The second Horseman: Cancer
- eternalhealthmd
- Jul 4
- 11 min read
The Second Horseman: Cancer (သေမင်းတမန် ဒုတိယမြောက် မြင်းစီးသူရဲ)
(English version is below)

လူသားတွေကို သေဆုံးစေတဲ့ အဓိက နာတာရှည်ရောဂါကြီး ၄ ခု (The Four Horsemen) ထဲမှာ "ကင်ဆာ (Cancer)" ဟာ ဒုတိယမြောက် မြင်းစီးသူရဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အများစုဟာ ကင်ဆာလို့ ပြောလိုက်ရင် အပြင်ကနေ ကူးစက်လာတဲ့ ပိုးမွှားတစ်ခုခုလို၊ ဒါမှမဟုတ် ရှောင်လွှဲမရတဲ့ ကံကြမ္မာဆိုးတစ်ခုလို ကြောက်လန့်တတ်ကြပါတယ်။
ကျနော်ဆေးခန်းမှာ ကြုံတွေ့ ဖူးတဲ့ အတွေ့အကြုံလေးတွေ့ မျှဝေပါရစေ။ Cancer stage 3 နဲ့ လည်ချောင်းကင်ဆာ ဖြစ်တဲ့ အသက် ၆၀ ကျော် လူကြီးတယောက်ကို အိမ်ကိုလိုက်ကြည့်ပေးဖို့ ကျနော်ကို ခေါ်လို့ လိုက်ကြည့်ဖူးပါတယ်။ ကျနော် စတွေ့တွေ့ ချင်းပဲ ထိုလူကြီးရဲ့ မျက်နှာဟာ ဖြူဖတ်ဖြူရော် နဲ့ သေမယ့်နေကိုထိုင်စောင့်နေရသလို မျှော် လင့်ချက်မဲ့နေပြီး အသက်မပါတော့တဲ့ အပြုံး တချက်နဲ့ ကျနော်ကို နှုတ်ဆက်ပါတယ်။ ကုတင်ဘေးမှာ ထိုင်နေတာက ထိုလူကြီးရဲ့ အမျိုးသမီးကလည်း မျက်တွင်းချောင်ချောင်နဲ့ မျက်ရည် ဝဲဝဲ နဲ့ ကျနော်ကို အားကိုးတဲ့ အမူအယာ အကြည့်နဲ့ပါ။ ထိုလူကြီးရဲ့ သားသမီးတွေ့ဟာ လည်း ပြုစုကုသရလို့ အားအင်ကုန်ခန်းပြီး မောပန်းနေကျတဲ့မျက်နှာနဲ့ မသေချာမရာတဲ့ သူတို့ ဖေဖေရဲ့ အနာဂတ် အတွက် စိုးရိမ်နေကျပါတယ်။
အဲလိုနဲ့ စကားစပြောဖြစ်ကျတယ်။ လူကြီး ရဲ့ သားသမီးတွေ ကဆိုပါတယ်။ ဆရာရယ် ကျမတို့မှာ လိုင်းပေါ်က ဟိုအရွက်ပြုတ်သောက်ရင် ကင်ဆာပျောက်တယ်။ ဘာမြစ်ကို တူးပြီးပျားရည် နဲ့ ဆေးဖော်စားရင် ကင်ဆာ ရောဂါ အမြစ်ပြတ်ပျောက်တယ် ဆိုလို့ စားတယ်။ ဗမာဆေးရော အင်္ဂလိပ် ဆေးရော စုံနေပါပြီ။ ကင်ဆာဖြစ်တယ် လို့ သိရကတည်းက ရန်ကုန်မှာ ကင်ဆာ ဆေးသွင်းတယ် ။ ကင်ဆာဆေးသွင်းပြီးတော့ ခန တော့ သက်သာလာသလိုနဲ့ ပြီးရင် ဖေဖေရောဂါက ပြန်ဖြစ်လာတာပဲ။ ကင်ဆာ ဆေးသွင်းတုန်းကလည်း ဆေးရဲ့ဆိုးကျိုးတွေ့ကို ခံလိုက်ရတာ အလူးအလဲပဲ။ ဒီတခါတော့ ဖေဖေက ဆေးထပ် မသွင်းချင်တော့ဘူးလို့ ပြောတယ် ဆရာ။ သေချင်လည်းသေပါစေတော့ ကံတရားပဲ လို့ပြောပါတယ် ဆရာ။
ကျနော် လူနာရှင်ကိုရော သူ့သားသမီးတွေကိုရော ဘာပြောရမလဲ မသိတော့ပါ။ ဆရာဝန်တစ်ဦးအနေနဲ့ ရောဂါကို အမြစ်ပြတ်အောင် မကုသပေးနိုင်တော့တဲ့အခါမျိုးမှာ အင်မတန် စိတ်မကောင်းဖြစ်ရသလို၊ တစ်ဖက်မှာလည်း လိုင်းပေါ်က ကောလာဟလ ဆေးမြီးတိုတွေနောက် လိုက်ရင်း ငွေကုန်လူပန်း ဖြစ်နေကြတဲ့ မိသားစုကိုကြည့်ပြီး ရင်ထဲမှာ အတော်လေး ခံစားရပါတယ်။
ဒါပေမဲ့ ကုသလို့မရတော့တဲ့ ကင်ဆာနောက်ဆုံးအဆင့် လူနာတွေအတွက် ရောဂါပျောက်ကင်းဖို့ (Cure) ထက် ပိုပြီး အရေးကြီးတဲ့အရာတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ Palliative Care (ဝေဒနာသက်သာချောင်ချိရေးကုထုံး) ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ရှုံးနိမ့်တော့မယ့် စစ်ပွဲတစ်ခုမှာ ကင်ဆာဆဲလ်တွေကို လိုက်သတ်ဖို့ပဲ ဇွတ်ကြိုးစားရင်း လူနာရဲ့ ကျန်ရှိတဲ့ သက်တမ်းကို ဆေးရုံကုတင်ပေါ်မှာ ဆေးဆိုးကျိုးတွေနဲ့ ငရဲကျသလို မဖြတ်သန်းစေသင့်ပါဘူး။ ဒီအချိန်မှာ ကုသမှုရဲ့ ပန်းတိုင် (Goal of Care) ကို ချက်ချင်း ပြောင်းလဲရပါမယ်။
နာကျင်မှု ကင်းဝေးစေခြင်း (Pain Management): ကင်ဆာဝေဒနာရှင်တွေ နောက်ဆုံးအချိန်မှာ အကြောက်ဆုံးက နာကျင်မှုပါ။ ခေတ်မီဆေးပညာမှာ နာကျင်မှုကို ထိရောက်စွာ ထိန်းချုပ်ပေးနိုင်တဲ့ ဆေးဝါးတွေ ရှိပါတယ်။ လူနာကို ကိုယ်ခန္ဓာ နာကျင်မှု ကင်းကင်းနဲ့ သက်တောင့်သက်သာ ရှိနေအောင် လုပ်ပေးခြင်းဟာ ပထမဆုံး ပန်းတိုင်ပါ။
ဘဝရဲ့ အရည်အသွေးကို မြှင့်တင်ခြင်း (Quality of Life): လူနာဟာ သေမယ့်ရက်ကို ထိုင်စောင့်နေရသူ မဟုတ်ပါဘူး။ မိမိနှစ်သက်တဲ့ အစားအစာကို အနည်းငယ်ဖြစ်စေ စားခွင့်ရခြင်း၊ မိသားစုနဲ့ စကားစမြည် ပြောနိုင်ခြင်း၊ စိတ်အေးချမ်းသာ ရှိခြင်း စတဲ့ "နေ့ရက်တိုင်းရဲ့ အရည်အသွေး" ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးရပါမယ်။
ဂုဏ်သိက္ခာရှိရှိ သက်တမ်းကုန်ဆုံးခွင့်ပေးခြင်း (Dying with Dignity): အဓိပ္ပာယ်မရှိတဲ့ ဆေးမြီးတိုတွေ၊ ဆိုးကျိုးများတဲ့ ကုထုံးတွေကို ရပ်တန့်ပြီး လူနာကို စိတ်ဖိစီးမှု ကင်းဝေးစေကာ မိသားစုရဲ့ မေတ္တာရိပ်မှာ နွေးနွေးထွေးထွေးနဲ့ ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခွင့် ပေးရပါမယ်။
အဲဒီနေ့က ကျနော် လူနာရဲ့ သားသမီးတွေကို အားပေးစကား ပြောဖြစ်ခဲ့ပါတယ်။ “ဖေဖေ့ကို ဆေးတွေနဲ့ ထပ်ပြီး အပင်ပန်းမခံပါနဲ့တော့။ အခုအချိန်မှာ ဖေဖေ အလိုချင်ဆုံးက ဆေးမြစ်တွေ မဟုတ်ပါဘူး၊ သားသမီးတွေရဲ့ ဘေးနားမှာ ရှိနေပေးမှုနဲ့ နွေးထွေးတဲ့ အပြုံးတွေပါ။ ဖေဖေ နာကျင်မှုမရှိဘဲ စိတ်အေးလက်အေး နေနိုင်ဖို့ပဲ ကျနော်တို့ အတူတူ ကြိုးစားကြရအောင်” လို့ ပြောခဲ့မိပါတယ်။
လူနာရှင်ရဲ့ ရာဇဝင်ကို အရ ငယ်ငယ် ကတည်း အရက်သောက်တယ်၊ ကွမ်းယာဝါးတယ် လို့ ဆိုပါတယ်။ အထူးသဖြင့် ကျနော်တို့ လူမျိုးတွေ့ သိကောင်းသိကျလိမ့်မယ်၊ မသိတဲ့ လူလည်းရှိလိမ့်မယ်။ ကွမ်းယာစားခြင်းက cancer ဖြစ်တယ် ဆိုတာပါ။ မိတ်ဆွေ အနေနဲ့ ပတ်ဝန်းကျင်ကြောင့် ဗီဇပြောင်းလဲခြင်း သိပ္ပံကို စိတ်ဝင်စားရင် ကျနော်ရေးထားတဲ့ ဆောင်းပါးကြီးရှိပါတယ်။ ဒီ link ကဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
ဝန်းနည်းစရာ ဇတ်လမ်းရဲ့ အဆုံးသတ်တခုပါပဲ။ ကမ္ဘာတစ်ဝှမ်းတွင် ကင်ဆာရောဂါဟာ သေဆုံးရခြင်း၏ ဒုတိယအများဆုံး အကြောင်းရင်းဖြစ်ပါတယ်။ ၎င်းဟာ ကမ္ဘာတစ်ဝှမ်းရှိ လူသေဆုံးမှု (၆) ဦးတွင် (၁) ဦးခန့်ကို ဖြစ်စေပြီး နှလုံးရောဂါပြီးလျှင် ဒုတိယအဖြစ်ဆုံး သေစေနိုင်သော ရောဂါကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း အဆုတ်၊ ရင်သား၊ အသည်းနှင့် သားအိမ်ခေါင်း ကင်ဆာများ အဖြစ်များဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးမှာတော့ ကင်ဆာ ကို ဘယ်လိုကုသရမလဲ ဆိုတာ ကို ပြောပြမှာမဟုတ်ပါဘူး။ တကယ်လို့ ကင်ဆာဖြစ်လို့ ကုသရရင်လည်းပျောက်ဆုံးဖို့ ရာခိုင်နှုန်း အတော်နည်းတာ ကို တွေ့ရပါတယ်။ အခုထိ အမြစ်ပြတ်ပျောက်တဲ့ဆေးလည်း မရှိသေးပါ။ ဒီတော့ ကင်ဆာရောဂါကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာ ကို ပဲ အဓိကပြောသွားမှာဖြစ်ပါတယ်။
Medicine 3.0 ရဲ့ အမြင်အရ ကင်ဆာရဲ့ တကယ့်အမှန်တရားက ဘာလဲဆိုတာပါ။ ကင်ဆာဆိုတာ အပြင်က ဝင်လာတဲ့ ရန်သူမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲက ကိုယ်ပိုင်ဆဲလ်တွေကပဲ စနစ်ကို သစ္စာဖောက်ပြီး ကိုယ့်ကိုပြန်သတ်တဲ့ "အိမ်တွင်းစစ် (Civil War)" ဖြစ်ပါတယ်။
🔬 Medicine 2.0 vs Medicine 3.0: အမြင်ချင်း မတူတဲ့ စစ်ပွဲနှစ်ခု

ယနေ့ခေတ် ကျွန်တော်တို့ သွားနေတဲ့ သမားရိုးကျ ဆေးပညာ (Medicine 2.0) ဟာ ကင်ဆာနဲ့ပတ်သက်ရင် ရှုံးမယ့်စစ်ကို ဆင်နွှဲနေရသလိုပါပဲ။ ခန္ဓာကိုယ်ထဲမှာ အကျိတ်ကြီး (Tumor) ထွက်လာပြီ၊ လက္ခဏာပြပြီဆိုမှ ဓာတ်ကင် (Radiation)၊ ဆေးသွင်း (Chemotherapy) စတာတွေနဲ့ လိုက်သတ်ကြပါတယ်။ ဒါဟာ အိမ်တစ်အိမ်လုံး မီးဟုန်းဟုန်းတောက်နေမှ ရေလိုက်ပက်သလိုမျိုး "Too Late" (နောက်ကျလွန်းနေပြီ) ဖြစ်ပါတယ်။
မီးမလောင်ခင် ကာကွယ်တဲ့ Medicine 3.0 ကတော့ အခြေခံမေးခွန်းကို ပြောင်းမေးပါတယ်။
"ဒီဆဲလ်တွေဟာ ဘာကြောင့် စနစ်ကို သစ္စာဖောက်ပြီး အကန့်အသတ်မရှိ ပွားများလာရတာလဲ?"
ဆဲလ်တွေ သစ္စာဖောက်ရတဲ့ အဓိက အကြောင်းရင်းကြီး ၂ ခု ရှိပါတယ်။
🧬 ကင်ဆာဆဲလ်တွေရဲ့ လျှို့ဝှက်ချက် (The Pathophysiology)
၁။ DNA သစ္စာဖောက်ခြင်း (Somatic Mutation Theory)
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းမှာ "ဘယ်အချိန်မှာ ပွားရမယ်၊ ဘယ်အချိန်မှာ အလုပ်ရပ်ပြီး သေပေးရမယ်" ဆိုတဲ့ Program (DNA code) ပါပြီးသားပါ။ ဒါကို Apoptosis (ဆဲလ်အလိုအလျောက် သေဆုံးခြင်း) လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတာ၊ အဆိပ်အတောက်တွေနဲ့ ကြုံရတာတွေကြောင့် DNA Damage (ဗီဇဗီပြောင်းလဲမှု) ဖြစ်တဲ့အခါ အဲဒီဆဲလ်ဟာ "မသေရတော့ဘူး" ဆိုတဲ့ Rule အမှားကြီးကို ရသွားပါတယ်။ အဲဒီကစပြီး အကန့်အသတ်မရှိ ဆက်တိုက်ပွားပြီး အကျိတ်ဖြစ်လာပါတော့တယ်။
၂။ စွမ်းအင်စနစ် ဖောက်ပြန်ခြင်း (The Warburg Effect)
ဒါကတော့ ဆောင်းပါးရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး Metabolic (ဇီဝကမ္မ) အလှည့်အပြောင်း ပါပဲ။ ၁၉၂၀ ကျော်ကတည်းက နိုဘယ်ဆုရ သိပ္ပံပညာရှင် Otto Warburg ရှာဖွေတွေ့ရှိခဲ့တဲ့အချက် ဖြစ်ပါတယ်။
ပုံမှန်ဆဲလ်တွေက အောက်ဆီဂျင်ကို သုံးပြီး မီတိုကွန်ဒရီးယား (Mitochondria) ထဲမှာ စွမ်းအင်ကို ထိရောက်စွာ ထုတ်လုပ်ကြပါတယ်။ ဒါပေမဲ့ ကင်ဆာဆဲလ်တွေကတော့ ထူးဆန်းပါတယ်။ သူတို့က အောက်ဆီဂျင် ရှိရက်သားနဲ့ အောက်ဆီဂျင်ကို မသုံးတော့ဘဲ ဂလူးကို့စ် (Sugar/Glucose) ကိုပဲ အချဉ်ဖောက်ပြီး (Aerobic Glycolysis) စွမ်းအင်ကို အလွန်အကျွံ သုံးစွဲပစ်လိုက်ကြပါတယ်။
ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေထက် သကြားဓာတ် (Glucose) ကို အဆပေါင်းများစွာ ပိုပြီး ငတ်မွတ်ကြပါတယ်။ သူတို့ ကြီးထွားဖို့အတွက် သကြားနဲ့ အင်ဆူလင် (Insulin) ဟာ အကောင်းဆုံး လောင်စာတွေ ဖြစ်နေလို့ပါပဲ။
📈 ကင်ဆာမြင်းရိုင်းကို အစာကျွေးနေတဲ့ အချက်များ (The Drivers)

ဒါဆို ကျွန်တော်တို့ နေ့စဉ် နေထိုင်စားသောက်မှု Lifestyle က ကင်ဆာကို ဘယ်လို အစာကျွေးနေမိသလဲ?
Hyperinsulinemia (အင်ဆူလင်ဟော်မုန်း အမြဲတက်နေခြင်း): သကြား အစားများတာ၊ Metabolic မကောင်းတာတွေကြောင့် သွေးထဲမှာ အင်ဆူလင်တွေ အမြဲတက်နေရင် ကင်ဆာဆဲလ်တွေ ပွားဖို့အတွက် "Growth Factor" ခလုတ်ကို နှိပ်ပေးထားသလို ဖြစ်နေပါတယ်။
Chronic Inflammation (နာတာရှည် ရောင်ရမ်းမှု): ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ စိတ်ဖိစီးမှုများတာတွေကြောင့် ခန္ဓာကိုယ်ထဲမှာ နာတာရှည် ရောင်ရမ်းမှုတွေ ဖြစ်နေခြင်းဟာ ကင်ဆာဆဲလ်လောင်းတွေ ပေါက်ပွားဖို့ "အကောင်းဆုံး မြေဩဇာ" ကျွေးထားသလိုပါပဲ။
🛡️ Medicine 3.0 Tactical Prevention: ကင်ဆာကို စစ်ကြေညာခြင်း

၁။ Metabolic Health ကို မြှင့်တင်ပြီး ကင်ဆာဆဲလ်ကို အစာဖြတ်ခြင်း
(Starving the Cancer) ကင်ဆာဆဲလ်တွေဟာ သကြားဓာတ် (Glucose) နဲ့ အင်ဆူလင် (Insulin) ကို အဓိကမှီခိုပြီး ကြီးထွားကြတာပါ။ Zone 2 training နဲ့ Strength Training တွေဟာ ခန္ဓာကိုယ်ရဲ့ Insulin Sensitivity ကို အမြင့်ဆုံးရောက်စေပြီး သွေးထဲက သကြားတွေကို ကြွက်သားတွေဆီ ဆွဲယူဖျက်ဆီးပစ်ပါတယ်။ ဒါဟာ ကင်ဆာဆဲလ်တွေ အကြောက်ဆုံးဖြစ်တဲ့ "အင်ဆူလင်ကျဆင်းခြင်း" နဲ့ "အစာပြတ်လတ်ခြင်း" Signal ကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ (zone 2 trainingကိုဘယ်လို စတင်လုပ်ဆောင်ရမလဲ ဆိုတာကို ဒီလင့် ကနေ ဝင်ရောက်လေ့လာလို့ရပါတယ်)
၂။ Autophagy (ဆဲလ်အမှိုက်သိမ်းစနစ်) ကို လှုံ့ဆော်ခြင်း ခန္ဓာကိုယ်ကို အချိန်အပိုင်းအခြားအလိုက် အာဟာရဖြတ်တောက်ပေးခြင်း (ဥပမာ- Fasting အစာရှောင်ခြင်း သို့မဟုတ် Carbohydrate Restriction လုပ်ခြင်း) ဟာ Autophagy လို့ခေါ်တဲ့ ဆဲလ်အမှိုက်သရိုက် ရှင်းလင်းရေးစနစ်ကို Activated ဖြစ်စေပါတယ်။ ဒီစနစ်က ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ DNA ပျက်စီးနေတဲ့ ဆဲလ်အို၊ ဆဲလ်နာတွေနဲ့ ကင်ဆာလောင်းအဆင့် ဆဲလ်အမှားတွေကို ရှာဖွေပြီး ဖျက်ဆီး/ဝါးမြိုပစ်လိုက်တာကြောင့် ကင်ဆာအကျိတ်အဆင့် မရောက်ခင် တင်ကြိုရှင်းလင်းပြီးသား ဖြစ်သွားစေပါတယ်။
၃။ နာတာရှည်ရောင်ရမ်းမှု (Chronic Inflammation) ကို ထိန်းချုပ်ခြင်း နာတာရှည်ရောင်ရမ်းမှုဟာ ကင်ဆာဆဲလ်တွေ မျိုးစေ့ချပြီး အမြစ်တွယ်ဖို့ အကောင်းဆုံး မြေဩဇာပါ။ အူလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ခြင်း (Gut Microbiome Optimization)၊ ပြုပြင်မွမ်းမံထားတဲ့ အစားအစာ (Ultra-processed foods) များနှင့် သကြားများကို ရှောင်ကြဉ်ခြင်း၊ ပြီးတော့ Omega-3 Fatty Acids လိုမျိုး Anti-inflammatory အာဟာရတွေကို ပြည့်ဝအောင် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ အခြေမချနိုင်အောင် ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်ရပါမယ်။
၄။ Sleep Hygiene အိပ်စက်ခြင်းဖြင့် DNA ကို ပြန်လည်ပြုပြင်ခြင်း
နေ့စဉ် အရည်အသွေးပြည့်ဝတဲ့ အိပ်စက်ခြင်း (Deep Sleep) ရရှိနေချိန်ဟာ ခန္ဓာကိုယ်က DNA Repair (ဗီဇဗီ ပြန်လည်ပြုပြင်ရေး) အလုပ်တွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်တဲ့ အချိန်ဖြစ်ပါတယ်။ တစ်နေ့ကို အိပ်စက်ချိန် အနည်းဆုံး ၇ နာရီကနေ ၈ နာရီအထိ စနစ်တကျ ရရှိအောင် ဖန်တီးခြင်းဟာ တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရတဲ့ ဆဲလ်အပျက်အစီးတွေကို ညဘက်မှာတင် အပြီးသတ် ပြန်ပြင်ခွင့်ရလိုက်တာမို့ Somatic Mutation (ဗီဇပြောင်းလဲမှု) ဖြစ်နိုင်ခြေကို အဆမတန် လျှော့ချပေးပါတယ်။
၅။ Early Screening & Liquid Biopsy (စောစီးစွာ ဒေတာရယူခြင်း)
Medicine 3.0 ရဲ့ အထူးခြားဆုံး လက်နက်ကတော့ ခန္ဓာကိုယ်ထဲမှာ အကျိတ်ကြီး မဖြစ်လာခင်၊ သမားရိုးကျ Scan တွေမှာ မမြင်ရခင်ကတည်းက ဆဲလ်အဆင့် DNA အပိုင်းအစတွေကို သွေးစစ်ပြီး ရှာဖွေတဲ့ Liquid Biopsy (ဥပမာ- Galleri Test) နဲ့ Early Screening နည်းပညာတွေကို သုံးစွဲခြင်း ဖြစ်ပါတယ်။
Liquid Biopsy (Galleri Test) ဟာ နည်းပညာအရ အရမ်းကောင်းမွန်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာတော့ လက်လှမ်းမီဖို့ ခက်ခဲသေးတဲ့အတွက် “ဒီလို ခေတ်မီစစ်ဆေးမှုတွေက ကမ္ဘာမှာ ပေါ်ပေါက်နေပြီဖြစ်သလို၊ မိမိတို့နိုင်ငံမှာလည်း လက်လှမ်းမီသမျှ ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း (ဥပမာ - အသက် ၅၀ ကျော်လျှင် အူမကြီးမှန်ပြောင်းကြည့်ခြင်း၊ အမျိုးသမီးများ သားအိမ်ခေါင်းအမြှေးပါး စစ်ဆေးခြင်း Pap Smear လုပ်ခြင်း)” စတဲ့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ Screening တွေကိုတော့ မြန်မာပြည်မှာတင် လုပ်ဆောင်နိုင်ပါတယ်။
ကင်ဆာကို အဆင့် (၁) မရောက်ခင် (သို့မဟုတ်) အဆင့် (၁) အစောပိုင်းမှာတင် သိရှိနိုင်မယ်ဆိုရင် အမြစ်ပြတ် ကုသနိုင်ခြေ (Cure Rate) ဟာ ၁၀၀% နီးပါး ရှိတာကြောင့် ခေတ်မီစစ်ဆေးမှုတွေနဲ့ တင်ကြိုဗျူဟာ ခင်းထားရပါမယ်။
၆။ လူနေမှုစနစ်ထဲက အဆိပ်အတောက်များကို ရှင်းလင်းခြင်း (Eliminating Lifestyle Carcinogens)
ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းနဲ့ အရက်သောက်ခြင်းတို့ဟာ ခန္ဓာကိုယ်ဆဲလ်တွေကို တိုက်ရိုက် DNA Damage ဖြစ်စေတဲ့ Carcinogens (ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ) ကို နေ့စဉ် အဆမတန် ကျွေးမွေးနေသလိုပါပဲ။
ဆေးလိပ်နဲ့ ကွမ်းယာ: ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ နီကိုတင်းတွေဟာ အဆုတ်၊ ခံတွင်းနဲ့ လည်ချောင်းက ဆဲလ်တွေကို Somatic Mutation (ဗီဇပြောင်းလဲမှု) ဖြစ်အောင် အတင်းတွန်းပို့နေတာပါ။
အရက် (Alcohol): ကတော့ ခန္ဓာကိုယ်ထဲရောက်ရင် Acetaldehyde ဆိုတဲ့ အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားပြီး DNA Repair စနစ်ကို လုံးဝ ပိတ်ဆို့ဖျက်ဆီးပစ်ပါတယ်။
ဒီအဆိပ်အတောက် ၃ ခုလုံးကို လုံးဝပြတ်တောက်အောင် ဖြတ်တောက်လိုက်ခြင်းဟာ ခန္ဓာကိုယ်ထဲကို ကင်ဆာမျိုးစေ့တွေ နေ့တိုင်းပက်ဖြန်းနေတာကို အမြစ်ကနေ ရပ်တန့်လိုက်တာနဲ့ တူတူပါပဲ။
🎯 Takeaway Message:
ဒီဆောင်းပါးကြီးကို ဖတ်ပြီးသွားတဲ့အခါ ကျွန်တော်တို့အားလုံး အိမ်ပြန်ယူသွားရမယ့် အဓိက အမှန်တရားတစ်ခု ရှိပါတယ်။ အဲဒါကတော့ "ကင်ဆာဆိုတာ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတတ်တဲ့ ကံကြမ္မာဆိုးတစ်ခု မဟုတ်ဘူး" ဆိုတာပါပဲ။
ကင်ဆာဆိုတဲ့ ဒုတိယမြောက် မြင်းစီးသူရဲဟာ ကျွန်တော်တို့ သွေးကြောထဲမှာ၊ ဆဲလ်တွေထဲမှာ နှစ်ပေါင်းများစွာ (၁၀ နှစ်ကနေ အနှစ် ၂၀ အထိ) တိတ်တဆိတ် ခြေရာဖျောက်ပြီး အကျိတ်ဖြစ်လာအောင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ သူ ကြီးထွားလာဖို့အတွက် လိုအပ်တဲ့ အစားအစာတွေဖြစ်တဲ့ သကြား၊ အင်ဆူလင် အလွန်အကျွံတက်ခြင်း၊ နာတာရှည်ရောင်ရမ်းမှု၊ ဆေးလိပ်၊ အရက်နဲ့ ကွမ်းယာ စတဲ့ လောင်စာတွေကို နေ့စဉ် ကျွေးမွေးမလား၊ ဒါမှမဟုတ် ပိတ်ဆို့တားဆီးမလား ဆိုတာ ကျွန်တော်တို့ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
အကျိတ်ဖြစ်လာမှ လိုက်သတ်ဖို့ မစောင့်ပါနဲ့။ မနက်ဖြန် Gym မှာ မလိုက်မယ့် အလေးတုံးတိုင်း၊ ညနေခင်း လေကောင်းလေသန့်ထဲမှာ လှမ်းလိုက်မယ့် ခြေလှမ်းတိုင်း၊ ဆေးလိပ်၊ အရက်၊ ကွမ်းကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ကင်ဆာဆဲလ်တွေကို အစာဖြတ်ပြီး ခန္ဓာကိုယ်ရဲ့ DNA ကို ပြန်ပြင်ဖို့ ပေးလိုက်တဲ့ အပြင်းထန်ဆုံးသော Biological Signals (ဇီဝကမ္မ အချက်ပြမှုများ) ပဲ ဖြစ်ပါတယ်။
သင့်ခန္ဓာကိုယ်ရဲ့ စစ်ဗိုလ်ချုပ်ဟာ သင်ကိုယ်တိုင်ပါပဲ။ ကင်ဆာမြင်းရိုင်းကို ကိုယ့်ခန္ဓာကိုယ်ထဲမှာ နေရာမပေးဘဲ နေ့စဉ် Lifestyle နဲ့ ကာကွယ်ပိတ်ဆို့ပြီး စစ်နိုင်တဲ့သူ ဖြစ်ကျပါစေ ခင်ဗျ.......
🐴 Cancer: The Second Horseman and The Medicine 3.0 Tactical Prevention Strategy

Among the four chronic diseases that serve as the leading causes of human mortality (The Four Horsemen), "Cancer" stands as the second rider. When most of us talk about cancer, we often fear it as if it were an infectious pathogen invading from the outside, or an unavoidable stroke of tragic fate.
Allow me to share a brief experience from my own clinical practice. I was once requested to conduct a home visit for an elderly patient in his 60s diagnosed with Stage 3 laryngeal cancer. The moment I met him, his face was pale and drained of life, as if he were merely sitting and waiting for his final days. He greeted me with a hollow smile that lacked any vitality. Sitting beside the bed was his wife, her eyes sunken and welling with tears, looking at me with a desperate plea for reliance. His children, too, bore faces exhausted and worn down from the grueling demands of caregiving, deeply anxious about their father's uncertain future.
And so, we began to talk. The patient's children shared:
"Doctor, we've tried everything. Someone online said drinking boiling water of a certain leaf cures cancer, and another said digging up a specific root and mixing it with honey eradicates it completely—so we fed him that. We've tried both traditional Burmese medicine and Western medicine; we've exhausted all options. Ever since the diagnosis, we took him to Yangon for chemotherapy. After chemo, he seemed to improve for a short while, but then the disease recurred. During the chemo cycles, he suffered tremendously from the side effects. This time, Dad says he doesn't want to go through chemotherapy again. He said, 'If I must die, let it be. It's just my fate,' Doctor."
At that moment, I found myself at a loss for words for both the patient and his children. As a physician, it is profoundly heartbreaking when you can no longer offer a cure for a disease. On the other hand, it is deeply painful to witness a family completely exhausted—both emotionally and financially—by chasing after unverified rumors and home remedies found online.
However, from the perspective of Medicine 3.0, when dealing with end-stage cancer patients where a cure is no longer viable, something far more important than a "Cure" takes precedence. That is Palliative Care.
We should not blindly force a patient to spend their remaining time on a hospital bed enduring hellish side effects just to desperately attack cancer cells in a losing war. At this juncture, the Goal of Care must immediately shift.
Pain Management: What cancer patients fear most in their final days is pain. Modern medicine possesses highly effective medications to control this. Ensuring the patient remains free from physical pain and is as comfortable as possible is our primary objective.
Enhancing Quality of Life: The patient is not someone just sitting around waiting to die. We must optimize the "quality of each day"—allowing them to enjoy even small bites of their favorite foods, converse with family, and find mental peace.
Dying with Dignity: By halting meaningless home remedies and toxic treatments, we must relieve the patient of unnecessary stress and allow them to spend their remaining time wrapped in the warmth and love of their family, passing away with dignity.
That day, I held the hands of the patient's children and offered these words of comfort: “Please do not put your father through any more exhausting treatments. Right now, what your father desires most is not medicinal roots; it is the presence and warm smiles of his children. Let us work together to ensure he can live out his days peacefully and free from pain.”
Looking into the patient’s history, he had consumed alcohol and chewed betel nut since his youth. Many in our community may already know this, but some might not: chewing betel nut directly causes cancer. If you are interested in the science of environmental genetic alteration, I have written a comprehensive article on it. You can read it via this link.
It is a heartbreaking conclusion to a story, yet reflective of a global reality. Worldwide, cancer is the second leading cause of death. It accounts for approximately 1 in 6 deaths globally, standing second only to heart disease. In Myanmar, lung, breast, liver, and cervical cancers are noted as the most prevalent. This article is not about how to treat cancer. Even with treatment, the statistical probability of complete eradication remains remarkably low once it develops, and a definitive cure does not yet exist. Therefore, this article focuses solely on how to prevent cancer.
What is the ultimate truth about cancer through the lens of Medicine 3.0? Cancer is not an external enemy invading the body. It is a "Civil War" where your own cells betray the system and turn inward to destroy you.
🔬 Medicine 2.0 vs Medicine 3.0: Two Different Warfare Philosophies

The conventional medicine we practice today (Medicine 2.0) approaches cancer as if fighting a losing battle. We tend to intervene with radiation and chemotherapy only after a massive tumor has manifested and symptoms appear. This is "Too Late"—the equivalent of splashing buckets of water only when the entire house is already engulfed in a raging fire.
In contrast, Medicine 3.0, which aims to prevent the fire before it starts, asks a fundamental question:
"Why did these cells betray the system and begin to proliferate without limitation?"
There are two primary reasons why cells turn traitor:
🧬 The Cellular Secret (The Pathophysiology)
The Betrayal of DNA (Somatic Mutation Theory): Every single cell in our body contains a pre-programmed code (DNA) that dictates exactly "when to replicate, and when to stop working and die." This programmed cell death is known as Apoptosis. However, due to aging and chronic exposure to toxins, DNA damage (somatic mutation) occurs, causing a cell to acquire a catastrophic glitch in its rules: "Do not die." From that point forward, it replicates uncontrollably, eventually forming a tumor.
Metabolic Dysfunction (The Warburg Effect): This is perhaps the most fascinating metabolic plot twist in oncology, discovered back in the 1920s by Nobel laureate Otto Warburg. Normal cells utilize oxygen to efficiently generate energy within the mitochondria. Cancer cells, however, exhibit a strange phenomenon. Even in the presence of ample oxygen, they bypass normal mitochondrial respiration and rely heavily on fermenting glucose (Aerobic Glycolysis) to generate energy in massive quantities.
Cancer cells are exponentially hungrier for glucose (sugar) than normal cells. Glucose and insulin serve as the absolute optimal fuels for their rapid proliferation.
📈 The Drivers Feeding the Wild Horse of Cancer

So, how does our daily lifestyle inadvertently feed this cancer engine?
Hyperinsulinemia (Chronically Elevated Insulin): Diets high in refined sugars and poor metabolic health keep insulin levels perpetually elevated. This acts as a constant "on" switch for growth factors that drive cancer cell proliferation.
Chronic Inflammation: A sedentary lifestyle and high stress levels create a state of chronic cellular inflammation. This acts as the "perfect fertilizer" for precancerous cells to take root and flourish.
🛡️ Medicine 3.0 Tactical Prevention: Declaring War on Cancer

1. Maximizing Metabolic Health to Starve the Cancer
Because cancer cells are heavily dependent on glucose and insulin to grow, metabolic optimization is key. Zone 2 training and Strength Training maximize the body’s insulin sensitivity, allowing muscles to efficiently pull glucose out of the bloodstream. This delivers the exact signals cancer cells dread most: "lowered insulin" and "nutrient deprivation." (You can learn how to get started with Zone 2 training via this link).
2. Stimulating Autophagy (The Cellular Recycling System)
Subjecting the body to periodic nutrient restriction (such as fasting or strict carbohydrate restriction) activates Autophagy—the body's internal cellular cleanup mechanism. This system actively hunts down, degrades, and consumes damaged DNA, senescent cells, and early-stage aberrant precancerous cells, clearing them out before they can ever coalesce into a tumor.
3. Controlling Chronic Inflammation
Chronic inflammation provides the ideal soil for cancer seeds to take root. We must alter this internal environment by optimizing gut microbiome health, strictly avoiding ultra-processed foods and refined sugars, and ensuring adequate intake of anti-inflammatory nutrients like Omega-3 fatty acids to prevent cancer cells from establishing a foothold.
4. Prioritizing Sleep Hygiene for DNA Repair
The hours spent in deep, high-quality sleep represent the exact window when the body aggressively executes DNA repair protocols. Consistently securing 7 to 8 hours of structured sleep per night allows the body to repair the cellular damage accumulated throughout the day, drastically reducing the probability of Somatic Mutations.
5. Early Screening & Liquid Biopsy (Proactive Data Acquisition)
One of the most advanced weapons of Medicine 3.0 is utilizing early screening technologies and liquid biopsies (such as the Galleri Test) to detect circulating tumor DNA fragments in the blood long before a mass forms or becomes visible on conventional scans.
While advanced liquid biopsies are currently difficult to access within the economic reality of Myanmar, we can bridge this gap by aggressively utilizing accessible, practical screening methods available locally—such as colonoscopies after age 50 or routine Pap smears for cervical cancer screening in women. Detecting cancer at Stage 0 or early Stage 1 yields a cure rate near 100%, making early proactive screening an indispensable strategy.
6. Eliminating Lifestyle Carcinogens
Smoking, chewing betel nut, and consuming alcohol subject body cells to direct DNA damage by continuously introducing potent carcinogens on a daily basis.
Smoking and Betel Nut: The chemical compounds and nicotine within them aggressively drive cells in the lungs, oral cavity, and pharynx toward Somatic Mutations.
Alcohol: Once metabolized in the body, alcohol converts into Acetaldehyde—a highly toxic compound that directly damages DNA and paralyzes the body's native DNA repair mechanisms.
Completely eliminating these three toxins entirely halts the daily spraying of cancerous seeds into your cellular environment.
🎯 Takeaway Message
The ultimate truth we must all take away from this article is this: "Cancer is not a sudden stroke of bad luck that appears out of nowhere."
The second horseman quietly treads through our bloodstream and cells for decades (anywhere from 10 to 20 years), meticulously preparing to manifest as a tumor. Whether we feed its growth with fuel like sugar, chronic hyperinsulinemia, chronic inflammation, smoking, alcohol, and betel nut, or choose to completely cut off its supply lines, remains entirely in our hands.
Do not wait for a tumor to appear to start fighting it. Every heavy weight you lift in the gym, every step you take in the fresh evening air, and every resolute decision to reject smoking, alcohol, and betel nut delivers the most potent Biological Signals to starve cancer cells and repair your DNA.
You are the commander of your own body. Master your daily lifestyle to block and defeat the wild horse of cancer before it ever takes root. May you all be victorious in this battle!

Comments