top of page

HIGH PROTEIN FOR LONGEVITY

eternalhealthmd
Oct 17
6 min read

Protein, Muscle Health & Healthy Aging: အသက်ရှည်ရုံသာမက ကျန်းမာသန်စွမ်းစွာ အသက်ရှင်နိုင်ဖို့ Protein ဘယ်လောက်လိုအပ်သလဲ?


Longevity Lab | Evidence-Based Medicine | Healthy Aging


Longevity Medicine မှာ Protein ကို ဘာကြောင့် အလေးထားသင့်သလဲ?


အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ကြွက်သားထုထည်၊ ကြွက်သားအားနဲ့ ကိုယ်ခန္ဓာလုပ်ဆောင်နိုင်စွမ်းတွေ တဖြည်းဖြည်း ကျဆင်းလာနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ အသက်အရွယ်တစ်ခုတည်းကြောင့် ဖြစ်ပေါ်တာမဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အာဟာရမလုံလောက်ခြင်း၊ နာတာရှည်ရောဂါများနဲ့ အခြားသော ဇီဝကမ္မပြောင်းလဲမှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။


ဒီအခြေအနေကို နားလည်ဖို့ အရေးကြီးတဲ့ ဆေးပညာဆိုင်ရာ အယူအဆတစ်ခုက Sarcopenia ဖြစ်ပါတယ်။


Smiling older woman and boy in a garden beside a table of protein foods and a sign about sustaining vitality.
Smiling older woman and boy in a garden beside a table of protein foods

Sarcopenia ဆိုတာ ကြွက်သားအားနည်းလာခြင်းကို အဓိကလက္ခဏာအဖြစ် တွေ့ရပြီး ကြွက်သားပမာဏ သို့မဟုတ် အရည်အသွေးကျဆင်းမှုနဲ့ ကိုယ်ခန္ဓာလုပ်ဆောင်နိုင်စွမ်း ကျဆင်းမှုတို့လည်း ပါဝင်နိုင်တဲ့ ကြွက်သားဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပါတယ်။ EWGSOP2 consensus အရ ကြွက်သားအားနည်းခြင်းကို အဓိက clinical indicator အဖြစ် သတ်မှတ်ထားပါတယ်။


ကြွက်သားကျန်းမာရေး ကျဆင်းလာခြင်းဟာ လှုပ်ရှားသွားလာနိုင်စွမ်း၊ လဲကျနိုင်ခြေ၊ နေ့စဉ်ဘဝမှာ ကိုယ်တိုင်လွတ်လပ်စွာ နေထိုင်နိုင်မှုတို့နဲ့ ဆက်စပ်ပါတယ်။


ဒါကြောင့် Longevity Medicine မှာ ရည်မှန်းချက်ဟာ lifespan — အသက်ရှင်နေထိုင်ရတဲ့ ကာလ — ကိုသာ တိုးချဲ့ဖို့မဟုတ်ဘဲ healthspan — ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်တဲ့ ကာလ — ကိုလည်း ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။


ဒီနေရာမှာ Protein လုံလောက်စွာ စားသုံးခြင်းဟာ အရေးပါတဲ့ အာဟာရဆိုင်ရာ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။


သို့သော် အရေးကြီးတဲ့ သိပ္ပံဆိုင်ရာ ခွဲခြားချက်တစ်ခုရှိပါတယ်။


Protein လုံလောက်စွာ စားသုံးခြင်းက ကြွက်သားကျန်းမာရေးကို အထောက်အကူပြုနိုင်တယ်ဆိုတဲ့ အထောက်အထားနဲ့ Protein များများစားခြင်းက လူ့သက်တမ်းကို တိုက်ရိုက်တိုးစေတယ်ဆိုတဲ့ အထောက်အထားဟာ မတူညီပါဘူး။


ဒီဆောင်းပါးမှာ Protein နဲ့ Longevity တို့ရဲ့ ဆက်နွယ်မှုကို လက်ရှိရရှိနိုင်တဲ့ သုတေသနအထောက်အထားများအပေါ် အခြေခံပြီး လေ့လာကြည့်ပါမယ်။


1. Protein ရဲ့ ဇီဝကမ္မအခန်းကဏ္ဍ


Protein ဟာ ခန္ဓာကိုယ်ရဲ့ အဓိက macronutrients သုံးမျိုးထဲက တစ်မျိုးဖြစ်ပြီး အမိုင်နိုအက်ဆစ် (amino acids) တွေကနေ ဖွဲ့စည်းထားပါတယ်။


Top-down meal of sliced roasted chicken with peas and chopped pickles on a dark plate, surrounded by tomatoes, cutlery, and sauces.
sliced roasted chicken with peas and chopped pickles on a dark plate

Protein ဟာ အောက်ပါလုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပါတယ်။


  • ကြွက်သားနဲ့ အခြားတစ်ရှူးများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း

  • Enzymes နဲ့ အချို့သော hormones များ ထုတ်လုပ်ခြင်း

  • ကိုယ်ခံအားစနစ်အတွက် လိုအပ်သော ပရိုတင်းများ ထုတ်လုပ်ခြင်း

  • ခန္ဓာကိုယ်အတွင်းရှိ အရာဝတ္ထုများ သယ်ယူပို့ဆောင်ခြင်း

  • အာဟာရနဲ့ စွမ်းအင်ဇီဝဖြစ်စဉ်များကို ပံ့ပိုးခြင်း


အစားအစာမှရရှိတဲ့ Protein ကို ခန္ဓာကိုယ်က အစာခြေဖျက်ပြီး amino acids အဖြစ် အသုံးပြုပါတယ်။ အဲဒီ amino acids တွေဟာ muscle protein synthesis အပါအဝင် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ပရိုတင်းများ ပြန်လည်တည်ဆောက်ရာမှာ ပါဝင်ပါတယ်။


ကြွက်သားထုထည်ကို ထိန်းသိမ်းဖို့အတွက် muscle protein synthesis နဲ့ muscle protein breakdown တို့ကြားက ချိန်ခွင်လျှာဟာ အရေးကြီးပါတယ်။


Protein စားသုံးမှုတစ်ခုတည်းမဟုတ်ဘဲ စွမ်းအင်လုံလောက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ အိပ်စက်မှုနဲ့ ရောဂါအခြေအနေတို့ကလည်း ဒီဖြစ်စဉ်ကို သက်ရောက်စေနိုင်ပါတယ်။


2. Aging, Anabolic Resistance & Muscle Loss


အသက်ကြီးလာတဲ့အခါ အစားအစာမှရရှိတဲ့ amino acids နဲ့ လေ့ကျင့်ခန်းကို တုံ့ပြန်ပြီး ကြွက်သားတည်ဆောက်တဲ့ လုပ်ငန်းစဉ်ဟာ အချို့သူတွေမှာ ထိရောက်မှုလျော့နည်းလာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို anabolic resistance လို့ခေါ်ပါတယ်။


အဲဒီအပြင် အောက်ပါအချက်တွေကလည်း ကြွက်သားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။


  • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

  • အစားအစာမှ Protein နဲ့ စွမ်းအင် မလုံလောက်ခြင်း

  • Acute သို့မဟုတ် chronic illness ဖြစ်ခြင်း

  • ရောင်ရမ်းမှုနဲ့ catabolic stress

  • အချိန်ကြာမြင့်စွာ အိပ်ရာထဲနေခြင်း သို့မဟုတ် လှုပ်ရှားမှုကန့်သတ်ခံရခြင်း


ဒါကြောင့် အသက်ကြီးသူတစ်ဦးမှာ ကြွက်သားထုထည် လျော့နည်းလာတာကို အသက်အရွယ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုအဖြစ်သာ မမြင်သင့်ပါဘူး။ အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကုသနိုင်တဲ့ နောက်ခံအကြောင်းရင်းတွေကိုပါ စစ်ဆေးသင့်ပါတယ်။


Clinical practice မှာ grip strength၊ chair-stand test နဲ့ လမ်းလျှောက်နိုင်စွမ်းတို့လို စမ်းသပ်မှုတွေက ကြွက်သားအားနဲ့ physical performance ကို အကဲဖြတ်ရာမှာ အသုံးဝင်နိုင်ပါတယ်။ လိုအပ်ပါက muscle quantity ကိုလည်း သင့်လျော်တဲ့ နည်းလမ်းနဲ့ အတည်ပြုစစ်ဆေးနိုင်ပါတယ်။


Longevity perspective: ကြွက်သားကျန်းမာရေးကို အသက်ကြီးမှသာ စတင်ဂရုစိုက်တာထက် လူလတ်ပိုင်းအရွယ်ကတည်းက ထိန်းသိမ်းထားခြင်းက ပိုမိုအဓိပ္ပာယ်ရှိတဲ့ ရေရှည်ဗျူဟာတစ်ခု ဖြစ်ပါတယ်။


3. Evidence-Based Protein Requirements: တစ်နေ့ Protein ဘယ်လောက်လိုသလဲ?


Estimated daily protein requirement table
Estimated daily protein requirement table

Protein လိုအပ်ချက်အတွက် တစ်ကမ္ဘာလုံးရှိ လူတိုင်းကို အသုံးချနိုင်တဲ့ ကိန်းဂဏန်းတစ်ခုတည်း မရှိပါဘူး။ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ အာဟာရအခြေအနေ၊ ရောဂါနဲ့ ကျောက်ကပ်လုပ်ဆောင်ချက်တို့ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။


အထွေထွေ လူကြီးများ


ကျန်းမာသော လူကြီးများအတွက် Protein RDA ကို ယေဘုယျအားဖြင့် ကိုယ်အလေးချိန်တစ်ကီလိုဂရမ်လျှင် တစ်နေ့ 0.8 g ခန့်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီပမာဏဟာ လူအများစုအတွက် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်ထားတာဖြစ်ပြီး ကြွက်သားတည်ဆောက်ရေး၊ အားကစားစွမ်းဆောင်ရည် သို့မဟုတ် အသက်ကြီးသူများရဲ့ သီးခြားလိုအပ်ချက်တိုင်းကို အကောင်းဆုံးဖြည့်ဆည်းပေးမယ်လို့ မဆိုလိုပါဘူး။


အသက် ၆၅ နှစ်အထက် လူကြီးများ


PROT-AGE Study Group နဲ့ ESPEN Expert Group တို့ရဲ့ အကြံပြုချက်များအရ ကျန်းမာသော အသက်ကြီးသူများအတွက် တစ်နေ့လျှင် ကိုယ်အလေးချိန်တစ်ကီလိုဂရမ်လျှင် Protein 1.0–1.2 g ခန့်ကို စားသုံးသင့်ပါတယ်။


အာဟာရချို့တဲ့နေသူများ သို့မဟုတ် အချို့သော acute/chronic illness များကြောင့် အာဟာရလိုအပ်ချက် မြင့်တက်နေသူများအတွက် 1.2–1.5 g/kg/day ကို စဉ်းစားနိုင်ကြောင်း ESPEN consensus က ဖော်ပြထားပါတယ်။ သို့သော် ဒီပမာဏဟာ လူနာတိုင်းအတွက် အလိုအလျောက်သတ်မှတ်ရမယ့် prescription မဟုတ်ပါဘူး။ ကျောက်ကပ်လုပ်ဆောင်ချက်၊ ရောဂါပြင်းထန်မှုနဲ့ အာဟာရအခြေအနေအလိုက် ဆုံးဖြတ်ရပါမယ်။


လက်တွေ့တွက်ချက်မှု ဥပမာ


ကိုယ်အလေးချိန်

1.0 g/kg/day

1.2 g/kg/day

50 kg

50 g

60 g

60 kg

60 g

72 g

70 kg

70 g

84 g

80 kg

80 g

96 g


ဒီဇယားဟာ အသက်ကြီးသူများအတွက် ယေဘုယျတွက်ချက်မှု ဥပမာသာဖြစ်ပြီး တစ်ဦးချင်းလိုအပ်ချက်ကို ဆုံးဖြတ်ပေးတဲ့ အစားထိုးကိရိယာ မဟုတ်ပါဘူး။


ထို့အပြင် အဝလွန်သူများ၊ edema ရှိသူများ သို့မဟုတ် body composition ပုံမှန်မဟုတ်သူများမှာ လက်ရှိကိုယ်အလေးချိန်ကို တိုက်ရိုက်အသုံးပြုခြင်းက လိုအပ်ချက်ကို မှားယွင်းခန့်မှန်းစေနိုင်ပါတယ်။ ထိုအခြေအနေများတွင် သင့်လျော်တဲ့ reference သို့မဟုတ် adjusted weight ကို အသုံးပြုသင့်မသင့် စဉ်းစားရပါမယ်။


4. Does High Protein Increase Lifespan?


ဒီမေးခွန်းဟာ Longevity Medicine မှာ အရေးအကြီးဆုံး ဆွေးနွေးစရာတွေထဲက တစ်ခုဖြစ်ပါတယ်။

လက်ရှိသုတေသနတွေကို အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီး တင်ပြပးပါမယ်။


A. Muscle health နဲ့ physical function အပေါ် သက်ရောက်မှု


အသက်ကြီးသူများအတွက် Protein လုံလောက်စွာရရှိခြင်းနဲ့ resistance exercise တို့ကို ပေါင်းစပ်ခြင်းဟာ ကြွက်သားလုပ်ဆောင်နိုင်စွမ်းကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း ESPEN Expert Group က အကြံပြုထားပါတယ်။


သို့သော် Protein ပိုမိုစားသုံးခြင်းက ကြွက်သားထုထည် သို့မဟုတ် အားကို အမြဲတမ်းတိုးစေမယ်လို့ မဆိုလိုပါဘူး။ အကျိုးသက်ရောက်မှုဟာ အစပိုင်း Protein စားသုံးမှု၊ လေ့ကျင့်ခန်း၊ စွမ်းအင်ရရှိမှု၊ ကျန်းမာရေးအခြေအနေနဲ့ intervention ကာလတို့အပေါ် မူတည်ပါတယ်။


B. Protein နဲ့ mortality အပေါ် သက်ရောက်မှု


Naghshi နဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ 2020 BMJ systematic review and dose-response meta-analysis မှာ prospective cohort studies 32 ခုကို systematic review ထဲ ထည့်သွင်းခဲ့ပြီး 31 ခုကို meta-analysis ပြုလုပ်ခဲ့ပါတယ်။ စုစုပေါင်း ပါဝင်သူ 715,128 ဦးနဲ့ သေဆုံးမှု 113,039 ခုကို လေ့လာထားပါတယ်။


အဓိကတွေ့ရှိချက်များမှာ—

  • Total protein စားသုံးမှု ပိုများခြင်းဟာ all-cause mortality အန္တရာယ် နည်းပါးခြင်းနဲ့ အနည်းငယ်ဆက်စပ်ခဲ့ပါတယ်။ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး စားသုံးမှုအုပ်စုများကို နှိုင်းယှဉ်ရာ pooled effect estimate သည် 0.94 ဖြစ်ပြီး 95% confidence interval မှာ 0.89–0.99 ဖြစ်ပါတယ်။


  • Plant protein စားသုံးမှု ပိုများခြင်းဟာ all-cause mortality အန္တရာယ် နည်းပါးခြင်းနဲ့ ဆက်စပ်ခဲ့ပါတယ်။ Pooled estimate သည် 0.92 ဖြစ်ပြီး 95% confidence interval မှာ 0.87–0.97 ဖြစ်ပါတယ်။


  • Animal protein စားသုံးမှုနဲ့ all-cause mortality ကြားမှာ အဓိပ္ပာယ်ရှိတဲ့ ဆက်စပ်မှုကို မတွေ့ရှိခဲ့ပါဘူး။ Pooled estimate သည် 1.00 ဖြစ်ပြီး 95% confidence interval မှာ 0.94–1.05 ဖြစ်ပါတယ်။


ဒီရလဒ်တွေကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ သတိထားဖို့ လိုပါတယ်။


ပထမအချက်က ဒီလေ့လာမှုဟာ prospective observational studies တွေကို စုစည်းသုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Protein စားသုံးမှုနဲ့ သေဆုံးနိုင်ခြေကြားက ဆက်စပ်မှုကို ပြသပေမယ့် Protein တစ်ခုတည်းကြောင့် သေဆုံးနိုင်ခြေ လျော့နည်းသွားတယ်ဆိုတာကို တိုက်ရိုက်သက်သေပြနိုင်ခြင်း မရှိပါဘူး။


ဒုတိယအချက်က Plant protein ပိုစားသုံးသူတွေမှာ အခြားကျန်းမာရေးနဲ့ လူနေမှုပုံစံဆိုင်ရာ ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ အစားအစာအရည်အသွေး၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ socioeconomic factors တို့လို confounders များဟာ ရလဒ်ကို သက်ရောက်စေနိုင်ပါတယ်။


တတိယအချက်က relative association တစ်ခုကို တွေ့ရှိတာဟာ တစ်ဦးချင်းရဲ့ absolute risk ဘယ်လောက်လျော့နည်းမလဲဆိုတာကို တိုက်ရိုက်မဖော်ပြပါဘူး။


Clinical interpretation: ဒီ meta-analysis က Protein အားလုံးကို တူညီတဲ့ပုံစံနဲ့ မမြင်သင့်ကြောင်းနဲ့ အစားအစာရင်းမြစ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း ထောက်ပြပါတယ်။ သို့သော် “Plant protein က အသက်ရှည်စေတယ်” သို့မဟုတ် “High-protein diet က လူ့သက်တမ်းကို တိုးစေတယ်” ဆိုတဲ့ အကြောင်းရင်း-အကျိုးဆက် ကောက်ချက်ကို ဒီလေ့လာမှုတစ်ခုတည်းနဲ့ မချနိုင်ပါဘူး။


5. Animal Protein vs Plant Protein: ဘယ်လိုရွေးချယ်သင့်သလဲ?


Infographic comparing animal and plant protein sources on a balance scale, with fish, eggs, dairy, beans, nuts, tofu, and text.
Animals protein vs plant based protein

Protein ရရှိနိုင်တဲ့ အစားအစာတွေကို အမျိုးအစားတစ်ခုတည်းအပေါ် မူတည်ပြီး အကောင်းဆုံး သို့မဟုတ် အဆိုးဆုံးလို့ သတ်မှတ်ဖို့ မသင့်ပါဘူး။ Protein ပမာဏ၊ အစားအစာရင်းမြစ်၊ ပြုပြင်ထုတ်လုပ်ထားမှုနဲ့ စားသုံးတဲ့ dietary pattern တစ်ခုလုံးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။


Animal protein sources

  • ငါး

  • ကြက်ဥ

  • ကြက်သား

  • နို့နှင့် ဒိန်ချဉ်

  • သင့်လျော်သော ပမာဏရှိ အဆီနည်းအသားများ


Plant protein sources

  • ပဲအမျိုးမျိုး

  • ပဲပုပ်နှင့် တို့ဖူး

  • ပဲနို့

  • မြေပဲနှင့် အခြားအခွံမာသီးများ

  • သင့်လျော်သော အစေ့အဆန်များ


Animal protein အများစုမှာ essential amino acids တွေ လုံလောက်စွာ ပါဝင်ပါတယ်။ Plant protein တွေကတော့ Protein အပြင် fiber နဲ့ အခြားအာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။


Plant-based diet တစ်ခုကို အာဟာရပြည့်ဝစွာ စီစဉ်နိုင်ပေမယ့် Protein ပမာဏနဲ့ အရည်အသွေးကို သေချာစဉ်းစားဖို့ လိုပါတယ်။ Vegan diet စားသုံးသူများမှာ Vitamin B12 အပါအဝင် အခြားလိုအပ်တဲ့ အာဟာရဓာတ်များကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။


Longevity-oriented dietary pattern တစ်ခုအနေနဲ့ ပဲအမျိုးမျိုး၊ ငါး၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို မျှတစွာ ထည့်သွင်းစားသုံးပြီး processed meat နဲ့ အလွန်အမင်းပြုပြင်ထားသော အစားအစာများကို ကန့်သတ်စားသုံးသင်ပါတယ်။


အဓိကက Protein ရင်းမြစ်တစ်ခုတည်းကို အပြစ်တင်ခြင်း သို့မဟုတ် အားပေးခြင်းထက် dietary pattern တစ်ခုလုံးရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။


6. Protein Timing & Distribution: တစ်နေ့တာအတွင်း ဘယ်လိုစားသင့်သလဲ?


တစ်နေ့တာ Protein စုစုပေါင်းပမာဏ လုံလောက်ဖို့က အခြေခံအရေးကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ထို့အပြင် အစာစားချိန်တစ်ကြိမ်တည်းမှာသာ Protein အများကြီးစားမယ့်အစား နေ့စဉ်အစားအစာများအတွင်း မျှတစွာ ဖြန့်ဝေစားသုံးခြင်းကိုလည်း လက်တွေ့နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်သင့် ပါတယ်။


ဥပမာ တစ်နေ့ Protein ၇၅ g ရရှိဖို့ ရည်မှန်းထားသူတစ်ဦးက—

  • မနက်စာ — ၂၀ g

  • နေ့လယ်စာ — ၂၅ g

  • ညစာ — ၂၅ g

  • အဆာပြေ — ၅ g


စတဲ့ပုံစံနဲ့ ဖြန့်ဝေစားသုံးနိုင်ပါတယ်။


ဒီဥပမာဟာ အစာစားချိန်တစ်ကြိမ်စီအတွက် မဖြစ်မနေလိုက်နာရမယ့် prescription မဟုတ်ပါဘူး။ အမှန်တကယ်လိုအပ်တဲ့ ပမာဏနဲ့ ဖြန့်ဝေမှုဟာ လူတစ်ဦးချင်းစီအလိုက် ကွာခြားနိုင်ပါတယ်။


Protein timing နဲ့ အစာတစ်နပ်စီရဲ့ ပမာဏအကြောင်း သုတေသနတွေ ရှိပေမယ့် အသက်ကြီးသူတိုင်းအတွက် အကောင်းဆုံးဖြစ်မယ့် တိကျတဲ့ timing သို့မဟုတ် threshold တစ်ခုကို အခိုင်အမာသတ်မှတ်ဖို့ အထောက်အထား မလုံလောက်သေးပါဘူး။


လက်တွေ့မှာ အစားအစာတစ်နပ်ချင်းစီမှာ Protein ရင်းမြစ်တစ်ခုခု ပါဝင်စေခြင်းနဲ့ တစ်နေ့တာ စုစုပေါင်းလိုအပ်ချက် ပြည့်မီစေခြင်းကို ဦးစားပေးနိုင်ပါတယ်။


7. Protein + Resistance Training: အရေးကြီးတဲ့ ပေါင်းစပ်မှု


Older adults strength training in a bright gym; smiling woman rows while a man coaches, with signs about healthy aging and protein.
Older adults strength training in a bright gym

ကြွက်သားကျန်းမာရေးအတွက် Protein လုံလောက်စွာ ရရှိခြင်းနဲ့ resistance exercise ကို တွဲဖက်စဉ်းစားသင့်ပါတယ်။


Resistance training ဟာ ကြွက်သားများကို လှုံ့ဆော်ပေးပြီး Protein က ကြွက်သားတည်ဆောက်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ amino acids တွေကို ပေးစွမ်းပါတယ်။


အောက်ပါနည်းလမ်းတွေကို ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီအောင် စီစဉ်နိုင်ပါတယ်။


  • Resistance exercise ကို ပုံမှန်ပြုလုပ်ခြင်း

  • နေ့စဉ်လမ်းလျှောက်ခြင်းနဲ့ aerobic activity များ

  • ကိုယ်ခန္ဓာလုပ်ဆောင်နိုင်စွမ်းအလိုက် balance နဲ့ mobility လေ့ကျင့်ခန်းများ

  • စွမ်းအင်နဲ့ Protein လုံလောက်စွာ ရရှိခြင်း

  • အိပ်စက်အနားယူမှုနဲ့ recovery ကို ဂရုစိုက်ခြင်း


အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ သို့မဟုတ် ကြွက်သားအားနည်းပြီး လဲကျနိုင်ခြေရှိသူများမှာ လေ့ကျင့်ခန်းအမျိုးအစားနဲ့ ပြင်းထန်မှုကို တစ်ဦးချင်းအလိုက် ချိန်ညှိသင့်ပါတယ်။


Protein powder သို့မဟုတ် supplement တစ်မျိုးမျိုးကို အသုံးပြုဖို့ မဖြစ်မနေလိုအပ်တာ မဟုတ်ပါဘူး။ ပုံမှန်အစားအစာမှ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါက အဲဒီနည်းလမ်းကို ဦးစားပေးနိုင်ပါတယ်။


8. High Protein Diet နဲ့ Kidney Health: ဘယ်သူတွေ သတိထားသင့်သလဲ?


High-protein diet ကို အကြံပြုရာမှာ ကျောက်ကပ်လုပ်ဆောင်ချက်ကို မေ့ထားလို့ မရပါဘူး။


အထူးသဖြင့် Chronic Kidney Disease (CKD) ရှိသူများမှာ Protein လိုအပ်ချက်ကို ရောဂါအဆင့်၊ အာဟာရအခြေအနေ၊ dialysis ရှိမရှိနဲ့ အခြားရောဂါများအပေါ် မူတည်ပြီး ချိန်ညှိဖို့ လိုပါတယ်။


KDIGO 2024 CKD guideline အရ CKD G3–G5 ရှိသော လူကြီးများအတွက် Protein 0.8 g/kg/day ခန့်ကို ထိန်းသိမ်းရန် အကြံပြုထားပြီး ရောဂါတိုးတက်နိုင်ခြေရှိသူများမှာ 1.3 g/kg/day ထက်ပိုမိုသော စားသုံးမှုကို ရှောင်ရန် အကြံပြုထားပါတယ်။


သို့သော် ဒီအကြံပြုချက်ကို CKD ရှိသူတိုင်းအတွက် တူညီစွာ အသုံးချလို့ မရပါဘူး။ Dialysis ခံယူနေသူများ၊ အာဟာရချို့တဲ့သူများ၊ sarcopenia သို့မဟုတ် cachexia ရှိသူများမှာ လိုအပ်ချက်နဲ့ ကုသမှုရည်မှန်းချက် ကွာခြားနိုင်ပါတယ်။


ဒါကြောင့် CKD ရှိသူများအတွက် Protein ပမာဏကို nephrologist သို့မဟုတ် renal dietitian နဲ့ တိုင်ပင်ပြီး သတ်မှတ်သင့်ပါတယ်။


အခြားတစ်ဖက်မှာလည်း Protein ကို အလွန်အကျွံကန့်သတ်ခြင်းကြောင့် အာဟာရချို့တဲ့မှုနဲ့ ကြွက်သားဆုံးရှုံးမှု ပိုမိုဖြစ်ပေါ်နိုင်တာကို သတိပြုရပါမယ်။


Clinical takeaway: Longevity အတွက် Protein ကို များများစားဖို့ထက် လူနာတစ်ဦးချင်းစီရဲ့ အာဟာရလိုအပ်ချက်နဲ့ ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တို့အကြား မျှတမှုရှိဖို့က ပိုအရေးကြီးပါတယ်။


9. A Practical Longevity Framework: လူနာတစ်ဦးချင်းအတွက် ဘယ်လိုအသုံးချမလဲ?


Protein အကြောင်းကို လက်တွေ့ကျန်းမာရေးအစီအစဉ်တစ်ခုအဖြစ် ပြောင်းလဲဖို့ အောက်ပါအဆင့်များကို စဉ်းစားနိုင်ပါတယ်။


Step 1 — Assess


  • အသက်အရွယ်နဲ့ ကိုယ်အလေးချိန်

  • မကြာသေးမီက ကိုယ်အလေးချိန်ကျဆင်းမှုရှိမရှိ

  • အစားအသောက်မှ Protein ရရှိမှု

  • ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းအလေ့အထ

  • နာတာရှည်ရောဂါများနဲ့ ကျောက်ကပ်လုပ်ဆောင်ချက်


Step 2 — Identify the goal


ရည်မှန်းချက်ဟာ လူတစ်ဦးနဲ့တစ်ဦး မတူနိုင်ပါဘူး။

  • ကြွက်သားထုထည်နဲ့ အားကို ထိန်းသိမ်းရန်

  • အာဟာရချို့တဲ့မှုကို ကာကွယ်ရန် သို့မဟုတ် ပြုပြင်ရန်

  • နာမကျန်းဖြစ်ပြီးနောက် ပြန်လည်နာလန်ထူရန်

  • Physical function နဲ့ နေ့စဉ်လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းရန်


Step 3 — Individualize nutrition


တစ်နေ့တာ Protein ပမာဏ၊ အစားအစာရင်းမြစ်နဲ့ စားသုံးမှုပုံစံကို လူနာတစ်ဦးချင်းအလိုက် စီစဉ်ပါ။


Step 4 — Combine with exercise


ကျန်းမာရေးအခြေအနေအလိုက် resistance exercise၊ aerobic activity နဲ့ balance training တို့ကို ပေါင်းစပ်ပါ။


Step 5 — Monitor outcomes


ကိုယ်အလေးချိန်တစ်ခုတည်းကိုသာ မကြည့်ဘဲ ကြွက်သားအား၊ physical performance၊ အာဟာရအခြေအနေနဲ့ လုပ်ဆောင်နိုင်စွမ်းတို့ကိုလည်း လိုအပ်သလို ပြန်လည်အကဲဖြတ်ပါ။

ဒီနည်းလမ်းဟာ လူတိုင်းကို High Protein Diet တစ်မျိုးတည်း အကြံပြုခြင်းထက် ပိုမိုသင့်လျော်တဲ့ personalized longevity approach တစ်ခုဖြစ်ပါတယ်။


10. Final Perspective: High Protein မဟုတ်ဘဲ Adequate Protein for Healthy Aging


Longevity Medicine မှာ Protein ရဲ့ အခန်းကဏ္ဍကို နားလည်ဖို့ အရေးကြီးတဲ့ အချက်သုံးချက်ရှိပါတယ်။

ပထမ — Protein adequacy. ကိုယ်ခန္ဓာလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Protein ပမာဏကို ရရှိဖို့ လိုပါတယ်။

ဒုတိယ — Muscle function. Protein ကို resistance exercise၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ လုံလောက်တဲ့ စွမ်းအင်ရရှိမှုတို့နဲ့ ပေါင်းစပ်စဉ်းစားဖို့ လိုပါတယ်။


တတိယ — Individualized care. အသက်အရွယ်၊ ရောဂါအခြေအနေ၊ အာဟာရချို့တဲ့မှုနဲ့ ကျောက်ကပ်လုပ်ဆောင်ချက်တို့ကို မစဉ်းစားဘဲ လူတိုင်းကို High Protein Diet အကြံပြုလို့ မရပါဘူး။


လက်ရှိအထောက်အထားများအရ Protein လုံလောက်စွာရရှိခြင်းဟာ အထူးသဖြင့် အသက်ကြီးသူများရဲ့ ကြွက်သားကျန်းမာရေးနဲ့ physical function ကို ပံ့ပိုးပေးနိုင်တဲ့ အရေးကြီးသော အာဟာရဗျူဟာတစ်ခု ဖြစ်ပါတယ်။ Plant protein စားသုံးမှုနဲ့ mortality အကြား အကျိုးရှိနိုင်တဲ့ ဆက်စပ်မှုများကိုလည်း observational research တွေမှာ တွေ့ရှိထားပါတယ်။


သို့သော် High Protein Diet ကို လူ့သက်တမ်းတိုးစေမယ့် သီးခြားကုသမှုတစ်ခုအဖြစ် မသတ်မှတ်သင့်သေးပါဘူး။


Longevity ရဲ့ ရည်မှန်းချက်ဟာ အသက်ရှည်ရုံသာမက အသက်ကြီးလာတဲ့အခါမှာလည်း ကြွက်သားအားကောင်းပြီး ကိုယ်တိုင်လွတ်လပ်စွာ နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။


At Longevity Lab, we focus not only on how long we live, but also on how well we live.

Adequate Protein. Strong Muscles. Better Healthspan.


Medical disclaimer: ဤဆောင်းပါးသည် ကျန်းမာရေးပညာပေးရန် ရည်ရွယ်ပြီး တစ်ဦးချင်းအလိုက် ဆေးဘက်ဆိုင်ရာ အကဲဖြတ်ခြင်း၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအစီအစဉ်ကို အစားထိုးခြင်း မဟုတ်ပါ။


References


1. Cruz-Jentoft AJ, Bahat G, Bauer J, et al. Sarcopenia: revised European consensus on definition and diagnosis. Age and Ageing. 2019;48(1):16–31.DOI: http


2. Bauer J, Biolo G, Cederholm T, et al. Evidence-based recommendations for optimal dietary protein intake in older people: a position paper from the PROT-AGE Study Group. Journal of the American Medical Directors Association. 2013;14(8):542–559.DOI: https://doi.org/10.1016/j.jamda.2013.05.021


3. Deutz NEP, Bauer JM, Barazzoni R, et al. Protein intake and exercise for optimal muscle function with aging: recommendations from the ESPEN Expert Group. Clinical Nutrition. 2014;33(6):929–936.DOI: https://doi.org/10.1016/j.clnu.2014.04.007


4. Naghshi S, Sadeghi O, Willett WC, Esmaillzadeh A. Dietary intake of total, animal, and plant proteins and risk of all cause, cardiovascular, and cancer mortality: systematic review and dose-response meta-analysis of prospective cohort studies. BMJ. 2020;370:m2412.DOI: https://doi.org/10.1136/bmj.m2412


5. Kidney Disease: Improving Global Outcomes (KDIGO) CKD Work Group. KDIGO 2024 Clinical Practice Guideline for the Evaluation and Management of Chronic Kidney Disease. Kidney International. 2024;105(4S):S117–S314.Guideline: https://kdigo.org/guidelines/ckd-evaluation-and-management/

Comments


bottom of page