top of page

The Molecular Nutrition of Longevity

  • eternalhealthmd
  • 2 hours ago
  • 4 min read

အသက်ရှည်ကျန်းမာခြင်းရဲ့ မော်လီကျူးအဆင့် အာဟာရဗေဒ (The Molecular Nutrition of Longevity)




Two elderly people in dark traditional clothing and headwraps stand indoors in a rustic wooden room, calmly posing.
Elderly couple smiling

ကျွန်တော်တို့ ခန္ဓာကိုယ် ဇရာအိုမင်းလာခြင်း (Aging) ဟာ ရှောင်လွှဲမရတဲ့ သဘာဝတရားတစ်ခု မဟုတ်တော့ဘဲ မော်လီကျူးအဆင့်၊ ဆဲလ်အဆင့်မှာ ပြုပြင်ပြောင်းလဲလို့ရတဲ့ ဖြစ်စဉ်တစ်ခု (Modifiable biological process) ဖြစ်တယ်ဆိုတာကို ခေတ်သစ် ဆေးသိပ္ပံပညာက သက်သေပြနေပါပြီ။


သင် နေ့စဉ် စားသောက်လိုက်တဲ့ အစားအစာတိုင်းဟာ သာမန် ကယ်လိုရီ ဖြည့်တင်းရုံတင် မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်ထဲက အိုမင်းရင့်ရော်မှုကို ထိန်းချုပ်နေတဲ့ Longevity Genes (အသက်ရှည်စေမယ့် မျိုးဗီဇများ) ကို ဖွင့်ပေးမလား၊ ပိတ်ပစ်မလားဆိုတဲ့ Biological Signals (ဇီဝဗေဒဆိုင်ရာ အချက်ပြမှု) တွေပဲ ဖြစ်ပါတယ်။

သက်တမ်းရှည်ရုံတင်မကဘဲ ရောဂါကင်းကင်းနဲ့ သန်သန်မာမာ နေထိုင်နိုင်မယ့် Healthspan (ကျန်းမာသက်တမ်း) ကို တိုးမြှင့်ဖို့အတွက် ထိပ်တန်း အာဟာရဗေဒ သုတေသနဂျာနယ် (Nutrition Journals) များက အကြံပြုထားတဲ့ အထောက်အထားခိုင်မာတဲ့ မဟာဗျူဟာ (၇) ခုကို တင်ပြပေးချင်ပါတယ်။


၁။ Epigenetic Signaling: အစားအစာဖြင့် Longevity Genes များကို ထိန်းချုပ်ခြင်း


Snowy storm with red left-turn traffic light and a No Turn on Red sign against a dark sky and lightning.
Traffic light in snow

ကျွန်တော်တို့ရဲ့ DNA Sequence (ဗီဇတည်ဆောက်ပုံ) ကို ပြောင်းလဲလို့ မရပေမယ့်၊ အဲ့ဒီ Genes တွေ အလုပ်လုပ်ပုံ (Gene Expression) ကိုတော့ ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပြောင်းလဲလို့ ရပါတယ်။ ဒါကို Epigenetics လို့ ခေါ်ပါတယ်။


Nature Reviews Genetics နှင့် Nutrients ဂျာနယ်ပါ သုတေသနများအရ အချို့သော အာဟာရဓာတ်များသည် DNA Methylation နှင့် Histone Modification ဖြစ်စဉ်များကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ကို ရောဂါကာကွယ်ပေးသည့် Sirtuins (SIRT1-7) ကဲ့သို့သော Longevity Genes များကို အသက်ဝင် (Turn ON) စေကာ၊ ကင်ဆာနှင့် ရောင်ရမ်းမှုကို ဖြစ်စေသော Genes များကို ပိတ်ပစ် (Turn OFF) နိုင်ကြောင်း တွေ့ရှိရပါတယ်။


  • Clinical Application: Sirtuin Genes များကို လှုံ့ဆော်ပေးသည့် Sirtfoods များ (ဥပမာ - ကိုကိုး/Dark Chocolate၊ သံလွင်ဆီ၊ လက်ဖက်စိမ်း၊ ကြက်သွန်နီ နှင့် ဗယ်ရီသီးများ) ကို နေ့စဉ် စားသောက်မှုပုံစံတွင် ထည့်သွင်းစားသုံးပေးရမည်။


၂။ "Exercise Cannot Outrun a Bad Diet" အယူအဆနှင့် Metabolic Health


Overhead view of four people holding burgers and fries at a diner table with colas and ketchup on a shiny metal surface.
Sharing burgers

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည် Cardiovascular Health နှင့် Musculoskeletal System အတွက် ကောင်းမွန်သော်လည်း အာဟာရချို့ယွင်းဆိုးရွားသော အစားအသောက်ပုံစံ (High-sugar/Processed diet) ၏ ဆိုးကျိုးများကို လေ့ကျင့်ခန်းလုပ်ရုံသက်သက်ဖြင့် မကာမိနိုင်ပါ။


 British Journal of Sports Medicine (BJSM) တွင် ဖော်ပြထားသော အကြီးစား Longitudinal Study တစ်ခုအရ လေ့ကျင့်ခန်း အလွန်အကျွံလုပ်သော်လည်း အရည်အသွေးမပြည့်ဝသော အစားအစာများကို စားသုံးသူများသည် လေ့ကျင့်ခန်း သိပ်မလုပ်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးသူများထက် All-cause Mortality (အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေ) ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။ သကြားနှင့် သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်များပြားသော Diet ကြောင့် ဖြစ်ပေါ်လာသည့် Visceral Fat (ကလီစာတွင်းအဆီ) စုပုံခြင်း၊ Insulin Resistance နှင့် သွေးကြောအတွင်း Atherosclerosis (အဆီခဲပိတ်ဆို့ခြင်း) ဖြစ်စဉ်များကို လေ့ကျင့်ခန်းတစ်ခုတည်းဖြင့် အပြည့်အဝ မကာကွယ်နိုင်ပါ။


  • Clinical Application: အားကစားကို မည်မျှပင် ပြင်းထန်စွာ လုပ်ဆောင်စေကာမူ ဇီဝကမ္မဖြစ်စဉ် တည်ငြိမ်မှု (Metabolic homeostasis) ကို ထိန်းသိမ်းရန်အတွက် အာဟာရဗေဒဆိုင်ရာ စည်းကမ်းကို ပထမဦးစားပေး (၈၀%) အနေဖြင့် သတ်မှတ်ရပါမည်။


၃။ Cellular Membrane & DNA Protection အတွက် Omega-3 Fatty Acids


Skillet of salmon in creamy orange sauce topped with lemon slices, herbs, and pepper on a light marble surface.
Salmon in cream sauce

ဆဲလ်အမြှေးပါးများ၏ ပျော့ပျောင်းမှု (Cell membrane fluidity) နှင့် သွေးကြောများ ကျန်းမာရေးသည် ကျွန်တော်တို့ စားသုံးလိုက်သော ဖက်တီးအက်ဆစ် အမျိုးအစားပေါ်တွင် တိုက်ရိုက်မူတည်နေသည်။


The Lancet Healthy Longevity နှင့် Journal of Clinical Lipidology တို့၏ သုတေသနများအရ Omega-3 Polyunsaturated Fatty Acids (EPA/DHA) သည် DNA ၏ အဖျားပိုင်း သက်တမ်းကာကွယ်ပေးသည့် အစိတ်အပိုင်း (Telomeres) တိုတောင်းခြင်းကို နှေးကွေးစေပြီး၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လျှော့ချပေးသည်။


  • Omega-3 ကြွယ်ဝသော အစားအစာများ (Food Sources):


    • Marine Sources (EPA/DHA): ဆယ်လ်မွန်ငါး (Salmon)၊ မက်ကရယ်ငါး (Mackerel)၊ ဆာဒင်းငါး (Sardines) နှင့် တူနာငါး (Tuna) ကဲ့သို့သော ပင်လယ်ရေအေးငါးများ။


    • Plant-Based Sources (ALA): သစ်ကြားသီး (Walnuts)၊ ဖလက်ဆိဒ် (Flaxseeds)၊ ချီယာစိမ်း (Chia seeds) နှင့် နှမ်းကြတ်စေ့များ။


  • Clinical Application: ခန္ဓာကိုယ်တွင်း Omega-6 to Omega-3 Ratio ကို မျှတစေရန် (၄:၁ ခန့်ဖြစ်စေရန်) သန့်စင်ပြီး ဟင်းသီးဟင်းရွက်ဆီများကို လျှော့ချ၍ အထက်ပါ Omega-3 ကြွယ်ဝသော အစားအစာများကို တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်မှ ၃ ကြိမ်အထိ စားသုံးသင့်ပါတယ်။


၄။ Protein Optimisation: Sarcopenia ကို တားဆီးခြင်းနှင့် အမိုင်နိုအက်ဆစ်များ၏ အခန်းကဏ္ဍ


Mixed grill platter
Mixed grill platter

အသက် ၃၀ ကျော်လာသည်နှင့်အမျှ လူတစ်ဦးသည် တစ်နှစ်လျှင် ကြွက်သားထုထည် (Muscle Mass) ၃% မှ ၈% ထိ စတင်ဆုံးရှုံးရပြီး ၎င်းကို Sarcopenia ဟု ခေါ်ပါတယ်။ အသက်ကြီးချိန်အထိ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရန် ၎င်းအတွက် အရည်အသွေးမြင့် ပရိုတင်း (Protein) လိုအပ်ချက်မှာ မြင့်မားကြောင်းတွေ့ ရှိရပါတယ်။


 The Lancet တွင် ဖော်ပြထားသော သုတေသန  များနှင့် Nutrients ဂျာနယ်ပါ "Protein Intake and Muscle Health in Old Age" အရ အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ Anabolic Resistance ကြောင့် ပရိုတင်း ပိုမိုလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ အထူးသဖြင့် Essential Amino Acid တစ်ခုဖြစ်သော Leucine သည် ကြွက်သားတည်ဆောက်မှုစနစ် (Muscle Protein Synthesis) ကို တိုက်ရိုက် Trigger လုပ်ပေးသည်။


  • Clinical Application: ခန္ဓာကိုယ် အလေးချိန် ၁ ကီလိုဂရမ်လျှင် အနည်းဆုံး ၁.၂ ဂရမ်မှ ၁.၅ ဂရမ်အထိ အရည်အသွေးမြင့် ပရိုတင်း (ဥပမာ - ကြက်ရင်ပုံသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ပဲအမျိုးမျိုး) ကို နေ့စဉ် ပြည့်ဝအောင် စားသုံးရမည်။


၅။ High Fiber Intake: SCFA ထုတ်လုပ်မှုနှင့် အူလမ်းကြောင်းဆိုင်ရာ Longevity


Top-down view of assorted healthy foods, seeds, grains, fruits, salmon, and herbs arranged on wooden spoons over a brown background.
Healthy ingredients

အမျှင်ဓာတ် (Fiber) မြင့်မားစွာ စားသုံးခြင်းသည် သာမန် ဝမ်းမှန်စေရုံသက်သက်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး၏ ဇီဝကမ္မဖြစ်စဉ်နှင့် ကိုယ်ခံအားစနစ်ကို မော်လီကျူးအဆင့်အထိ လွှမ်းမိုးထားကြောင်း တွေ့ ရှိရပါတယ်။


 Nature Aging နှင့် The American Journal of Clinical Nutrition (AJCN) တို့တွင် ဖော်ပြခဲ့သည့် လေ့လာချက်များအရ Fiber Intake မြင့်မားခြင်းက အူလမ်းကြောင်း ဘက်တီးရီးယားများကို Short-Chain Fatty Acids (SCFAs) (အထူးသဖြင့် Acetate, Propionate, Butyrate) များ ထုတ်လုပ်စေသည်။ ၎င်း SCFAs များသည် Gut-Brain Axis မှတစ်ဆင့် ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချပေးပြီး Insulin Sensitivity ကို ကောင်းမွန်စေကာ Telomere ကို ကာကွယ်ပေးတာကို တွေ ရပါတယ်။


  • Clinical Application: တစ်နေ့လျှင် Fiber ပမာဏ ၂၅ ဂရမ်မှ ၃၅ ဂရမ်အထိ ရရှိရန် ဆန်လုံးညို၊ အုတ်ဂျုံ (Oats)၊ ပဲအမျိုးမျိုးနှင့် အသီးအရွက်များကို စားသုံးပါ။ ၎င်းသည် အသက် ၁၀၀ ကျော် ကျန်းမာစွာ နေထိုင်သူများ (Centenarians) ၏ ပင်မ စားသောက်မှု ပုံစံလည်း ဖြစ်ပါတယ်။


၆။ Nutrient-Sensing Pathways များကို ထိန်းညှိခြင်း (Fasting နှင့် Autophagy)

Plate with cultery
Plate with cultery

ကျွန်တော်တို့၏ ဆဲလ်များထဲတွင် အာဟာရရရှိမှုကို စောင့်ကြည့်ပြီး ဆဲလ်ကြီးထွားမှုကို လှုံ့ဆော်သည့် mTOR pathway နှင့် စွမ်းအင်ကို ထိန်းညှိပေးသည့် AMPK pathway ဆိုတာ ရှိပါတယ်။ အစာအမြဲတမ်း ဝင်ရောက်နေပါက mTOR က အမြဲ Active ဖြစ်နေပြီး ဆဲလ်များအတွင်း အမှိုက်ရှင်းလင်းမှုကို ပိတ်ပင်ထားတွေ့ရပါတယ်။


 Cell ဂျာနယ်တွင် ဖော်ပြထားသော "Nutrient Sensing and Inflammation in Aging" သုတေသန  အရ အချိန်ပိုင်း အစာငတ်ခံခြင်း (Intermittent Fasting - IF) က mTOR လှုပ်ရှားမှုကို လျှော့ချပေးပြီး AMPK ကို Activate ဖြစ်စေပါတယ်။


  • ရလဒ်: ပျက်စီးနေသော ဆဲလ်အစိတ်အပိုင်းများကို ပြန်လည်သန့်စင်ပေးသည့် Autophagy (အော်တိုဖာဂျီ) ဖြစ်စဉ်ကို အသက်ဝင်စေပြီး ဆဲလ်အဆင့် ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။

  • Clinical Application: တစ်နေ့တာအတွင်း အစာစားချိန်ကို ၈ နာရီအတွင်း အပြီးစားပြီး ကျန် ၁၆ နာရီကို အစာငတ်ခံသည့် (16:8 Method) ကို စနစ်တကျ ကျင့်သုံးနိုင်သည်။


၇။ Mindful Eating: Neuro-hormonal Signaling နှင့် Metabolic Health

Boy and bulldog sit at a table eating spaghetti from white plates, both with noodles in their mouths, on a plain white background.
Child and dog

အသက်ရှည်ကျန်းမာရေးမှာ "ဘာကိုစားလဲ" ဆိုတာတင်မကဘဲ "ဘယ်လိုစားလဲ" ဆိုတဲ့ အလေ့အထ (Eating Habit) ကလည်း အလွန်အရေးကြီးပါတယ်။ စိတ်ဖိစီးမှုများပြားစွာဖြင့် သို့မဟုတ် ဖုန်း၊ တီဗီကြည့်ရင်း အလျင်စလိုစားသုံးခြင်းက ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေသည်။


Trends in Cognitive Sciences နှင့် Appetite ဂျာနယ်များ၏ လေ့လာချက်အရ သတိပြုဆင်ခြင်ပြီး စားသောက်ခြင်း (Mindful Eating) သည် ဦးနှောက်နှင့် အစာအိမ် ဆက်သွယ်မှု (Vagus Nerve Signaling) ကို ကောင်းမွန်စေသည်။ ၎င်းက ဆာလောင်မှုကို ဖြစ်စေသော Ghrelin Hormone ကို ကျဆင်းစေပြီး ဝမှုကို သိစေသော Leptin Hormone နှင့် GLP-1 တို့ကို စနစ်တကျ ထွက်ရှိစေကာ Overeating ကို တားဆီးပေးပြီး Postprandial Glycemia (အစာစားပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှု) ကို တည်ငြိမ်စေပါတယ်။



  • Mindful Eating Habit လက်တွေ့လေ့ကျင့်ရန် နည်းလမ်းများ:


    1. Eliminate Distractions: အစာစားချိန်တွင် ဖုန်း၊ ကွန်ပျူတာနှင့် စခရင်များကို ပိတ်ထားပါ။ ၎င်းသည် ဦးနှောက်ကို Cephalic Phase of Digestion အပြည့်အဝ အလုပ်လုပ်စေရန် ကူညီပေးသည်။


    2. Chew Thoroughly (အကြိမ် ၃၀ ခန့် ဝါးစားပါ): အစာကို ကြေညက်အောင် ဝါးစားခြင်းက Satiety Signals ဦးနှောက်သို့ ရောက်ရှိရန် အချိန် ၂၀ မိနစ်ခန့် ရရှိစေပြီး အစာခြေစနစ်ကို သက်သာစေသည်။


    3. Appreciate Sensory Details: အစားအစာ၏ အနံ့၊ အရသာ၊ အသွေးအရောင်နှင့် အထိအတွေ့ကို အာရုံစိုက် ခံစားပါ။ ၎င်းသည် စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ကို ကျဆင်းစေပြီး Nutrient Absorption ကို ပိုမိုကောင်းမွန်စေသည်။


Conclusion


ဆရာဝန်တစ်ဦးအနေဖြင့် အကြံပြုလိုသည်မှာ အသက်ရှည်ကျန်းမာရေး (Longevity) ဆိုသည်မှာ ကံတရားသက်သက် မဟုတ်ဘဲ မိမိတို့နေ့စဉ် စားသောက်လိုက်သော အာဟာရများနှင့် Mindful ဖြစ်သော အလေ့အထများမှတစ်ဆင့် ခန္ဓာကိုယ်ရှိ Gene Expression (ဂျီနိုမ်များ၏ အလုပ်လုပ်ပုံ) ကို ကောင်းမွန်အောင် မောင်းနှင်သည့် Epigenetic Modification ဖြစ်စဉ်ပင် ဖြစ်ပါသည်။ ပရိုတင်း၊ အမျှင်ဓာတ်နှင့် အဆီကောင်းများကို မျှတစွာ ပေါင်းစပ်ပြီး သတိရှိရှိ စားသောက်ခြင်းဖြင့် ကျန်းမာပြီး အဓိပ္ပာယ်ရှိသော သက်တမ်းရှည်မှုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်င်း မေတ္တာပို့သ လိုက်ရပါတယ် ခင်ဗျ။


ဆက်လက်ပြီးတော့ The fourhorsemen of Chronic Disease ဆောင်းပါးကြီးကို ဆက် လက် ဖတ်ရှုဖို့ အကြံ ပြုပါရစေ ခင်ဗျ........


ကျနော် တို့ ရဲ့ medical disclaimer ကို ဒီလင့် ကနေဝင်ရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျ


Comments


bottom of page