ်တွေကတော့ အဲဒီသေဆုံးခြင်းစနစ်ကို ကျော်ဖြတ်ပြီး မသေနိုင်တဲ့ အမြဲစိမ်းစွမ်းအား (Replicative Immortality) ကို ရရှိသွားကြပါတယ်။

Normal cell vs cancer cell division ထိုသို့ ဘရိတ်ပေါက်သွားတဲ့ ကင်ဆာဆဲလ်တွေဟာ ခန္ဓာကိုယ်ရဲ့ အမိန့်ပေးထိန်းချုပ်မှုအပြင်ဘက်ကို ရောက်ရှိကာ အကန့်အသတ်မရှိ အရှိန်အဟုန်နဲ့ ဆက်တိုက်ပွားများလာပြီး အကျိတ် (Tumor) အဖြစ် ပြောင်းလဲလာပါတယ်။ ထို့နောက် ၎င်းတို့ ကြီးထွားဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိရန် ခန္ဓာကိုယ်ထဲက သကြားဓာတ် (Glucose) တွေကို အလွန်အကျွံ လုယူစားသုံးကြပြီး (Warburg Effect)၊ အာဟာရပြတ်မသွားအောင် ခန္ဓာကိုယ်ဆီကနေ သွေးကြောအသစ်တွေကို ၎င်းတို့ဆီ အရောက် အတင်းအဓမ္မ လမ်းဖောက်ယူကြပါတယ် (Angiogenesis)။
နောက်ဆုံးအဆင့်မှာတော့ ဒီကင်ဆာဆဲလ်တွေဟာ ပင်မအကျိတ်ကနေ ခွာထွက်ပြီး သွေးကြော သို့မဟုတ် သွေးပြန်ကြောတွေထဲ စီးမျောကာ အဆုတ်၊ အသည်း၊ ဦးနှောက် စတဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေဆီ ပျံ့နှံ့ရောက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဇီဝကမ္မစနစ်ကို ဖျက်ဆီးပစ်ကြခြင်း ဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့ရဲ့ Cells (ဆဲလ်) တွေထဲက DNA တွေ ပျက်စီး mutations (ပုံပြောင်း) သွားပြီး၊ ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်မှုအပြင်ဘက် ရောက်ကာ အကန့်အသတ်မရှိ ပွားများလာခြင်း ဖြစ်ပါတယ်။ ခေတ်သစ်ဆေးပညာ (Medicine 2.0) က ကင်ဆာ အဆင့် ၃၊ အဆင့် ၄ ရောက်မှ ဓာတ်ရောင်ခြည်ပြ၊ ဆေးသွင်း (Chemotherapy) ပြီး လိုက်ကုရတဲ့အတွက် အောင်မြင်မှုနှုန်း နည်းပါးရခြင်း ဖြစ်ပါတယ်။
The Medicine 3.0 Blueprint (ဘယ်လို အနိုင်ယူမလဲ): ကင်ဆာကို အနိုင်တိုက်ဖို့ အကောင်းဆုံးနည်းလမ်းက "ကုသခြင်း" မဟုတ်ပါဘူး၊ "စောစောစီးစီး ရှာဖွေဖော်ထုတ်ခြင်း (Aggressive Early Screening)" သာ ဖြစ်ပါတယ်။ ဆဲလ်အဆင့်မှာတင် စောစောသိရင် ကုသရတာ ရာနှုန်းပြည့်နီးပါး အောင်မြင်နိုင်ပါတယ်။
Metabolic Shield: ကင်ဆာဆဲလ်တွေဟာ သူတို့ပွားများဖို့အတွက် ဂလူးကို့စ် (သကြားဓာတ်) ကို အလွန်အကျွံ သုံးစွဲကြပါတယ် (Warburg Effect)။ ဒါကြောင့် သွေးတွင်း အင်ဆူလင်နဲ့ သကြားဓာတ်ကို အမြဲထိန်းထားခြင်းက ကင်ဆာဆဲလ်တွေ အာဟာရမရအောင် "အစာဖြတ်" တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
Autophagy နှိုးဆွခြင်း: အစာရှောင်ခြင်း (Fasting) သို့မဟုတ် ကာလိုရီစနစ်တကျ လျှော့ချခြင်းက ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ ဆဲလ်ဟောင်းတွေ၊ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ဆဲလ်တွေကို ကိုယ်တိုင် ပြန်လည်ရှင်းလင်းပစ်တဲ့ Autophagy (ဆဲလ်အမှိုက်ရှင်းစနစ်) ကို အသက်ဝင်စေပါတယ်။
၃။ တတိယမြောက် မြင်းစီးသူရဲ - Neurodegenerative Disease (ဦးနှောက်နှင့် အာရုံကြော ဇာတ်ပျက်ရောဂါများ)
ဒါကတော့ အသက်ရှင်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘဝါးမှန်း မသိတော့ဘဲ ဘဝဇာတ်သိမ်းမလှရတဲ့ Alzheimer’s (အယ်လ်ဇိုင်းမား) နဲ့ Dementia (သူငယ်ပြန်မေ့လျော့ရောဂါ) တွေ ဖြစ်ပါတယ်။

Comparison of healthy brain and atrophied brain The Mechanism (ဘယ်လို ဒုက္ခပေးလဲ): ဦးနှောက်ဆဲလ်တွေကြားထဲမှာ Amyloid-beta နဲ့ Tau လို့ခေါ်တဲ့ ပရိုတင်းအဆိပ်အတောက်တွေ အနည်ထိုင် ပိတ်ဆို့လာပြီး အာရုံကြောဆဲလ်တွေ တဖြည်းဖြည်း သေဆုံးသွားခြင်း ကြောင့် ဖြစ်ပါတယ်။ ဒါဟာ အသက် ၇၀ မှ ရုတ်တရက် ဖြစ်လာတာမဟုတ်ဘဲ အသက် ၃၀၊ ၄၀ ကတည်းက ဦးနှောက်ထဲမှာ တိတ်တဆိတ် အနည်ထိုင်လာခဲ့တာ ဖြစ်ပါတယ်။
The Medicine 3.0 Blueprint (ဘယ်လို အနိုင်ယူမလဲ): ဦးနှောက်ဇာတ်ပျက်ရောဂါတွေအတွက် တိကျတဲ့ ကုသဆေး အခုထိ မရှိသေးပါဘူး။ ဒါကြောင့် "ကာကွယ်ခြင်း" တစ်ခုတည်းကသာ အကြွင်းမဲ့ အမှန်တရား ဖြစ်ပါတယ်။
Sleep is Your Brain’s Dishwasher: ကျွန်တော်တို့ ကောင်းကောင်းအိပ်ပျော်နေတဲ့အချိန် (Deep Sleep) ကျမှသာ ဦးနှောက်ထဲက အမှိုက်တွေနဲ့ အဆိပ်အတောက်တွေကို Glymphatic System က ရေဆေးချသလို သန့်စင်ပေးတာ ဖြစ်ပါတယ်။ အိပ်ရေးပျက်ခံခြင်းက ဦးနှောက်ထဲ အဆိပ်စုဆောင်းမှုကို မြန်ဆန်စေပါတယ်။
Exercise as Neuroprotective Medicine: လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်ထဲမှာ BDNF (Brain-Derived Neurotrophic Factor) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ သူက ဦးနှောက်ရဲ့ အာရုံကြောဆဲလ်အသစ်တွေကို တည်ဆောက်ပေးပြီး မှတ်ဉာဏ်ဗဟိုချက်ကို ကာကွယ်ပေးတဲ့ အရံအတား (Cognitive Reserve) ကို ခိုင်မာစေပါတယ်။
၄။ စတုတ္ထမြောက် မြင်းစီးသူရဲ - Metabolic Dysfunction (ဇီဝကမ္မဖြစ်စဉ် ပျက်စီးခြင်း)
ဒီစတုတ္ထမြောက် မြင်းစီးသူရဲကတော့ ကျန်တဲ့ ရန်သူ ၃ ယောက် (နှလုံးရောဂါ၊ ကင်ဆာ၊ အယ်လ်ဇိုင်းမား) စလုံးကို ပိုပြီး ကြောက်စရာကောင်းလာအောင်၊ ပိုပြီး မြန်မြန်ဆန်ဆန် ဒုက္ခပေးနိုင်အောင် နောက်ကွယ်ကနေ စွမ်းအင်တွေ ထောက်ပံ့ပေးနေတဲ့ "ပင်မ ရေဒီယိုသတ္တိကြွ စက်ရုံကြီး" ပါပဲ။ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အင်ဆူလင်ခုခံမှု မြင့်မားခြင်း (Insulin Resistance) နဲ့ ဆီးချိုရောဂါ Type 2 တွေက ဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။

The Mechanism (ဘယ်လို ဒုက္ခပေးလဲ): ကျွန်တော်တို့ စားလိုက်တဲ့ အစားအသောက်တွေကနေ သွေးတွင်းဂလူးကို့စ် (သကြားဓာတ်) တွေ အမြဲတမ်း ပိုလျှံနေတဲ့အခါ၊ ခန္ဓာကိုယ်က အဲဒီသကြားတွေကို ဆဲလ်တွေထဲ အတင်းရိုက်သွင်းဖို့အတွက် အင်ဆူလင် (Insulin) ဟော်မုန်းတွေကို အဆမတန် ထုတ်လုပ်ရပါတော့တယ်။ ကာလကြာလာတဲ့အခါ ဆဲလ်တွေက အင်ဆူလင်ကို လက်မခံတော့ဘဲ "ခုခံ" လာကြပါတယ် (Insulin Resistance)။ ဒီလိုနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာတာရှည် ရောင်ရမ်းမှုတွေ (Chronic Inflammation) ဖြစ်ပွားပြီး ဆဲလ်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံး ဇာတ်ပျက်သွားရခြင်း ဖြစ်ပါတယ်။
The Medicine 3.0 Blueprint (ဘယ်လို အနိုင်ယူမလဲ): ဇီဝကမ္မဖြစ်စဉ် ပြန်လည်ကောင်းမွန်ဖို့အတွက် သောက်ဆေးတွေထက် ပိုမိုစွမ်းပကားထက်မြက်တဲ့ လက်နက် (၂) ခု ရှိပါတယ်။
Zone 2 Training & Muscle Mass: ကြွက်သားတွေဟာ ခန္ဓာကိုယ်ရဲ့ "ဂလူးကို့စ်အမှိုက်ပုံး (Glucose Sink)" တွေ ဖြစ်ပါတယ်။ Zone 2 Cardio နဲ့ Strength Training လုပ်ပြီး ကြွက်သားထု တည်ဆောက်ထားခြင်းက အင်ဆူလင် မလိုဘဲ သွေးတွင်းသကြားဓာတ်ကို ဆဲလ်တွေထဲ အလိုအလျောက် စုပ်ယူသွားစေလို့ Metabolic Health ကို အမြန်ဆုံး ပြန်လည်ကောင်းမွန်စေပါတယ်။
Nutritional Biochemistry (Carbohydrate Restriction): သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ် (ဥပမာ - အချိုရည်များ၊ သကြား၊ ဂျုံဖြူဖြင့်လုပ်သော မုန့်များ) စားသုံးမှုကို ပြတ်ပြတ်သားသား လျှော့ချပြီး Protein နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကို မျှတအောင် စားသုံးရပါမယ်။

နိဂုံးချုပ်အနေနဲ့
ခေတ်သစ် မြင်းစီးသူရဲ ၄ ပါးဟာ ကျွန်တော်တို့ အသက် ၇၀၊ ၈၀ ရောက်မှ မိုးကျရွှေကိုယ် ရုတ်တရက် ရောက်လာကြတာ မဟုတ်ပါဘူး။ သူတို့ဟာ အခု မိတ်ဆွေရဲ့ အသက် ၃၀၊ ၄၀ အရွယ်ကတည်းက ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် နေရာယူပြီး အမြစ်တွယ်နေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ရောဂါဖြစ်မှ ဆေးရုံတက်ကုတဲ့ Medicine 2.0 ရဲ့ လမ်းဟောင်းအတိုင်း သွားမလား? သို့မဟုတ် အခုကတည်းက ApoB စစ်ဆေးမယ်၊ Zone 2 လေ့ကျင့်ခန်းလုပ်မယ်၊ ကြွက်သားထု တည်ဆောက်မယ်၊ အိပ်စက်ခြင်းနဲ့ အာဟာရကို Precise ဖြစ်အောင် ထိန်းညှိမယ့် Medicine 3.0 ရဲ့ Blueprint အတိုင်း သွားမလားဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ကျနော်တို့ ရဲ့ disclaimer ကို ဒီလင့် ကနေဖတ်ရှုနိုင်ပါတယ်
မိတ်ဆွေ အနေ နဲ့ အသက်ရှည်ကျန်းမာခြင်း အနုပညာဆောင်းပါးတွေ့ က ဖတ်ရှုချင်တယ် ဆိုရင် ဒီလင့် ကတဆင့် ဝင်ရောက် လေ့လာနိုင်ပါတယ် ခင်ဗျ....
📚 The 4 Horsemen အတွက် Reference Links
၁။ Atherosclerotic Disease (ApoB & Heart Health)
သုတေသနစာတမ်း: Apolipoprotein B Particles and Cardiovascular Disease Risk (JAMA Network)
နှိပ်ရမယ့်လင့်ခ်: https://jamanetwork.com/journals/jama/fullarticle/2788327
စာသားအညွှန်း: "ApoB အမှုန်အမွှားတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေတဲ့ အဓိက တရားခံဖြစ်ကြောင်း JAMA စာတမ်းအရ ကိုးကားထားပါတယ်။"
၂။ Cancer (Metabolic Health & Warburg Effect)
သုတေသနစာတမ်း: Targeting Cancer Metabolism: The Warburg Effect (National Institutes of Health - NIH)
နှိပ်ရမယ့်လင့်ခ်: https://www.ncbi.nlm.nih.gov/pmc/articles/PMC4783224/
စာသားအညွှန်း: "ကင်ဆာဆဲလ်တွေရဲ့ ဂလူးကို့စ်အသုံးချမှုဖြစ်စဉ် (Warburg Effect) နှင့်ပတ်သက်၍ NIH သုတေသနစာတမ်းအား ကိုးကားထားပါတယ်။"
၃။ Neurodegenerative Disease (Sleep & Glymphatic System)
သုတေသနစာတမ်း: The Glymphatic System: Waste Clearance in the Brain (Science Journal)
နှိပ်ရမယ့်လင့်ခ်: https://www.science.org/doi/10.1126/science.1241224
စာသားအညွှန်း: "ညဘက်အိပ်ပျော်ချိန် ဦးနှောက်ထဲက အဆိပ်အတောက်တွေကို Glymphatic System က ရှင်းလင်းပုံအား Science စာတမ်းအရ ကိုးကားထားပါတယ်။"
၄။ Metabolic Dysfunction (Insulin Resistance & Longevity)
သုတေသနစာတမ်း: Insulin Resistance and Chronic Metabolic Diseases (Nature Medicine)
နှိပ်ရမယ့်လင့်ခ်: https://www.nature.com/articles/nm.4103
စာသားအညွှန်း: "အင်ဆူလင်ခုခံမှု မြင့်မားခြင်းက နာတာရှည်ရောဂါတွေကို ဘယ်လို လှုံ့ဆော်ပေးလဲဆိုတာ Nature Medicine စာတမ်းအရ ကိုးကားထားပါတယ်။"
The Four Horsemen of Medicine 3.0
Biblical Apocalypse Horsemen vs. Modern Chronic Diseases
It is a undeniable fact that modern medicine (Medicine 2.0) has allowed humans to live much longer than in previous generations. However, statistics show that once people pass the age of 50, rather than dying from infectious diseases, over 80% of deaths are caused by four specific chronic illnesses.
In the science of longevity, these four deadly diseases are famously conceptualized as "The Four Horsemen". They are:
Atherosclerotic Cardiovascular Disease (ASCVD)
Cancer
Neurodegenerative Disease (Alzheimer's, Dementia, Parkinson's)
Metabolic Dysfunction / Type 2 Diabetes
Waiting until you are in a hospital bed to treat these four enemies is a failing strategy. Through the proactive framework of Medicine 3.0, we must combat and neutralize them decades before they fully manifest.
Let’s explore our first major adversary.
1. The White Horse (Pestilence): Atherosclerotic Cardiovascular Disease (ASCVD)
The Unseen Enemy, The Silent Epidemic
This is the number one killer on the planet, encompassing coronary artery disease, hypertension, and strokes. Fat and cholesterol accumulate silently inside the arterial walls, acting as a ticking time bomb that can abruptly end a life at any moment.

🧬 The Mechanism
Most people simplistically believe that having high cholesterol in the blood automatically causes heart disease. However, the rigorous scientific truth points to Apolipoprotein B (ApoB). These are specific particles that carry and drive sterols (fat molecules) directly into the endothelial lining of the arterial walls. Once trapped inside, these particles oxidize and trigger an inflammatory response, gradually building up arterial plaque and leading to blockages.
🛠️ The Medicine 3.0 Blueprint
ApoB Testing: Relying on a standard lipid profile is insufficient. Once you cross the age of 30, you must precisely test your ApoB levels and actively manage them to keep them as low as possible.
Zone 2 Training: Engaging in Zone 2 Cardio at least three times a week improves the structural elasticity of blood vessels and directly lowers blood pressure.
Nutritional Biochemistry: You must strictly identify and manage the two major dietary enemies: Saturated Fats and Trans Fats.
⚠️ Dietary Fat Analysis
Saturated Fats: These are primarily animal-derived fats that remain solid at room temperature. Chemically, they are "saturated" with hydrogen atoms. These fats can directly elevate both LDL (bad cholesterol) and ApoB levels in the body.
The Saturated Fat Debate: There is considerable ongoing debate surrounding saturated fat consumption. Many cardiologists maintain that saturated fats raise harmful LDL levels, thereby increasing the risk of cardiovascular disease. Conversely, another camp argues that saturated fats also raise HDL (good cholesterol), which helps clear cholesterol from the blood and protects against heart disease.
Clinical Recommendation: If you are over 40, suffer from hypertension or diabetes, or are overweight, restricting saturated fat intake is highly advisable. However, if you are a young, highly active, and physically fit individual with no underlying health conditions, strict restriction of saturated fat may not be necessary.
Trans Fats (The Toxic Artificial Fat): Under the Medicine 3.0 framework, trans fats are classified as the most toxic, hazardous fats ever created by humans. They are produced by artificially forcing hydrogen into liquid vegetable oils to make them solid (e.g., margarine) to extend shelf life. Trans fats drastically elevate harmful LDL while simultaneously crushing protective HDL levels, sending heart disease risks skyrocketing like a rocket.
Where they are found: Margarine (used extensively in baking cakes, breads, and cookies), Deep-fried Foods (street snacks, donuts, fried chicken, and french fries cooked repeatedly in degraded, overheated oil), and Processed Snacks (shelf-stable packaged commercial goods).
2. The Red Horse (War): Cancer
The Internal Rebellion and Mutual Destruction
Cancer is a devastating diagnosis that causes universal dread. It represents an internal war where a person's own cells rebel against the body, violently multiplying and aggressively seizing territory.

🧬 The Mechanism
The core mechanism of oncogenesis begins when the DNA of normal cells suffers severe genetic mutations and becomes fundamentally damaged. While normal cells undergo programmed cell death (Apoptosis) when they become old or damaged, cancer cells bypass this cellular suicide switch. Instead, they acquire Replicative Immortality—the ability to live and divide indefinitely.
Once these unbraked cancer cells escape the body's regulatory control systems, they proliferate at an exponential rate, forming a tumor. To sustain their explosive growth, they aggressively hijack the body's glucose reserves for energy (known as the Warburg Effect). To prevent nutrient starvation, they forcibly signal the body to grow brand-new networks of blood vessels directly to the tumor (a process called Angiogenesis).
In the final stages, these malignant cells detach from the primary tumor, enter the bloodstream or lymphatic system, and migrate to vital organs such as the lungs, liver, or brain (Metastasis), ultimately shattering the body's entire physiological equilibrium. Medicine 2.0 typically intercepts cancer at Stage 3 or Stage 4 using late-stage interventions like radiation and chemotherapy, which is why treatment success rates remain tragically low.
🛠️ The Medicine 3.0 Blueprint
The absolute best strategy to defeat cancer is not late-stage treatment; it is aggressive, early, and highly proactive screening. Detecting abnormalities at the nascent cellular level makes treatment almost 100% successful.
Metabolic Shield: Because cancer cells rely overwhelmingly on glucose to fuel their rapid multiplication (the Warburg Effect), keeping your baseline blood glucose and insulin levels strictly optimized essentially starves them of their primary fuel source.
Autophagy Activation: Strategic fasting or structured caloric restriction activates Autophagy—the body's internal cellular cleanup mechanism. This process systematically breaks down and clears away damaged cellular debris and potentially pre-cancerous cells.
3. The Black Horse (Famine): Neurodegenerative Disease
The Starvation and Decay of Brain Cells
This category represents devastating conditions like Alzheimer's, Dementia, and Parkinson's disease, where individuals gradually lose their cognitive identity, completely erasing who they are before they physically pass away.
🧬 The Mechanism
Neurodegeneration occurs when toxic protein aggregates, specifically Amyloid-beta and Tau, steadily deposit and form plaques between brain cells, choking off and systematically destroying neurons. This does not happen suddenly at age 70; these toxic plaques begin silently precipitating and accumulating in the brain when a person is in their 30s or 40s. Because brain cells lose the ability to properly utilize glucose for energy, they essentially starve to death.

🛠️ The Medicine 3.0 Blueprint
Because there is currently no definitive cure to reverse advanced neurodegenerative diseases, absolute prevention is the only viable path forward.
Sleep is Your Brain’s Dishwasher: During periods of deep sleep, the brain's Glymphatic System becomes highly active, effectively flushing out metabolic waste and toxic protein accumulations like a cellular dishwasher. Chronic sleep deprivation severely accelerates the buildup of these toxins.
Exercise as Neuroprotective Medicine: Physical exercise directly triggers the release of BDNF (Brain-Derived Neurotrophic Factor) in the brain. This crucial hormone stimulates the growth of new neurons and fortifies your Cognitive Reserve, establishing a robust structural shield that protects your memory centers.
4. The Pale Horse (Death): Metabolic Dysfunction
The Hidden Poison, The Ultimate Catalyst
This final horseman acts as the hidden, radioactive powerhouse behind the scenes. It continuously fuels and accelerates the other three adversaries (heart disease, cancer, and Alzheimer's), making them vastly more dangerous and destructive. This category includes obesity, Non-Alcoholic Fatty Liver Disease (NAFLD), severe insulin resistance, and Type 2 Diabetes.

🧬 The Mechanism
When a diet consistently floods the bloodstream with excess glucose, the pancreas is forced to pump out massive, continuous amounts of Insulin to force that sugar out of the blood and into the cells. Over years of chronic exposure, the cells eventually become desensitized and actively "resist" the hormone, leading to Insulin Resistance. This systemic failure sparks widespread, chronic inflammation throughout the entire body, completely deranging cellular metabolism and degrading the entire physiological architecture.
🛠️ The Medicine 3.0 Blueprint
To successfully reverse metabolic dysfunction, changes in lifestyle biochemistry are profoundly more powerful than any prescription medication.
Zone 2 Training & Muscle Mass: Skeletal muscle serves as the primary "Glucose Sink" of the human body. Building lean muscle mass through strength training and conditioning it via Zone 2 Cardio allows your body to pull glucose directly out of the bloodstream into muscle cells without even requiring insulin. This is the fastest, most effective way to restore pristine metabolic health.
Nutritional Biochemistry (Carbohydrate Restriction): You must decisively cut down on refined carbohydrates, such as sugary beverages, added sugars, and white flour products. Instead, pivot your diet toward high-quality protein and healthy, nutrient-dense fats.
Conclusion
The Four Horsemen of modern chronic disease do not suddenly descend upon us out of nowhere when we turn 70 or 80. They are quietly invading, taking root, and establishing their foundations inside your body right now, during your 30s and 40s.
The choice remains entirely yours: Will you follow the old path of Medicine 2.0—waiting passively for severe symptoms to appear before checking into a hospital? Or will you adopt the proactive blueprint of Medicine 3.0—actively testing your ApoB, committing to Zone 2 cardiovascular training, building protective muscle mass, and precisely optimizing your sleep and nutritional biochemistry?
You can read our disclaimer via this link.
If you wish to study the longevity science backed blog , you can read via this link.
📚 Research Reference Links
Atherosclerotic Disease (ApoB & Heart Health)
Research Paper: Apolipoprotein B Particles and Cardiovascular Disease Risk (JAMA Network)
URL: https://jamanetwork.com/journals/jama/fullarticle/2788327
Citation Note: Evidence demonstrating ApoB particles as the primary driving mechanism behind coronary artery disease is derived from the JAMA network publication.
Cancer (Metabolic Health & Warburg Effect)
Research Paper: Targeting Cancer Metabolism: The Warburg Effect (National Institutes of Health - NIH)
Citation Note: Insights regarding cellular glucose hyper-utilization by tumors (The Warburg Effect) are referenced from the official NIH research database.
Neurodegenerative Disease (Sleep & Glymphatic System)
Research Paper: The Glymphatic System: Waste Clearance in the Brain (Science Journal)
Citation Note: The operational dynamics of the Glymphatic system clearing neurotoxic waste during sleep are sourced from the Science journal publication.
Metabolic Dysfunction (Insulin Resistance & Longevity)
Research Paper: Insulin Resistance and Chronic Metabolic Diseases (Nature Medicine)
Citation Note: Data detailing how insulin resistance serves as the primary inflammatory driver for chronic systemic diseases is adapted from Nature Medicine.




Comments