top of page
1779079291807-thumbnail.jpeg

လူသားတွေ့ တကယ်ပဲ အသက် (၁၂၀)အထိ နေနိုင်တော့မှာလား

  • eternalhealthmd
  • May 28
  • 6 min read

(English version is below)


ကျွန်တော်တို့တွေဟာ အိုမင်းရင့်ရော်ခြင်းကို မရှောင်လွှဲနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ အနိစ္စနှင့် အနတ္တလို့ပဲ အမြဲမှတ်ယူခဲ့ကြပါတယ်။ ဆံပင်ဖြူတာ၊ တုံ့ပြန်မှုတွေ နှေးကွေးလာတာ၊ မှတ်ဉာဏ်တွေ လျော့နည်းလာတာနဲ့ အရိုးတွေ အားနည်းလာတာဟာ တစ်ချိန်တည်းမှာ တိုက်ဆိုင်ပြီး ဖြစ်ပျက်နေတဲ့ အရာတွေလို့ ထင်ရပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ညွှန်ကြားနေတဲ့ "အဓိကနာရီ" တစ်လုံးတည်းသာ ရှိနေရင်ကော? ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုက ခန္ဓာကိုယ်တစ်ခုလုံး ဘယ်လောက်မြန်မြန် အိုမင်းမလဲဆိုတာကို လွှမ်းမိုးထားပြီး၊ ပရိုတင်းတစ်မျိုးတည်းကပဲ အဲဒီအိုမင်းမှုကို နှေးကွေးအောင် လုပ်ပေးနိုင်တဲ့ သော့ချက်ဖြစ်နေရင်ကော?


PLOS Biology ဂျာနယ်မှာ ဖော်ပြထားတဲ့ "Hypothalamic Menin regulates systemic aging and cognitive decline" (ဟိုက်ပိုသလမတ်စ်ရှိ Menin ပရိုတင်းက ခန္ဓာကိုယ်စနစ်တစ်ခုလုံး အိုမင်းခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ထိန်းချုပ်ပေးခြင်း) ဆိုတဲ့ ထူးခြားဆန်းသစ်တဲ့ လေ့လာမှုတစ်ခုအရ အထက်ပါမေးခွန်းတွေဟာ အမှန်တကယ် ဖြစ်နိုင်ခြေရှိကြောင်း ဖော်ပြနေပါတယ်။ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သက်တမ်းနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ တက်ကြွမှုတွေကို ထိန်းချုပ်ပေးတဲ့ Menin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ဦးနှောက်ရဲ့ သတ်မှတ်ထားတဲ့ နေရာလေးတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။


ဒီ "အဓိကထိန်းချုပ်ခလုတ်" က ဘယ်လိုအလုပ်လုပ်သလဲနဲ့ ဒါဟာ ဘာကြောင့် အသက်ရှည်ကျန်းမာခြင်းဆိုင်ရာ သိပ္ပံပညာ (Longevity Science) အပေါ် ကျွန်တော်တို့ရဲ့ အမြင်ကို ပြောင်းလဲစေနိုင်သလဲဆိုတာ ခွဲခြမ်းစိတ်ဖြာ တင်ပြပေးလိုက်ပါတယ်။



Hypothalamus from the brain releasing from the brain
Hypothalamus from the brain releasing menin

ဟိုက်ပိုသလမတ်စ် (Hypothalamus) - အိုမင်းရင့်ရော်မှုကို ထိန်းချုပ်ရာ စင်တာ


ဟိုက်ပိုသလမတ်စ် (Hypothalamus) ဆိုတာ ဆာလောင်မှု၊ စွမ်းအင်မျှတမှုနဲ့ ခန္ဓာကိုယ်အပူချိန် စတဲ့ အခြေခံကျတဲ့ အသက်ရှင်ရပ်တည်မှု ယန္တရားတွေကို တာဝန်ယူရတဲ့ သေးငယ်ပေမဲ့ အလွန်အရေးပါတဲ့ ဦးနှောက်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ သိပ္ပံပညာရှင်တွေဟာ ဒီအစိတ်အပိုင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကိုပါ ဆုံးဖြတ်ပေးတဲ့ "အကဲဖြတ်ဒိုင်လူကြီး" အဖြစ် လုပ်ဆောင်နေမှန်း သဘောပေါက်လာကြပါတယ်။


ကျွန်တော်တို့ ငယ်ရွယ်စဉ်မှာ ဟိုက်ပိုသလမတ်စ်ဟာ ခန္ဓာကိုယ်တွင်း နာတာရှည် ရောင်ရမ်းမှုတွေကို မဖြစ်အောင် တားဆီးပေးထားပါတယ်။ ဒါပေမဲ့ အချိန်တွေကုန်လွန်လာပြီး အသက်ကြီးလာတဲ့အခါ ဟိုက်ပိုသလမတ်စ်ထဲမှာ NF-κB လို့ခေါ်တဲ့ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ လမ်းကြောင်းတစ်ခုဟာ တဖြည်းဖြည်းနဲ့ အသက်ဝင်လှုပ်ရှားလာပါတယ်။ ဒီလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆင့်နိမ့်ရောင်ရမ်းမှုဟာ တစ်ကိုယ်လုံးမှာရှိတဲ့ အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို စတင်တွန်းအားပေးပါတော့တယ်။


သုတေသီတွေက 'ဒီလိုရောင်ရမ်းမှုတွေ မီးစမကူးအောင် အစကတည်းက တားဆီးပေးထားရမယ့်အရာက ဘာလဲ' ဆိုတာကို သိချင်ခဲ့ကြပါတယ်။


အဲဒီအဖြေကတော့ Menin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။


ရှာဖွေတွေ့ရှိချက်- အသက်ကြီးလာတာနဲ့အမျှ လျော့နည်းပျောက်ကွယ်သွားတဲ့ Menin ပရိုတင်း


သုတေသီတွေဟာ ကြွက်တွေကို လေ့လာတဲ့အခါ ထူးခြားတဲ့အချက်တစ်ခုကို သတိပြုမိခဲ့ကြပါတယ်—အဲဒါကတော့ ကြွက်တွေ အသက်ကြီးလာတာနဲ့အမျှ ဟိုက်ပိုသလမတ်စ်ရဲ့ VMH (Ventromedial Nucleus) လို့ခေါ်တဲ့ နေရာလေးထဲမှာရှိတဲ့ Menin ပရိုတင်းပမာဏဟာ ထိုးဆင်းသွားတာပဲ ဖြစ်ပါတယ်။ ဒီလို ပရိုတင်းပမာဏ ကျဆင်းသွားတာဟာ ဦးနှောက်တွင်း ရောင်ရမ်းမှု မြင့်တက်လာခြင်း၊ ပုံမှန်အိုမင်းရင့်ရော်မှု လက္ခဏာတွေ စတင်ပေါ်ပေါက်လာခြင်းတို့နဲ့ ထပ်တူ သွားတူနေတာကို တွေ့ ရပါတယ်။


Menin ပရိုတင်း ဆုံးရှုံးသွားတာဟာ အိုမင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးသက်သက်မဟုတ်ဘဲ အိုမင်းရင့်ရော်မှုကို "တက်ကြွစွာ မောင်းနှင်နေတဲ့အရာ" ဖြစ်ကြောင်း သက်သေပြဖို့အတွက် သုတေသနအဖွဲ့ဟာ သက်လတ်ပိုင်း ကြွက်တွေရဲ့ VMH အာရုံကြောဆဲလ်တွေမှာ Menin ပရိုတင်း မရှိတော့အောင် မျိုးရိုးဗီဇပြုပြင် ဖန်တီးခဲ့ကြပါတယ်။ ရလဒ်တွေကတော့ အံ့ဩစရာ ကောင်းလောက်အောင် သိသာခဲ့ပါတယ် -


  • အိုမင်းရင့်ရော်မှု မြန်ဆန်လာခြင်း: ကြွက်တွေမှာ ကြွက်သားမျှင် အရွယ်အစား သေးငယ်သွားခြင်း၊ အရိုးထုထည် လျော့နည်းလာခြင်းနဲ့ အရေပြား ပါးလွှာလာခြင်း အပါအဝင် အချိန်မတိုင်မီ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးတဲ့ လက္ခဏာတွေ အလျင်အမြန် ပေါ်ပေါက်လာပါတယ်။

  • မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျဆင်းခြင်း: ရေကန်ထဲမှာ ဖုံးကွယ်ထားတဲ့ ပလက်ဖောင်းကို ရှာခိုင်းတဲ့ စမ်းသပ်ချက်တွေလို မှတ်ဉာဏ်နဲ့ သင်ယူမှုစွမ်းရည် စမ်းသပ်ချက်တွေမှာ သိသိသာသာ ရုန်းကန်ခဲ့ရပါတယ်။

  • သက်တမ်းတိုသွားခြင်း: Menin ပရိုတင်း မရှိတော့တဲ့ ကြွက်တွေဟာ ပုံမှန်ကြွက်တွေနဲ့ ယှဉ်ရင် သက်တမ်း သိသိသာသာ တိုသွားတာကို တွေ့ရပါတယ်။


အိုမင်းခြင်းနာရီကို နောက်ပြန်လှည့်ခြင်း


ဒီလေ့လာမှုရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းကတော့ သုတေသီတွေဟာ အပေါ်ကအရာတွေ့ကို ပြောင်းပြန်လှန်ပြီး စမ်းသပ်မှုတခုပြုလုပ်လိုက်တဲ့ အချိန်ပါပဲ— 'အသက်ကြီးနေတဲ့ ကြွက်တွေကို Menin ပရိုတင်း ပြန်ထည့်ပေးရင် ဘာဖြစ်မလဲ?'


အသက်၁နှစ်နဲ့၈လရှိပြီဖြစ်တဲ့ (လူသားတွေရဲ့အသက်အရွယ်အရ အဘိုးအိုအရွယ်ရှိတဲ့) ကြွက်တွေရဲ့ ဟိုက်ပိုသလမတ်စ်ထဲကို ဗိုင်းရပ်စ်ဗက်တာ (Viral Vector) နည်းပညာ သုံးပြီး Menin ပရိုတင်း ပြန်လည်ဖြည့်တင်းပေးတဲ့အခါမှာတော့ အံ့မခန်း နောက်ပြန်လှည့်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပါတယ် -


  • သက်တမ်း ပိုရှည်လာခြင်း: ဒီပရိုတင်းကို ပြန်လည်ဖြည့်တင်းပေးခြင်းက တိရစ္ဆာန်တွေရဲ့ သက်တမ်းကို အောင်မြင်စွာ ပိုမိုရှည်ကြာစေခဲ့ပါတယ်။

  • ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နုပျိုလာခြင်း: ကုသမှုခံယူထားတဲ့ အသက်ကြီးကြွက်တွေရဲ့ အရေပြားအထူ၊ အရိုးထုထည်နဲ့ အမြီးကြွက်သား အကြောအခြင် ကျန်းမာရေးတွေ တိုးတက်ကောင်းမွန်လာတာကို ပြသခဲ့ပါတယ်။

  • ဦးနှောက် ပိုမိုထက်မြက်လာခြင်း: သူတို့ရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ နောက်ပြန်လှည့်သွားပြီး သင်ယူမှု၊ မှတ်ဉာဏ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ထိန်းနိုင်မှု စွမ်းရည်တွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။


D-Serine ဆက်သွယ်ချက်- မှတ်ဉာဏ်ပတ်လမ်းကို တွန်းအားပေးခြင်း


ဟိုက်ပိုသလမတ်စ်ထဲမှာရှိတဲ့ ပရိုတင်းက မှတ်ဉာဏ်တွေကို ထိန်းသိမ်းဖို့ ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ဘယ်လို ဆက်သွယ်ပြောဆိုနေတာလဲ? သုတေသီတွေက သပ်ရပ်လှပတဲ့ ကွင်းဆက်တုံ့ပြန်မှု (Chain Reaction) တစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။


Menin ပရိုတင်းဟာ PHGDH လို့ခေါ်တဲ့ အင်ဇိုင်းတစ်ခုကို (Epigenetically) ထိန်းချုပ်ပေးထားကြောင်းကို သိပ္ပံပညာရှင်တွေ့ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီအင်ဇိုင်းက D-serine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်(amino acid)တစ်မျိုးကို ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ D-serine ဆိုတာ ဦးနှောက်က အချင်းချင်း ဆက်သွယ်မှုအသစ်တွေ ဖန်တီးဖို့၊ သင်ယူဖို့နဲ့ မှတ်ဉာဏ်တွေ သိမ်းဆည်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာရုံကြောကူးပြောင်းပစ္စည်း (Neurotransmitter) တစ်မျိုး ဖြစ်ပါတယ်။


အသက်ကြီးလာလို့ Menin ပရိုတင်း ပျောက်ကွယ်သွားတဲ့အခါ PHGDH အင်ဇိုင်းပါ ကျဆင်းသွားပြီး၊ ဟိုက်ပိုသလမတ်စ်ကနေ မှတ်ဉာဏ်ဗဟိုချက်ဖြစ်တဲ့ ဟစ်ပိုကမ်းပတ်စ် (Hippocampus) ဆီကို သွားမယ့် D-serine ထောက်ပံ့ရေးလမ်းကြောင်းကြီး ပြတ်တောက်သွားပါတော့တယ်။ ရလဒ်အနေနဲ့ အာရုံကြောဆဲလ်အကိုင်းအခက်တွေ ခြောက်သွေ့သွားပြီး မှတ်ဉာဏ်စမ်းသပ်မှုတွေမှာ ကျရှုံးရပါတော့တယ်။


ထူးခြားတာကတော့၊ သိပ္ပံပညာရှင်တွေဟာ အသက်ကြီးကြွက်တွေရဲ့ သောက်ရေထဲမှာ D-serine ကိုပဲ ဖြည့်စွက်တိုက်ကျွေးလိုက်တဲ့အခါ၊ အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေ သက်သာကောင်းမွန်လာတာကို တွေ့ရပါတယ်။ D-serine ဟာ အရေပြားပါးလွှာတာ ဒါမှမဟုတ် ကြွက်သားဆုံးရှုံးတာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ အိုမင်းမှုလက္ခဏာတွေကို နောက်ပြန်မလှည့်နိုင်ပေမဲ့၊ သူတို့ရဲ့ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုတော့ တိုက်ရိုက် ပြန်လည်နုပျို လန်းဆန်းစေခဲ့ပါတယ်။


ဒါဟာ လူသားတွေအတွက် ဘာကို ဆိုလိုတာလဲ


ဒီသုတေသနကို ကြွက်တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပေမဲ့၊ အသက်ကြီးတဲ့ လူသားတွေရဲ့ သွေးရည်ကြည် (Serum) ထဲမှာရှိတဲ့ D-serine ပမာဏဟာလည်း လူငယ်တွေနဲ့ ယှဉ်ရင် သိသိသာသာ လျော့နည်းနေတာကို သုတေသနအဖွဲ့က သတိပြုမိခဲ့ပါတယ်။ ဒါဟာ လူသားတွေရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျဆင်းမှုနဲ့ ဦးနှောက်အိုမင်းမှု ဖြစ်စဉ်တွေမှာလည်း ဒီဇီဝကမ္မယန္တရားအတိုင်းပဲ ဖြစ်ပျက်နေနိုင်ခြေရှိတယ်ဆိုတာကို ညွှန်းဆိုနေပါတယ်။


ကျွန်တော်တို့အနေနဲ့ "နုပျိုခြင်းဆေးလုံး" ရဖို့ အရမ်းအလှမ်းဝေးနေသေးပေမဲ့၊ ဒီလေ့လာမှုက အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါဝေဒနာတွေကို ကုသတဲ့နေရာမှာ အမြင်သစ်တစ်ရပ်ကို ပေးစွမ်းလိုက်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတာ၊ အရိုးပွတာ ဒါမှမဟုတ် ကြွက်သားယိုယွင်းတာတွေကို တစ်ခုချင်းစီ လိုက်လံကုသနေမယ့်အစား—ဟိုက်ပိုသလမတ်စ်ထဲမှာရှိတဲ့ Menin ပရိုတင်းနဲ့ ၎င်းရဲ့ ဇီဝဖြစ်စဉ်လမ်းကြောင်းတွေလိုမျိုး—အိုမင်းရင့်ရော်မှုကို အဓိကချုပ်ကိုင်ထားတဲ့ ဗဟိုချက်မခလုတ်တွေကို ပစ်မှတ်ထားကုသခြင်းအားဖြင့် ခန္ဓာကိုယ်စနစ်တစ်ခုလုံး အိုမင်းရင့်ရော်မှုကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးနိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။


အဲဒီအချိန်မတိုင်ခင်အထိတော့၊ ဒီသုတေသနက ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ အလွန်နက်ရှိုင်းစွာ အပြန်အလှန် ဆက်နွှယ်နေပြီး၊ အသက်ရှည်ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်တွေဟာ ကျွန်တော်တို့ ဦးနှောက်ရဲ့ အဓိကထိန်းချုပ်ရေးဗဟိုချက်ထဲမှာ ပုန်းအောင်းနေနိုင်ကြောင်း စိတ်လှုပ်ရှားဖွယ် သတိပေးချက်တစ်ခု ဖြစ်နေပါတယ်။


*** ဦးနှောက်ထဲမှာ အိုမင်းရင့်ရော်မှုကို ဗဟိုကနေ ထိန်းချုပ်ထားတဲ့ ခလုတ်တစ်ခု ရှိတယ်ဆိုတဲ့ အယူအဆအပေါ် မိတ်ဆွေရော စိတ်ဝင်စားမိရဲ့လား? မိတ်ဆွေရဲ့အမြင်တွေကို အောက်က Comment မှာ မျှဝေပေးခဲ့ပါဦးနော်။


Disclaimer -ဤ Blog တွင် ဖော်ပြထားသော ဆေးပညာနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များအားလုံးသည် အထွေထွေဗဟုသုတအဆင့်သာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆရာဝန်တစ်ဦးဖြစ်သော်လည်း ဤနေရာတွင် ဖော်ပြထားသော အကြောင်းအရာများသည် ဖတ်ရှုသူနှင့် ကျွန်ုပ်အကြား "ဆရာဝန်နှင့် လူနာ" (Doctor-Patient Relationship) အဖြစ် တရားဝင်တည်ဆောက်ထားခြင်း မဟုတ်ပါ။ ဤစာမျက်နှာပါ အချက်အလက်များကို အခြေခံ၍ မိမိသဘောဖြင့် ရောဂါရှာဖွေခြင်း၊ ဆေးသောက်ခြင်း သို့မဟုတ် ကုသမှုခံယူခြင်းတို့ကို မပြုလုပ်ပါရန်နှင့် မိမိ၏ ကျန်းမာရေးအခြေအနေအလိုက် လိုအပ်သော ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များကို သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့်သာ ပြသတိုင်ပင်ပါရန် အသိပေးအပ်ပါသည်။


The Fountain of Youth in the Brain: How a Single Protein in the Hypothalamus Controls Aging



We have always thought of aging as an inevitable, full-body breakdown. Gray hair, slower reflexes, fading memory, and weaker bones seem like a collection of separate clocks ticking down simultaneously . But what if there is a master clock? What if a single brain region dictates how fast your body ages—and what if a single protein holds the key to slowing it down?

A groundbreaking study published in PLOS Biology, titled "Hypothalamic Menin regulates systemic aging and cognitive decline," suggests exactly that . A team of researchers has discovered that a protein called Menin, found within a specific pocket of the brain, acts as a critical valve controlling both our physical lifespan and cognitive vitality .

Here is a breakdown of how this "master switch" works and why it could change how we view longevity science.


The Hypothalamus: The Control Tower of Aging


The hypothalamus is a tiny but mighty brain region responsible for fundamental survival mechanisms like hunger, energy balance, and body temperature . But scientists have recently realized it also serves as an "arbiter" of systemic aging .

When we are young, the hypothalamus keeps chronic inflammation at bay . However, as time passes, a pro-inflammatory pathway (known as NF-κB) gradually activates in the hypothalamus . This low-grade, age-related inflammation begins driving the aging process throughout the entire body .

The researchers wanted to know: What is supposed to keep this inflammatory fire from starting in the first place?

The answer turned out to be a protein called Menin .


The Discovery: Menin Fades as We Age


By studying mice, the researchers noticed something striking: as the animals grew older, the level of Menin in the hypothalamus plummeted, particularly within a sub-region called the ventromedial nucleus (VMH) . This decline perfectly coincided with a spike in brain inflammation and the onset of standard aging symptoms .

To prove that Menin loss was actively driving aging rather than just being a side effect, the team engineered middle-aged mice to lack Menin specifically in their VMH neurons . The results were dramatic:


  • Accelerated Aging: The mice rapidly developed signs of premature physical decay, including reduced muscle fiber size, loss of bone mass, and thinned skin .

  • Cognitive Decline: They struggled severely on memory and learning tasks, like finding a hidden platform in a water maze .

  • Shorter Lifespan: Stripped of Menin, their lifespan dropped significantly compared to normal mice .


Turning Back the Clock

The most exciting part of the study came when researchers asked the reverse question: What happens if we give Menin back to old mice?

Using a specialized viral vector to deliver and restore Menin expression in the hypothalamus of 20-month-old mice (the equivalent of elderly humans), the researchers witnessed a remarkable reversal .

  • Extended Lifespan: Restoring the protein successfully prolonged the animals' lives .

  • Physical Rejuvenation: The treated elderly mice showed improvements in skin thickness, bone mass, and tail tendon health .

  • Sharper Brains: Their cognitive decline reversed; they demonstrated vastly improved learning, memory, and physical balance .


The D-Serine Connection: Fueling the Memory Circuit

How does a protein in the hypothalamus talk to the rest of the brain to preserve memory? The researchers mapped out an elegant chain reaction .

They found that Menin epigenetically controls an enzyme called PHGDH, which is responsible for producing an amino acid named D-serine . D-serine is a crucial neurotransmitter needed for synaptic plasticity—the brain's ability to forge strong connections, learn, and store memories .

When Menin vanishes with age, PHGDH drops, and the supply line of D-serine running from the hypothalamus to the hippocampus (the brain's memory hub) is cut off . This results in withered neuronal branches and failing cognitive tests .

Remarkably, when the scientists simply supplemented the mice's drinking water with D-serine, it rescued the age-related cognitive deficits . While D-serine didn't reverse the physical signs of aging like skin thinning or muscle loss, it directly rejuvenated their cognitive performance .


What This Means for Humans

While this research was conducted in mice, the team noted that D-serine levels are also significantly lower in the serum of elderly humans compared to younger individuals . This suggests that the same biological mechanism may be at play in human cognitive decline and brain aging .

We are still a long way from a "fountain of youth" pill, but this study reframes how we look at treating age-related conditions. Instead of fighting individual symptoms like cognitive decline, osteoporosis, or muscle wasting separately, targeting the underlying epigenetic master switches in the hypothalamus—like Menin and its metabolic pathways—could allow us to address systemic aging all at once .

Until then, this study serves as a fascinating reminder that our brains and bodies are profoundly interconnected, and the secrets to longevity might be hiding deep within our master control centers .


*** Do you find the concept of a centralized aging switch in the brain compelling? Let me know your thoughts in the comments below!


Medical Disclaimer: The information provided on this blog is for educational and informational purposes only and is not intended as a substitute for professional medical advice, diagnosis, or treatment. Always seek the advice of your physician or other qualified health provider with any questions you may have regarding a medical condition. Never disregard professional medical advice or delay in seeking it because of something you have read on this blog.


References;


Comments


bottom of page